စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းစံပြ ကျေးရွာတွင် ဝက်များ အမည်မသိ ရောဂါကြောင့် နေ့စဉ် သေဆုံးနေသည့်အတွက် တရက်လျှင် ငွေကျပ် ၁၀ သိန်းနှင့်သိန်း၂၀ ကြား ဆုံးရှုံးမှုရှိနေသည်ဟု သ တင်း ရရှိသည်။
ချပ်သင်းစံပြ ကျေးရွာ ဒေသခံ ဦးထွန်းငွေက “ကျနော်တို့ ဒေသမှာ တိရစ္ဆာန်တွေ ရောဂါဖြစ်ပြီး သေဆုံးမှုများ နေပါတယ်။ တနေ့ကို ၃ ကောင်သေတယ် ဆိုရင်ပဲ အခုဆို သေနေတာ ရက်၂၀ လောက်ရှိနေပြီ။ ဇီးဝက်မ တ ကောင်ဆို လေးငါးသိန်း အထက်မှာ ရှိတာဆိုတော့ ဆုံးရှုံးမှု ကြီးတယ်” ဟု ပြောသည်။
ဝက်မွေးမြူရေး သမားများ၏ ပြောကြားချက်အရ ဝက်များသည် အစာ မစားဘဲ ၄ နာရီ နီးပါး ဆက်တိုက် အန် ပြီးနောက် သေဆုံးသွားကြောင်း၊ သေဆုံးသည့် ဝက်အား စစ်ဆေးရာတွင် သရက်ရွက်များ ပျက်စီးနေသည့် လက္ခဏာများကို တွေ့ရသည်ဟု သိရသည်။
ဝက်များ သေဆုံးမှုအတွက် တိုက်နယ် ဆရာဝန်အား အောက်တိုဘာ၂၅ ရက်က အကြောင်းကြားခဲ့သော်လည်း ယနေ့အချိန်အထိ ရောက်လာခြင်း မရှိသေးသဖြင့် ဝက်များ မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို မသိရှိရ သေးသလို ရောဂါကိုလည်း ကုပေးသူ မရှိခြင်းကြောင့် ဝက်မွေးမြူရေးသမားများက စိုးရိမ်ပူပန်နေကြသည်။
ဦးထွန်းငွေက “အခုဆိုရင် လူတွေက အမဲသား၊ ဝက်သား လုံးဝ မစားရဲကြဘူး။ ကျနော်တို့နယ်မှာဆိုရင် ဝက် သေလို့ရှိရင် အရပ်ထဲမှာ ချက်စားတယ်။ အိမ်အနီးအနား ဝေတယ်။ ရောင်းစားတယ်ပေါ့။ ဟိုနေ့က ဝက် တ ကောင်သေလို့ ဝေတာ ဘယ်သူမှ မယူဘူး။ အရင် ဝက်နားရွက်ပြာတုန်းကတောင် စားသေးတယ်” ဟု ပြော သည်။
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေး ဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာ မင်းသိန်းမော်က “လောလောဆယ်တော့ ကျနော်တို့ မြို့နယ်တွေမှာရှိတဲ့ ဌာနတွေကနေ သ တင်း ပေးပု့ိချက်တော့ မရရှိသေးပါဘူး။ တခုခုကြားတာနဲ့တော့ ကျနော်တု့ိ ချက်ခြင်း ဆောင်ရွက်ပါတယ်။ နောက် ဒေသဆရာဝန်တွေက လိုက်နာရမယ့် ရောဂါ မပြန့်ပွားဖို့တို့၊ ရောဂါကာကွယ်ဖို့စတဲ့ စည်းကမ်းတွေကို ဆောင်ရွက်နေတာ ရှိမှာပါ။ ဝက်က ရာသီအပြောင်းအလဲကြောင့်လည်း ရောဂါ ဖြစ်တာရှိပါတယ်” ဟု ပြော သည်။
တာဝန်ကျ ဆရာဝန် အချိန်မီရောက်မလာနိုင်ခြင်းက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်တာ ကြောင့် သွားလာရေးတွင် ခက်ခဲနေခြင်း ဖြစ်နိုင်ကြောင်း၊ ရောဂါအမည်သိရှိရန် ဓာတ်ခွဲခန်းပို့မည့် လိုအပ်သော နမူနာများကို ပို့ဆောင်ရာတွင်လည်း အခက်အခဲ ရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။
ဇီးရှိသည့် ဝက်မများ သေဆုံးသွားမှုမှာ ကန့်ဘလူမြို့နယ်တွင်မကဘဲ လက်ပံတန်း၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ တပ်ကုန်း၊ ပြည်မြို့တွင်လည်း ဝက်များအပြင် ကျွဲ၊ နွားများပါ သေဆုံးမှု ရှိနေသည်ဟု သိရသည်။
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှ ဝက်မွေးမြူထားသူ ဦးဌေးက “ကျနော့် ဝက်မကြီး မနေ့က တနေ့လုံး အစာမစား ဘူး။ မနက်ကတည်းက အန်နေတာ နေ့လယ် ၁၂ လောက်မှာ သေသွားတယ်။ ဘာဖြစ်မှန်း မသိဘူး။ ဒီအတိုင်း ရိုးရိုးသေတာ ထင်တာ။ သူငယ်ချင်းတွေ ပြောမှ သူများဝက်တွေလည်း သေတာ သိတာ” ဟု ပြောသည်။
မျိုးရိုးဗီဇမြှင့်ထားသည့် ဇီးရှိသော ဝက်မတကောင်၏ တန်ဖိုးသည် ၅ သိန်းကျော် တန်ဖိုးရှိပြီး၊ သေဆုံးသည့် ဝက်များတွင် ဇီးရှိသည့် ဝက်မများ အများဆုံး သေဆုံးခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး မြင့်သွားရခြင်းဖြစ်သည်။
ကန့်ဘလူခရိုင်ရှိ ဒေသခံများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မှီခိုစားသောက်လိုပ်ကိုင်သည့် ဒေသဖြစ်တာ ကြောင့် ယခုကဲ့သို့ တန်းဖိုးကြီး ဝက်များ သေဆုံးမှုက ၎င်းတို့အတွက် များစွာဆုံးရှုံးနစ်နာမှုရှိသည်ဟု ဦးထွန်း ငွေက ဆိုသည်။
အဆိုပါ ဝက်များက အောက်တိုဘာ၂၀ ရက်မှစပြီး ယနေ့( နိုဝင်ဘာ ၃ ရက်)အထိ သေဆုံးနေပြီး နေ့စဉ် တနေ့ လျှင် ဝက်ကောင်ရေ ၃ ကောင်အထိ သေဆုံးမှု ရှိနေကြောင်း၊ ကျေးရွာသားများကလည်း ဒေသဝက်ထက် ကြီး ထွားနှုန်းမြန်ပြီး အရောင်းအဝယ် မြန်မြန်ဖြစ်သည့် ထိုင်းနိုင်ငံက တင်သွင်းလာသည့် မျိုးမြှင့်ဝက်များကိုသာ မွေး မြူကြခြင်း ဖြစ်သည်။
You may also like these stories:
ဝက်ရောဂါကြောင့် မွေးမြူသူများ ရပ်တည်ရန် ခက်ခဲနေ