တရုတ်နိုင်ငံ၏ ရေကြောင်းချဲ့ထွင်မှုကို တန်ပြန်ရန် အင်ဒိုပစိဖိတ်ဒေသနိုင်ငံများ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သည့် အားထုတ်မှုအနေဖြင့် ကာကွယ်ရေးပစ္စည်းနှင့်နည်းပညာများကို ဗီယက်နမ်သို့ တင်ပို့မည့် သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးရန် ဂျပန်နိုင်ငံက စီစဉ်နေသည်။
သူ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သို့ လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယိုရှီဟိုက်ဒဲ ဆုဂါ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။ ထိုခရီးစဉ်အတွင်း ဗီယက်နမ်နှင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။
ထိုနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆုဂါ့၏ ဆွေးနွေးပွဲများတွင် အဓိကအကြောင်းအရာမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုများကို ရင်ဆိုင်နေရပြီး ဘေ့ဂျင်းသည် တောင်တရုတ်ပင်လယ်တွင် ကျွန်းများနှင့် စစ်ရေးတည်ဆောက်မှုများကို လုပ်ကိုင်နေသည်။ ထိုရေပိုင်နက်တွင် ဧပြီလအတွင်း တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်တစင်းက ဗီယက်နမ် ငါးဖမ်းသင်္ဘောကို ဝင်တိုက်ခဲ့သည်။
အာရှနှင့် အရှေ့အလယ်ပိုင်းကို ဆက်သွယ်သည့် အဓိက ပင်လယ်လမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်သည် ဂျပန်အမျိုးသားလုံခြုံရေးအပေါ် တိုက်ရိုက် ရိုက်ခတ်မှုရှိသည်။ ထိုရေပိုင်နက်တွင် တရုတ်နိုင်ငံကြောင့် ထိန်းသိမ်းလုပ်ကိုင်မှု ရှိစေရေး အားပေးရန် ဗီယက်နမ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံက ရည်ရွယ်သည်။
ဂျပန်နိုင်ငံသည် ကာကွယ်ရေးကိရိယာနှင့် နည်းပညာလွှဲပြောင်းမှု မူသုံးရပ်ဖြင့် လက်နက်တင်ပို့မှုပိတ်ပင်ခြင်းကို ၂၀၁၄ ခုနှစ်က ရုတ်သိမ်းခဲ့ပြီး ထိုမူသုံးရပ်တွင် ပဋိပက္ခဖြစ်နေသောနိုင်ငံသို့ လက်နက်များ မရောင်းချရေး၊ မည်သည့်လက်နက် လွှဲပြောင်းမှုမဆို ဂျပန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို အထောက်အကူပြုရေးနှင့် ဂျပန်နိုင်ငံထံမှ လက်နက်ဝယ်ယူရရှသည့် နိုင်ငံက တတိယကြားနိုင်ငံသို့ ထပ်မံ လွှဲပြောင်းပေးအပ်လျှင် ဂျပန်နိုင်ငံ၏ ကြိုတင်ခွင့်ပြုချက်ယူရေးတို့ ပါဝင်သည်။
ဆိုလိုသည်မှာ တရားဝင်သဘောတူညီချက်တွင် ထိုမူများကို လက်မခံသော နိုင်ငံများသို့ ဂျပန်က လက်နက်တင်ပို့မည်မဟုတ်ပေ။ ဂျပန်သည် အလားတူစာချုပ်များကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဖိလစ်ပိုင်နှင့် မလေးရှားအပါအဝင် အခြားနိုင်ငံ ၉ နိုင်ငံနှင့်လည်း ချုပ်ဆိုထားသည်။
ဂျပန်နိုင်ငံက တင်ပို့မည့်လက်နက်အသေးစိတ်သည် ဗီယက်နမ်နိုင်ငံက မည်သည်ကို လိုချင်သည်ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။
ဂျပန်နိုင်ငံသည် ပြည်ပတွင် ၎င်း၏ P-1 ကင်းလှည့်လေယာဉ်များနှင့် C-2 သယ်ယူပို့ဆောင်ရေး လေယာဉ်များကို အရောင်းမြှင့်တင်နေပြီး မီဆူဘီရှီ လျှပ်စစ်လုပ်ငန်းက ထုတ်လုပ်သည့် ကြိုတင်သတိပေးနှင့် ထိန်းချုပ်ရေး ရေဒါစနစ်ကို ဖိလစ်ပိုင်သို့ ရောင်းချရန် သြဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့သည်။
ဂျပန်နိုင်ငံသည် ပြည်ပတွင် ၎င်း၏ P-1 ကင်းလှည့်လေယာဉ်များနှင့် C-2 သယ်ယူပို့ဆောင်ရေး လေယာဉ်များကို အရောင်းမြှင့်တင်နေပြီး မီဆူဘီရှီ လျှပ်စစ်လုပ်ငန်းက ထုတ်လုပ်သည့် ကြိုတင်သတိပေးနှင့် ထိန်းချုပ်ရေး ရေဒါစနစ်ကို ဖိလစ်ပိုင်သို့ ရောင်းချရန် သြဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့သည်။
ကင်းလှည့်လေယာဉ်ကဲ့သို့သော ကိရိယာများထုတ်လုပ်ရာတွင် ဂျပန်ပြည်တွင်း ကုမ္ပဏီအများအပြား ပါဝင်ပတ်သက်နေသည်။ သို့သော် အချို့လုပ်ငန်းများမှာမူ လက်နက်ထုတ်လုပ်ခြင်းသည် အချိန်နှင့်ငွေများစွာ လိုသောကြောင့် ထိုကဏ္ဍမှ စတင် ထွက်ခွာနေကြသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသည် အခြားနိုင်ငံများနှင့် ပူးပေါင်း လက်နက်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့မှု မြှင့်တင်ခြင်းတို့ဖြင့် ထိုလုပ်ငန်းကဏ္ဍကို အားပေးရန်ကြိုးစားနေသည်။
၂၀၁၄ ခုနှစ်တွင် လက်နက်တင်ပို့မှု ပ်ိတ်ပင်ခြင်းကို ရုတ်သိမ်းပြီးချိန်မှ စတင်ပြီးနောက် ဂျပန်နိုင်ငံက တင်ပို့သည့် တခုတည်းသော ပြီးပြည့်စုံသည့် ကာကွယ်ရေးပစ္စည်းမှာ ဖိလစ်ပိုင်နှင့်ရေဒါရောင်းဝယ်ရေး စာချုပ်သာ ရှိသည်။ ဂျပန်အစိုးရသည် အရှေ့တောင်အာရှမှ ဝယ်လိုအားကို အသုံးချပြီး ကာကွယ်ရေးပစ္စည်းများ ရောင်းချရန် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း ဆွေးနွေးနေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ လက်နက်ဝယ်ယူမှု ၈၀ ရာခိုင်နှုန်းမှာ ရုရှားမှဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန၏ အဆိုအရ သိရသည်။ သို့သော် ဗီယက်နိုင်ငံသည် တရုတ်ကိုတုံ့ပြန်ရန် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့နှင့်လည်း လုံခြုံရေး ကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာပြီး ဗီယက်နမ်အနေဖြင့် လက်နက်ဝယ်ယူမှု ရင်းမြစ်များဖြန့်ထားရန် ဖျောင်းဖျနိုင်မည်ဟု ဂျပန်က မျှော်လင့်နေသည်။
ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှဒေသတခုလုံးအနေဖြင့်လည်း စီးပွားရေး လုံခြုံမှုမြှင့်တင်ရန် လုပ်ဆောင်နေပြီး ထိုသို့လုပ်ဆောင်ခြင်းသည် လွတ်လပ်ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသဖြစ်ရေးအတွက် အဓိကကျသည်ဟု ဂျပန်နိုင်ငံကမြင်သည်။ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်မှ လှုပ်ရှားမှုများကြောင့် ဒေသတွင်းမှ အချို့သော နိုင်ငံများသည် စိုးရ်ိမ်ပူပန်နေကြသော်လည်း အခြားနိုင်ငံအချို့မှာမူ တရုတ်ထံမှ စီးပွားရေး အထောက်အပံ့များကြောင့် တရုတ်နှင့် ပိုမိုနီးစပ်လာကြသည်။
ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများရှိ ဂျပန်သံရုံးများတွင် စစ်သံမှူး နှစ်ဦးစီ ထားရှိပြီး သတင်းအချက်အလက် စုဆောင်းရန်နှင့် နားလည်မှုရှိသော ဆက်ဆံရေးတည်ဆောက်ရန် လုပ်ဆောင်နေသည်။
ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများရှိ ဂျပန်သံရုံးများတွင် စစ်သံမှူး နှစ်ဦးစီ ထားရှိပြီး သတင်းအချက်အလက် စုဆောင်းရန်နှင့် နားလည်မှုရှိသော ဆက်ဆံရေးတည်ဆောက်ရန် လုပ်ဆောင်နေသည်။
ဂျပန်နိုင်ငံ၏ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု လေးကြိမ်ပြုလုပ်ခဲ့သည်။ ဂျပန်အစိုးရသည် အင်ဒိုနီးရှားနှင့် ဒုတိယအကြိမ်မြောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကျင်းပရန်လည်း စီစဉ်နေပြီး ကာကွယ်ရေး အာဏာပိုင်များအကြား အပြန်အလှန် သွားရောက်လည်ပတ်ရေးအတွက် ထိုင်းနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
လက်နက်တင်ပို့ခြင်းသည် ကာကွယ်ရေးအာဏာပိုင်များအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေသည့် နည်းလမ်းတခုဖြစ်သည်။ ဂျပန်နိုင်ငံသည် လေယာဉ်မှူးများကို လေ့ကျင့်ပေးရန်TC-90 လေယာဉ် ၅ စင်းနှင့် ဘက်စုံသုံးရဟတ်ယာဉ်အစိတ်အပိုင်းများကို ဖိလစ်ပိုင်သို့ လှူဒါန်းထားသည်။ ဂျပန်ကမ်းခြေစောင့်တပ်မှ ကင်းလှည့် ရေယာဉ်များကိုလည်း မလေးရှားသို့ ပေးအပ်ထားသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးကို အဓိကထား
အမေရိကန်နဲ့ တရုတ် ဘာကြောင့် စစ်မဖြစ်နိုင်သလဲ
တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်