• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဋိပက္ခမဖြစ်တဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်တချို့ကို မဲပေးခွင့်ပြုဖို့ တောင်းဆို

by ဆက်ပိုင်တိုး
19 October 2020
in သတင်း
A A
ရှမ်းပြည်နယ်ထဲတွင် လှုပ်ရှားနေတဲ့ RCSS/SSA အဖွဲ့ဝင်တဦး  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ်ထဲတွင် လှုပ်ရှားနေတဲ့ RCSS/SSA အဖွဲ့ဝင်တဦး / ကျော်ခ / ဧရာဝတီ

18.1k
VIEWS
Share on FacebookShare on Twitter

လာမယ့်ရွေးကောက်ပွဲမှာ ကျင်းပခွင့်ပိတ်ပင်ခံလိုက်ရတဲ့ မဲဆန္ဒနယ်မြေတွေထဲက စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုမရှိတဲ့ မြို့နယ်နှင့်ကျေးရွာတွေကိုတော့ မဲပေးပိုင်ခွင့်မဆုံးရှုံးအောင် ပြန်လည်စိစစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။

ရှမ်းပြည်နယ်တခုလုံးတွင် ပုံမှန်ပိတ်ပင်ခံနေရတဲ့ မဲဆန္ဒနယ်မြေတွေထက် အခုလာမယ့်ရွေးကောက်ပွဲမှာ ကျေးရွာအုပ်စုပေါင်း (၁၀၀) ကျော်ကို တိုးမြှင့်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
77
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
35
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
95

အဲဒီတိုးမြှင့်ခြင်းခံလိုက်ရတဲ့ ကျေးရွာအုပ်စုတွေဟာ စစ်ရေးပဋိပက္ခဖြစ်ပွားနေပြီး မငြိမ်မသက်ဖြစ်နေတဲ့ အနက်ရောင်နယ်မြေတွေ မဟုတ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လှုပ်ရှားနယ်မြေတွေ ဖြစ်ပြီး လက်နက်ကိုင်တွေ ဝင်ထွက်သွားလာနေကြတဲ့ ကျေးရွာအုပ်စုတွေ ဖြစ်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ခံခဲ့ရတဲ့ထဲမှာပါဝင်တဲ့ ရှမ်ပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းလှဝင်း က “ဒီမှာရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတော့ မသိတဲ့အဝေးကသူတွေက ဦးလေးတို့ရွာကို အနက်ရောင်နယ်မြေကြီးလို့ ထင်သွားကြမှာ။ တကယ်က အဲလိုမဟုတ်ဘူး။ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေလဲ အမြဲဝင်ထွက်ရှိနေတာပဲလေ။ အဲတော့ ပါတီတွေအနေနဲ့ပြန်လည်တောင်းဆိုပေးဖို့တော့ မျှော်လင့်တယ်” လို့ ဆိုပါတယ်။

မန္တလေးတိုင်းနှင့်ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းထဲက ကျောက်မဲမြို့နယ်မှာ ကျေးရွာအုပ်စု ၁၂ စုကို အခုရွေးကောက်ပွဲမှာမှ ပထမဆုံးအကြိမ်ကျင်းပခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီအပြင် ကျောက်မဲမြို့နယ် အနောက်ဘက်ခြမ်းမှာထိစပ်နေတဲ့ နောင်ချိုမြို့နယ်နှင့် မြောက်ဘက်မှာ ထိစပ်နေတဲ့ ပလောင်တိုင်းရင်းသားဒေသ နမ့်ဆန်မြို့နယ်တွေမှာလည်း ကျေးရွာအုပ်စု ၄ စုကိုပိတ်ပင်ခဲ့တဲ့အပြင် တောင်ဘက်မှာနယ်မြေခြင်းထိစပ်နေတဲ့ မိုင်းကိုင်မြို့နယ်ကိုတော့ တမြို့နယ်လုံး ကျင်းပခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

အဲဒီထိစပ်မြို့နယ်တလျှောက်မှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ အစိုးရတပ်မတော်တို့ ဝင်ထွက်သွားလာနေတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီက ၂၀၁၅ တုန်းက ရွေးကောက်ပွဲအခြေအနေကို ကြည့်သလားပေါ့။ ဆိုလိုတာက သူတို့ မနိုင်နိုင်တဲ့နေရာတွေကို ပယ်ဖျက်လိုက်သလားဆိုတဲ့ မှတ်ချက်လေးတွေ တွေ့လာတယ်

RCSS အဖွဲ့ လွှမ်းမိုးထားတဲ့ မိုင်းကိုင်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံသူတွေများပြားပြီး လက်ရှိအချိန်မှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွားမှု မရှိတဲ့မြို့နယ်တခုဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ပါတီ ၆ ခုဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၅ ပါတီက လွတ်လွတ်လပ်လပ်မဲဆွယ်ခွင့်ရှိခဲ့ပေမဲ့ RCSS အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် တအာင်းပအမျိုးသားပါတီ (TNP) ကတော့ မဲဆွယ်စည်းရုံးခွင့် ဆုံးရှူံးခဲ့ရပါတယ်။

မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာဒေသခံ စိုင်းပီး က “ဒီမှာက ဘာစစ်ပွဲမှ မရှိဘူး။ အဲဒါကို တမြို့နယ်လုံး မဲမထည့်ရတော့ဘူးဆိုတော့ ဒါသက်သက်ညစ်တာလို့ပဲ ယူဆတယ်။ ပြည်သူလူထုအခွင့်အရေးမဆုံးရှုံးအောင် နိုင်ငံ့အကြီးအကဲတွေအနေနဲ့ ငဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုးမြှင့်ပိတ်ပင်ခံလိုက်ရတဲ့ မဲဆန္ဒနယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဌာနေတိုင်းရင်းသားပါတီတွေကိုသာ ထောက်ခံအားပေးတဲ့ နယ်မြေတွေဖြစ်နေပါတယ်။ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေကလိုလားတဲ့ ပါတီတွေကသာ နိုင်ခြေများတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က “လက်ရှိအာဏာရပါတီက ၂၀၁၅ တုန်းက ရွေးကောက်ပွဲအခြေအနေကို ကြည့်သလားပေါ့။ ဆိုလိုတာက သူတို့ မနိုင်နိုင်တဲ့နေရာတွေကို ပယ်ဖျက်လိုက်သလားဆိုတဲ့ မှတ်ချက်လေးတွေ တွေ့လာတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပဖူးတဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလိုနေရာမျိုးကို ခုချိန်မှာပိတ်ပင်တာပြဿနာမရှိပေမဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲအဆက်ဆက် ကျင်းပခဲ့တဲ့ မဲဆန္ဒနယ်တွေကိုပါ ကျင်းပခွင့်ပိတ်ပင်လိုက်တာကိုတော့ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်အရွေးအချယ်ခံတဲ့ ကိုယ်စားလှယ်တွေက (UEC) အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

၂၀၂၀ မှာမှ ပိတ်ပင်လိုက်တဲ့နေရာတွေကို ဘာကြောင့်ကျင်းပခွင့် မပြုတော့တာလဲ၊ ဘယ်အရင်းအမြစ်ကို အခြေခံပြီး အခုလိုဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားလွှတ်တော်မှာ ဝင်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း နန်းမွန်းစိန် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခအနည်းဆုံးဖြစ်ပွားရာနေရာဖြစ်တဲ့ လားရှိုးခရိုင်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျေးရွာအုပ်စု ၈ စုကိုသာ ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ခဲ့သော်လည်း ၂၀၂၀ မှာတော့ ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်စုအထိ ပိတ်ပင်လိုက်ပါတယ်။

လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးအောင်စိုးမင်း က “၂၀၁၅ တုန်းက မကျင်းပဖြစ်ခဲ့တဲ့ စာရင်းအတိုင်းစိစစ်ပြီး အထက်ကိုတင်ပြခဲ့တယ်။ အဲစာရင်းက ပါတီတွေအတွက်လည်း အဆင်ပြေတယ်လေ။ ပြန်ကျလာတော့ ၁၈ အုပ်စုဖြစ်နေတယ်။ ဒါကလည်း ဆက်စပ်ဝန်ကြီးဌာနတွေရဲ့ တင်ပြချက်တွေနဲ့ ဆုံးဖြတ်ချက်ချပုံရတယ်” လို့ ဆိုပါတယ်။

ထပ်တိုးလိုက်တဲ့ ကျေးရွာအုပ်စုတွေက စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေလို့ မဆိုနိုင်ပေမဲ့ အစိုးရအုပ်ချုပ်မှုယန္တရား ကောင်းမွန်ထိရောက်မှု မရှိတဲ့နယ်မြေတွေလို့ ဆိုနိုင်ကြောင်း ၎င်းကဆက်ပြောပါတယ်။

အခုလိုမကျင်းပပေးနိုင်တဲ့ နေရာတွေများလာတာကလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ ယတိပြတ်ကောက်ချက်ဆွဲဖို့ ခက်ခဲကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က သုံးသပ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မိုင်းရှူးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ပေမဲ့ နောင်မှာ သီးသန့်ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။ အခု ၂၀၂၀ ပွဲမှာ မကျင်းပနိုင်တဲ့နေရာတွေမှာလည်း ရွေးကောက်ပွဲ ရလာဒ်အပြီးမှာမှ ပြန်လည်ကျင်းပခွင့်ပေးပါက အဲဒီမဲဆန္ဒနယ်တွေဟာ အရေးပါတဲ့နေရာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်လာကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က “မကျင်းပနိုင်တဲ့ နယ်မြေတွေများသွားတယ်ဆိုရင် နိုင်ငံတော်သမ္မတရွေးတဲ့အချိန်မှာ NLD အနေနဲ့ မဲပြတ်ပြတ်သားသား မနိုင်ဘူးဆိုရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့နေရာတွေက အရေးပါတယ်လို့ ပြောရမယ်” လို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မြောင်းပိုင်းအတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၄ သိန်းကျော် ရှိပါတယ်။

You may also like these stories:

ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခြင်းမှာ ပါတီပုံရိပ်ကြောင့်ဟု ဆို

တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

Your Thoughts …
Tags: UECရွေးကောက်ပွဲရှမ်းပြည်နယ်
ဆက်ပိုင်တိုး

ဆက်ပိုင်တိုး

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.3k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း / Saung Eaindray Tun's Facebook

ကိုဗစ်ကာလမှာလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့ ဆောင်းအိန္ဒြေထွန်း

မြ၀တီ – မဲဆောက် ကုန်သွယ်ရေး တပတ်ကြာ ရပ်နားမှု ပြန်ဖွင့်နိုင်ဖို့ မသေချာ

မြ၀တီ - မဲဆောက် ကုန်သွယ်ရေး တပတ်ကြာ ရပ်နားမှု ပြန်ဖွင့်နိုင်ဖို့ မသေချာ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate