• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်

by နန်းလွင်နှင်းပွင့်
20 October 2020
in သတင်း
A A
AA လက်နက်ကိုင် အဖွဲ့၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသော ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော၊ ဦးမင်းအောင်  / ULA/AA

AA လက်နက်ကိုင် အဖွဲ့၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသော ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော၊ ဦးမင်းအောင် / ULA/AA

63.8k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က ဖမ်းဆီးအကျဉ်းချကာ တရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်နိုင်ငံရေးသမား၊ အရပ်သားများ နှင့် ကျောင်းသားများကို ပြန်လွှတ်ပေးမှ တောင်ကုတ်မြို့နယ်မှ ဖမ်းဆီးထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည် ဟု ရက္ခိုင် စစ်တပ် (AA) က ထုတ်ပြန်လိုက်သည်။

AA က “တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ၃ ဦးအား ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထုတ်ပြန်ချက်” ဟူသည့် ထုတ်ပြန်ချက် တစောင်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
30
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
147
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
611

AA ၏ ထုတ်ပြန်ချက်တွင် “NLD အစိုးရအနေဖြင့် မတရား ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ရခိုင် ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမည်” ဟု ရေးသားထားသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “ဒီလူတွေက တော်လှန်ရေးကို နှောင့်ယှက်ရုံတင် မကဘူး။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေကို ဗမာဖက်ဆစ် အကြမ်းဖက် စစ်တပ်နဲ့ ပူးပေါင်းပြီး မတရား နှိပ်စက် ညှင်းပမ်းတာ၊ သတ်ဖြတ် တာကို လုပ်တယ်။ သူတို့ NLD ကို မထောက်ခံသူတွေကို ဗမာစစ်တပ်ဆီ သတင်းအမှားတွေ ပေးပြီး မတရား ဖမ်းဆီးနှိပ် စက်တာ၊ သတ်ဖြတ်တာတွေ လုပ်တယ်။ ရခိုင်ပြည်သူတွေရဲ့မဲကို ယူပြီး ရခိုင်ပြည်သူတွေကို ပြန် ဒုက္ခပေးနေတာ” ဟု စွပ်စွဲ ပြောဆိုသည်။

ကိုယ်စားလှယ်လောင်း ၃ ဦး ဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော၊ ဦးမင်းအောင် တို့ကို NLD ပါတီအလံ၊ ပါတီဝင်များ ၏ ဖုန်းများနှင့် ပါတီ စည်းရုံးရေး လက်ကမ်း စာစောင်များကို တရားခံမိရာတွင် သက်သေပစ္စည်းများနှင့်တကွ ရိုက်သည့် ပုံစံ အနေအထားမျိုးဖြင့် ရိုက်ယူထားသည့် ဓာတ်ပုံကိုလည်း AA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

“NLD အစိုးရအနေဖြင့် မတရား ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ရခိုင် ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမည်”

ဖမ်းဆီးခံထားရသည့် ၃ ဦး အနက် ဒေါ်နီနီမေမြင့်နှင့် ဦးမင်းအောင် သည်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေး ကောက်ခံထားရပြီး လက်ရှိအချိန်ထိ တောင်ကုတ်မြို့နယ်၏ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သည်။

AA က NLD နိုင်ငံရေးသမားများ အနေဖြင့် ရခိုင်လူထု၏ မဲဖြင့် အနိုင်ရလာပြီး လွှတ်တော်တွင်း ရောက်လာသော်လည်း စစ်ဘေးဒဏ် ခံနေရသည့် ပြည်သူများအရေးကို လွှတ်တော်တွင်း ပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေသည့်အပြင် အရပ် သားများ ဖမ်းဆီး နှိပ်စက်ခံရအောင် ပါတီ ဗဟိုအစိုးရနှင့် တပ်မတော်ထံ သတင်းပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

ဦးခိုင်သုခက “ရခိုင် ဒေသခံတွေကို သစ္စာဖောက်တာ ဖြစ်တယ်။ ဗမာ အစိုးရနဲ့ ဗမာစစ်တပ်ရဲ့လက်ကိုင်တုတ် လုပ်တာ၊ ရခိုင်သမိုင်းနဲ့ ရခိုင်ဂုဏ်သိက္ခာကို နင်းချေတာ ဖြစ်တယ်။ မွေးရပ်မြေ ရခိုင်ဒေသကို သစ္စာဖောက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီလူတွေကို ကျနော်တို့က လိုအပ်သလို ခေါ်ယူ စစ်ဆေးရတာ ဖြစ်တယ်” ဟုလည်း ပြောဆိုသည်။

တပ်မတော်ကို သတင်းပေးပြီး ရခိုင်ပြည်သူ လူထုကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်သည်ဟု AA ၏ ပြောဆို ချက်နှင့် ပတ်သက်၍ မည်သည့် အကြောင်းအရာ၊ အဖြစ်အပျက်များပေါ်တွင် အခြေခံ၍ ပြောဆိုသည်ကို ဦးခိုင်သုခ က ခိုင်လုံသည့် အချက်များနှင့် ရှင်းပြခြင်း မရှိသဖြင့် ဧရာဝတီမှ သီး ခြား အတည်ပြုနိုင်ခြင်း မရှိပါ။

AA ၏ ထုတ်ပြန်ချက်တွင်လည်း ကိုယ်စားလှယ်လောင်း ၃ ဦးကို မကျေနပ်ရသည့် အကြောင်းအရာ အသေးစိတ်၊ ဖြစ်စဉ် များကို ဖော်ပြထားခြင်း မရှိပါ။

တပ်မတော်ထံ သတင်းပေးမှုများ ပြုလုပ်သည်ဟု စွပ်စွဲထားချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တွေ့ရာနေရာ၊ တွေ့ရာလူတွေကိုလည်း သုံးစရာ အကြောင်း မရှိဘူး။ သုံးတယ် ဆိုရင်လည်း သတင်း အမှားတွေပဲ ရမှာ။ သတင်းအမှားဆို ကိုယ့်ဘက်တောင် ပိုပြီး အန္တရာယ်များသေးတယ်။ အနှစ်ချုပ် ပြောလိုတာက တပ်မတော်တိုင်းက သတင်းတွေနဲ့ ပတ်သက်ပြီး ရန်သူ့သတင်း စုံစမ်းထောက်လှမ်းမှု အမြဲတမ်း လုပ်တယ်။ တပ်မတော် တိုင်း လုပ်ပေမယ့် လူကိုသုံးတာ၊ နည်းပညာသုံးတာ ရှိတယ်။ လူကို သုံးတဲ့အခါမှာ စနစ်တကျ သင်ကြားပို့ချ လေ့ကျင့်ပြီး တဲ့ လူတွေကိုပဲ သုံးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ULA/AA အဖွဲ့က ကိုယ်စားလှယ်သုံးဦးအား ဖမ်းဆီးစဉ် NLD ပါတီ အောင်နိုင်ရေး လှည့်လည်သူများထံမှ ခြိမ်းခြောက် သိမ်းဆည်းခဲ့သော ဖုန်းများနှင့် အခြားပစ္စည်းများ (ဓာတ်ပုံ – ULA/AA)

NLD ၏ ဗဟို ကော်မတီဝင် ဒေါက်တာ မျိုးညွှန့်က AA ၏ ထုတ်ပြန်ချက်ပါ ပြောဆိုချက်မှာ လွတ်လပ်သည့် တရားရုံးတွင် စစ်ဆေးထားသည့် အချက် မဟုတ်ဘဲ လက်နက်ဖြင့် ဖမ်းဆီးထားပြီးမှ စွပ်စွဲထားခြင်းသာ ဖြစ်ပါသည်ဟု ပြောသည်။

ဒေါက်တာ မျိုးညွန့် က “ကိုယ်စားလှယ်လောင်းတွေ ပြန်လွတ်လာရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ကိုယ်စားလှယ် လောင်းတွေက တည်ဆဲ အစိုးရရဲ့ ဥပဒေနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ယူဆချက်တွေနဲ့ မကိုက်ညီရုံမျှ ဖမ်းဆီးမယ်၊ တစုံတရာ အပြစ်ပေးမယ် ဆိုရင်တော့ လုံးဝ သင့်လျှော်မှာ မဟုတ်ဘူးလို့ ကျနော်တို့က ပြောချင်ပါတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာ မျိုးညွန့်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ နိုင်ငံရေး ပြဿ နာ ဖြစ်သဖြင့် နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းသင့်ပြီး လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းနေပါက ဒေသခံပြည်သူကသာ နစ်နာ မည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် ဖမ်းဆီးထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းကြောင်း ဝန်ခံချက်အပြင် ရခိုင် ပြည်နယ်ရှိ NLD နိုင်ငံရေးသမားများက ရခိုင့်တော်လှန်ရေးကို ဖျက်ဆီးရန် ကြိုးစားနေသည် ဟု ရေးသားထားပြီး NLD က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကတိပေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပျက် ကွက်သည် ဟုလည်း ဆိုထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံကို “အောင်ဆန်းစုကြည်” ဟုသာ သုံးနှုန်းထားသည့်အပြင် NLD ဗဟို အစိုးရကို “ဒီမိုကရေစီ အာဏာရှင် အစိုးရ” ဟုလည်း ရေးသားထားသည်။

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအစိုးရအဖွဲ့ကိုလည်း ရခိုင်ပြည်သူများအား မတရား ဖမ်းဆီးနှိပ်စက်ရန် တပ်မတော်ကို ထောက်ခံ အားပေးနေသူ၊ ကြံရာပါ ကျူးလွန်သူ၊ ရခိုင်လူထု အပေါ် တာဝန်မဲ့သူ၊ စစ် ရာဇဝတ်မှု ကျူးလွန်နေသည်များကို အကာအကွယ် ပေးနေသည်ဟု ရေးသားထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံကို “အောင်ဆန်းစုကြည်” ဟုသာ သုံးနှုန်းထားသည့်အပြင် NLD ဗဟို အစိုးရကို “ဒီမိုကရေစီ အာဏာရှင် အစိုးရ” ဟုလည်း ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နိုင်ငံရေးခြားရေး ဝန်ကြီးဌာနကလည်း ရခိုင် ပြည်နယ်တွင်း တပ်မတော်က ပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များကျပြီး အရပ်သား သေဆုံး မှုများ၊ ထိခိုက်မှုများကို AA က ရပ်ရွာအတွင်း ဝင်နေသဖြင့် ပစ်ရခြင်း ဖြစ်သည်ဟူသည့် သတင်းအမှားများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံရုံးများထံသို့ ပေးပို့နေသည် ဟုလည်း AA က ပြောဆိုထားသည်။

တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ယနေ့ ညနေ ၄ နာရီအထိ ရခိုင်တွင် ပဋိပက္ခကြား အရပ်သား သေဆုံးမှု ၃၀၁ ဦး၊ ဒဏ်ရာရသူ ၆၆၈ ဦး ရှိသည့်အပြင် ဖမ်းဆီး စစ်ဆေးခံရသူများ၊ တရားစွဲဆို ခံရသူများမှာ လူဦးရေ ၄၀၀ ကျော် အထိ ရှိနေသည် ဟု ပြောသည်။

ပဋိပက္ခကြား ရခိုင်လူထု အထိနာနေသည့်အပြင် NLD ပါတီ ဦးဆောင်သည့် ဗဟိုအစိုးရက AA ကို အကြမ်းဖက် ဟု ကြေ ညာပြီး တပ်မတော်ကို ချီးကျူးဂုဏ်ပြုမှုများ လုပ်သည့် လုပ်ရပ်များက မကျေလည်မှုများကို ပိုတိုးစေခဲ့သည်ဟု ဦးမောင် မောင်စိုးက သုံးသပ်ပြောဆိုသည်။

“တဖက်နဲ့တဖက် နာကြည်းစရာတွေ ဖြစ်လာတော့ မျက်လုံး တလုံးအတွက် မျက်လုံးတလုံး၊ သွားတချောင်းအတွက် သွား တချောင်းဆိုတဲ့ ဟမ်မူရာဘီ ဥပဒေသ ထွက်လာတာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ သူတို့ လူတွေ ပြန်မလွှတ်ရင် ဖမ်းထားတာလည်း ပြန်မလွှတ်ဘူး ဆိုတာတွေ ဖြစ်လာတယ်။ ပိုပြီး တင်းမာလာတယ်။ လောလောဆယ်မှာ တဖက်က လည်း မလျှော့ဘူးဆိုရင် ရခိုင်မှာ ပိုမိုတင်းမာပြီးတော့ တဖက်နဲ့တဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြမယ့် သဘောဖြစ် လာတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

NLD ပါတီ ဦးဆောင်သည့် ဗဟိုအစိုးရက AA ကို အကြမ်းဖက် ဟု ကြေ ညာပြီး တပ်မတော်ကို ချီးကျူးဂုဏ်ပြုမှုများ လုပ်သည့် လုပ်ရပ်များက မကျေလည်မှုများကို ပိုတိုးစေခဲ့သည်

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် အခြေအနေများ၊ တင်းမာမှုများကို လျှော့ချရန် တပ်မတော်က ရခိုင်ပြည်နယ်တွင် AA တည်ရှိနေမှုကို အသိအမှတ်ပြုကာ အပစ်ရပ် စာချုပ်တစောင်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန် ကြိုးစားသင့်ပြီး တင်းမာမှုများကို မလျှော့ချနိုင်ပါက ပြဿနာများ ပိုကြီးထွားလာလိမ့်မည် ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။

AA က ယနေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲ၌ NLD အစိုးရအနေဖြင့် ပဋိပက္ခကြား နစ်နာထားသည့် လူထုအရေးကို ကူ ညီ ဖြေရှင်းပေးရန်၊ အစိုးရ၊ တပ်မတော်နှင့် AA ကြား စစ်ရေး၊ နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန် အရေး တကြီး လိုအပ်နေသည်ကို သိစေလိုပါသည် ဟုလည်း သတင်းစကား ပုံစံဖြင့် ထည့်သွင်း ရေးသားထားသည်။

ထုတ်ပြန်ချက်၏ စာပိုဒ် အဆုံးတွင်လည်း “စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် အဆင်သင့် ရှိကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်” ဟုလည်း ရေးသားထားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကိုယ်စားလှယ်လောင်း ၃ ဦးသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ကုတ်မြို့နယ်အတွင်းမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။

၎င်းတို့ကို အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင်း မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် အရပ် ဝတ်ဖြင့် လက်နက်ကိုင်ထားသည့် အမျိုးသားတစုက အကြမ်းဖက် ဝင်ရောက် ရိုက်နှက်ကာ ကြိုးဖြင့် တုပ်နှောင်ပြီး ဖမ်းဆီးသွားခြင်း ဖြစ် သည်။

ဖမ်းဆီးစဉ်က ပါတီဝင် အမျိုးသားများ၊ အမျိုးသမီးများကို ရိုက်နှက်သည့် အပြင် “ရခိုင်အမျိုးသား သစ္စာဖောက်” ဟု ပြော ကာ NLD ပါတီ အင်္ကျီများ ဝတ်ဆင်ထားသည်ကို ချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းများ၊ ပါတီအလံများ၊ ပါတီရန်ပုံငွေများကို လည်း တပါတည်း ယူသွားခဲ့သည်။

ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရစဉ်က ဖမ်းသွားသည့် လက်နက်ကိုင်လူတစုမှာ ယူနီဖောင်း၊ အမှတ်တံဆိပ်များ ဝတ်ဆင်ထားခြင်း မရှိသဖြင့် မည်သူက ဖမ်းဆီးခြင်းကို မသိခဲ့ဘဲ AA ကလည်း တစုံတရာ ပြောဆိုခြင်း မရှိခဲ့ပါ။

ဖမ်းဆီးပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းမှသာ ၎င်းတို့ ဖမ်းထားကြောင်းနှင့် နှစ်ဖက် ဖမ်းဆီးထားသူ များ အပြန်အလှန် လဲလှယ်လိုကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

AA သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကလည်း အိန္ဒိယနိုင်ငံသားများနှင့်အတူ ကုလားတန် စီမံကိန်း လေ့လာရေး အတွက် သွားလာနေစဉ် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်၏ NLD ပါတီ ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို တပ်မတော်ထံ သတင်းပေးလုပ်သည် ဟု စွပ်စွဲကာ ဖမ်းဆီးထားပြီး၂ လကျော်ကြာမှ ပြန်လွှတ်ပေးခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ တရားရုံး၌ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ ခံထားရသည့်အမှုကို မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ဖြေရှင်းရာတွင် ပါတီခေါင်းဆောင်ကို ထောက်ခံ အားပေးသည့်ပွဲ ပြုလုပ်သဖြင့် ရခိုင်လူထုမျက်နှာကို မထောက်ဟု ပြောဆိုစွပ်စွဲကာ ဘူးသီးတောင်မြို့နယ်၊ NLD ဥက္ကဋ္ဌ ဦးရဲသိန်း ကို AA က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီး ၁၁ ရက်အကြာတွင် တိုက်ပွဲကြား တပ်မတော်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျသဖြင့် ဦးရဲသိန်း သေဆုံးသွားပြီ ဟု AA က ထုတ်ပြန်ခဲ့သည်။

AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ဖမ်းမိသည့် တပ်မတော်ဘက်မှ သုံ့ပန်းများကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးကာ အကြမ်းဖက် ဥပ ဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် ရခိုင် အရပ်သားများ၊ နိုင်ငံရေး သမားများ၊ ရခိုင်စစ်ပွဲရပ်ရန် ဆန္ဒပြသဖြင့် ဖမ်းဆီး တရားစွဲထားသည့် ကျောင်းသားများနှင့် ၎င်းတို့ ရထားသည့် သုံ့ပန်းများကို နှစ်ဖက် အပြန်အလှန် လွှတ်ပေးရေးအတွက် အပေးအယူ လုပ်လိုကြောင်း ၃ ကြိမ်ထက်မနည်း ထုတ်ပြန် ပြောဆိုထားသည်။

AA ကို မတ်၂၃ ရက်က အကြမ်းဖက် အဖွဲ့၊ မတရားအသင်း အဖြစ် နိုင်ငံတော်သမ္မနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ကြေ ညာထားပြီး အစိုးရ၊ တပ်မတော်တို့က AA ကို အကြမ်းဖက် စစ်ဆင်ရေးဖြင့် နှိမ်နင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တဖက်တွင် အစိုးရ၊ တပ်မတော်နှင့် AA တို့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှု များ ရှိသော်လည်း တပ်မတော်က ရခိုင်ပြည်နယ်တွင်း AA တည်ရှိနေမှုကို အသိအမှတ် မပြုသည့်အပြင် တပ်နေရာချထား ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက် စစ်ရှိန် လျှော့ချရေးတို့ကို ညှိနှိုင်းနိုင်ခြင်း မရှိသည့်အတွက် အပစ်ရပ်ရေး ဆွေးနွေးမှုများ ရပ် တန့်နေသည်မှာလည်း ၁၀ လ ကျော် ရှိပြီ ဖြစ်သည်။

You may also like these stories:

တောင်ကုတ် NLD အမတ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခု က ဖမ်းဆီးသွား

ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး

လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ

Your Thoughts …
Tags: AANLDတောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ရန်ကုန်မြို့သစ်စီမံကိန်းကို ပုံဖော်ထားပုံ / NYDC

တရုတ်ဦးဆောင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စင်ပြိုင်တင်ဒါခေါ်ယူ

၂၀၁၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှေ့ တွေ့ရသော ကချင်အမျိုးသမီးများ / Getty Images

၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate