သတင်း

အရေးပေါ်အခြေအနေကို ထိုင်းအစိုးရ ပြန်ရုတ်သိမ်း

ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို အစိုးရကဖြိုခွဲရာတွင် အသုံးပြုနေပြီး သယ်ယူပို့ဆောင်ရေးများ ရပ်တန့်သွားစေသည့် ဘန်ကောက်တွင် ချမှတ်ထားသည့် တင်းကျပ်သော အရေးပေါ်အခြေအနေကြေညာထားခြင်းကို ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာက ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထိုကြေညာချက်ကို ကြာသပတေးနေ့က ထိုင်းအစိုးရ တော်ဝင်ပြန်တမ်းတွင် ဖေါ်ပြထားသည်။ မွန်းတည့်ချိန်မှ စတင်ပြီး ထိုသို့ ရုတ်သိမ်းခြင်း သက်ဝင်သည်။

လူ ၄ ဦးထက် ပိုမိုစုဝေးခြင်းကို တားမြစ်သည့် ထိုအရေးပေါ်အမိန့်ကြောင့် ရဲများက ကျောင်းသားငယ်များနှင့် ကောလိပ်ကျောင်သားများကို ရဲတပ်ဖွဲ့က သောကြာနေ့တွင် မီးသတ်ပိုက်များဖြင့် လူစုခွဲပြီး ထိုလုပ်ရပ်ကို ပြည်တွင်း ပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချကြသည်။

ထိုအမိန့်ကြောင့် ဆန္ဒပြသူအရေအတွက် နည်းစေရန် မြို့တော်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးများလည်း ရပ်လိုက်သည်။

သို့သော် ဆန္ဒပြသူများသည် ထိုအမိန့်ကို ဖီဆန်ပြီး ဆိုင်ကယ်တက္ကစီများ၊ စုပေါင်းကားငှားစီးသော ဝန်ဆောင်မှုများ သို့မဟုတ် လမ်းလျှောက်ပြီး စုဝေးရာ နေရာများသို့ သွားရောက်ကြသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းလိုက်သောကြောင့် အထိနာနေပြီးသော စီးပွားရေးကို ပိုမိုထိခိုက်စေသည်။

ဗုဒ္ဓဟူးနေ့ ညနေက ရုပ်မြင်သံကြားမှ ပြောကြားသောမိန့်ခွန်းတွင် ပရယွဒ်က တင်းမာမှုများလျှော့ကျလာမှသာ အရေးပေါ်ကြေညာချက်ကို ရုတ်သိမ်းမည်ဟု ပြောခဲ့သည်။ ထို မိန့်ခွန်းပြောကြားပြီးနောက် ဆန္ဒပြသူများက ဝန်ကြီးချုပ်ရုံးဖြစ်သော အစိုးရအိမ်တော်သို့ ချီတက်ခဲ့သည်။

ထိုနုတ်ထွက်လွှာမူကြမ်းကို လက်မှတ်ထိုးရန် ပရာယွဒ်ကို အချိန် ၃ ရက်ပေးမည်ဖြစ်ကြောင်း လူငယ်များဦးဆောင်သည့် ဆန္ဒပြသူများပြောသည်။ ပရာယွဒ် လက်မှတ်ရေးထိုးရန် စောင့်နေချိန်တွင် ဆန္ဒပြပွဲများ ဆက်လက်ကျင်းပမည် မကျင်းပမည်ကို ၎င်းတို့ ဖေါ်ပြထားခြင်း မရှိပေ။

ယနေ့ နေ့လည် ၁ နာရီမှ စတင်ပြီး ဘန်ကောက်တွင် ကြီးမားသော ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး မည်သည့် ကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိတော့ပေ။

အရေးပေါ်အခြေအနေ ပြန်လည်ရုတ်သိမ်းထားသော်လည်း ဒုတိယဝန်ကြီးချုပ် ဝစ်စနု ခရီယာငန်က အရေးပေါ်အခြေအနေ ပြန်လည်ကျင့်သုံးနိုင်ကြောင်း သတိပေးနေသည်။ “တခုခုဖြစ်လာရင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာနိုင်တယ်” ဟု သူပြောသည်။

အရေးပေါ် အခြေအနေကို ရုတ်သိမ်းခြင်းသည် ဆန္ဒပြသူများ နောက်ဆုံးတောင်းဆိုထားသည့် တောင်းဆိုချက် ၅ ခုအနက် တချက်ဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားမှု စတင်ချိန်ကပင် ဆန္ဒပြသူများက ပြည်သူ့ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအပြင် ပရာယွဒ်နှင့် အစိုးရအဖွဲ့ နုတ်ထွက်ရန်ကိုလည်း တောင်းဆိုထားသည်။ သို့သော် ဘုရင်စနစ်ဖျက်သိမ်းရေးကိုမူ တောင်းဆိုခြင်း မရှိပေ။

You may also like these stories:

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် အရေးပေါ်အခြေအနေကြေညာ

ဘုရင်စနစ်နှင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို

ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ

ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ

Loading