• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICC ၏ ရခိုင်ပြည်နယ်အရေး အစီရင်ခံစာကို မြန်မာပယ်ချ

by ဇူးဇူး
4 November 2020
in သတင်း
A A
ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင်  / Ministry of Foreign Affairs  Myanmar

ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင် / Ministry of Foreign Affairs Myanmar

10.1k
VIEWS
Share on FacebookShare on Twitter

၇၅ ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုမည့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ၏ အစီရင်ခံစာနှင့် ပတ်သက်သည့် အဆိုဆုံးဖြတ်ချက်အား သဘောတူညီမှု မရှိကြောင်း၊ မထောက်ခံ ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပယ်ချခဲ့ သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သော ၇၅ ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ ICC ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဆွေးနွေးခဲ့ကြရာ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင်က ၎င်း၏မိန့်ခွန်းတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။  

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.1k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
78
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.2k

ဦးတင်မောင်နိုင် က “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးရန် Pre-Trial Chamber III က ICC ဥပဒေချုပ် ကို ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်တွင် ခွင့်ပြုခဲ့သည်ကိုလည်းကောင်း၊ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ထား သည်ကိုလည်းကောင်း လုံးဝပယ်ချပါတယ်” ဟု ပြောကြားခဲ့သည်။ 

ICC ဥပဒေချုပ်အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရရှိရန် ကြိုးစားနေခြင်းသည် ရောမစာချုပ်၊ ၁၉၆၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဆိုင်ရာ ကွန်ဗင်းရှင်း အပါအဝင် တည်ရှိပြီးသော အပြည်ပြည်ဆိုင်ရာ ဥပဒေ ‘မူ’ ကြီးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်း၏လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ‘မူ’ ကြီးများနှင့်လည်း ဆန့်ကျင်လျက် ရှိသည်ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။ 

ဆက်လက်၍ ၎င်းက ICC ၏ တရားစွဲဆို ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည် တံ့မှုနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တိုက်ရိုက်စိန်ခေါ်ခြိမ်းခြောက်နေသည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရားမျှတမှု မရှိသည့် ICC ဆောင်ရွက်ချက်ကို ပြင်းထန်စွာ ကန့်ကွက်သည်ဟုလည်း ဆိုသည်။

လူ့အခွင့်အရေးဟူသည် နိုင်ငံတနိုင်ငံ၊ အချုပ်အခြာအာဏာတခု၊ ဘာသာလူမျိုးရေးတခု၏ အောက်၌ သီးသန့်ဆိုခြင်းမျိုး မရှိတော့ဘဲ လူသားအားလုံးသည် ကမ္ဘာ့ရွာကြီးတွင် ကမ္ဘာ့လူသားများ ဖြစ်သွားရာ လူတယောက်အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်ခြင်းသာ ဖြစ်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင် မျိုးမင်းက မကြာခဏ ထောက်ပြပြောဆိုသည်။ 

“ဒါက ဝင်ရောက်စွက်ဖက်မှုလား၊ အမှန်တကယ် ချိုးဖောက်မှုဖြစ်လို့ လူသားအရေးအတွက် လုပ်ဆောင်တာလား။ အဲဒီ နှစ်ခုကိုတော့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုအပ်တယ်။ အချုပ်အခြာအာဏာဆိုပြီး ဘာလုပ်လုပ် အကုန်တားဆီးတဲ့ ပုံစံ က ခေတ်လည်းမမီတော့သလို ဘယ်လိုမှ ဒီတိုင်းတားဆီးနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ဦးအောင်မျိုးမင်း က ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုးတက်လာမှုမရှိခြင်း၊ ရခိုင် အပါအဝင် တိုင်းရင်းသားဒေ သ လက်နက်ကိုင် ပဋိပက္ခများအကြား ဖြစ်ပွားနေသည့် ကိစ္စများသည် အထူးအာရုံစိုက်ပြီး လုပ်ဆောင်ရမည့်ကိစ္စ မျိုး ဖြစ်နေခြင်းတို့ကြောင့် တချို့စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များ ဆက်လက်ရှိရန် လိုအပ်နေသေးသည်ဟုလည်း လူ့အခွင့် အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုလျက် ရှိသည်။ 

ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင်က မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းခံ မည်မဟုတ်ကြောင်း ထပ်တလဲ လဲ ပြောကြားထားပြီးဖြစ်ရာ တရားဥပဒေစိုးမိုးရေးကို ယုံကြည်သည်နှင့်အညီ အပြည်ပြည် ဆိုင်ရာ ဥပဒေ ‘မူ’ ကြီးများအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပြီး သက်သေခိုင်လုံသည့် မည်သည့် စွပ်စွဲမှုမျိုးကိုမဆို စုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။  

ထို့ပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာပါ ပြစ်မှုကျူးလွန်သူများကိုလည်း စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ရာ ပြည်တွင်းတရားစီရင်ရေး လုပ်ငန်းများကို ပြည်ပမှစွက်ဖက်မှု၊ ကြားဝင်ဆောင်ရွက်မှု၊ နိုင်ငံရေးသွတ် သွင်းမှု မပြုလုပ်သင့်ကြောင်းလည်း ဦးတင်မောင်နိုင်က သတိပေးပြောဆိုခဲ့သည်။ 

အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် ဥပဒေအရ လျော်ကန် မှုမရှိစွာ တောင်းဆိုမှုများကိုလည်း ပြင်းထန်စွာကန့်ကွက်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ 

တဖက်၌လည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုန်း သတ် ဖြတ်မှု စွပ်စွဲချက်ဖြင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ တခြားတရားရုံး တခုဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တိုင်ကြားထားရာ အမှုရင်ဆိုင်နေရပြီး မြန်မာက လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ခုကိုလည်း ချမှတ်ထားသည်။ 

၂၀၂၀ ဇန်နဝါရီ ၃၀ ရက်တွင် ဂမ်ဘီယာဘက်က လျှောက်လဲချက်ကို ICJ သို့ ဇူလိုင် ၂၃ ရက်တွင် တင်သွင်းရမည် ဖြစ် သော်လည်း ကိုဗစ်–၁၉ ကပ်ရောဂါကြောင့် အောက်တိုဘာ ၂၃ ရက်နေ့ထိ ရွှေ့ဆိုင်းပေးခဲ့ပြီး မြန်မာဘက်က ပြန်လည်ခု ခံချေပချက်ကိုလည်း ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်တွင် ICJ ကို တင်သွင်းရမည် ဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ဂမ်ဘီယာနိုင်ငံဘက်မှ Memorial ဟုခေါ်သော စာမျက်နှာ ၅၀၀ ပါရှိသည့် အ ချက်အလက် အပြည့်အစုံ တင်ပြချက်ကို ICJ သို့ တင်သွင်းကြောင်း ဂမ်ဘီယာဘက်မှ တာဝန်ရှိသူများက သတင်းမီဒီယာ များကို တရားဝင် ထုတ်ပြန်ပြောဆိုထားသော်လည်း မြန်မာဘက်ကတော့ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ တရားဝင် သ တင်းထုတ်ပြန် ပြောဆိုခြင်း မရှိပါ။ 

You may also like these stories:

အိန္ဒိယသူပုန်များကို ကူညီရန် တရုတ်ခြိမ်းခြောက်မှု နောက်ကွယ်

လူထု မဲပေးခွင့် ဆုံးရှုံးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြောင့်ဟု တပ်မတော်ပြော

တိုင်းရင်းသား ပြည်နယ်တွေ ဘယ်လောက်တိုးတက်ခဲ့သလဲ

Your Thoughts …
Tags: ICCICJဦးတင်မောင်နိုင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

by ဗညားအောင်
12 December 2024
7.8k

ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွင် တွေ့ရသည့်ပြဿနာမှာ ရိုဟင်ဂျာ မွတ်ဆလင်များက မြန်မာစစ်တပ်နှင့် ရန်/ငါ မပြတ်သားမှု ပြဿနာဖြစ်၏။

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

by ဧရာဝတီ
30 December 2024
6.7k

၂၀၂၄ ခုနှစ် တနှစ်လုံး ရခိုင် တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် AA ၏ နှစ်ဟုပင် ဆိုရမည်ဖြစ်သည်။

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

Next Post
သရုပ်ဆောင် ကျော်သူ  / Kyaw Thu's Facebook

ဝေဘာဂီဆေးရုံကနေ ကြိုတင် ဆန္ဒမဲ ပေးခဲ့တဲ့ ကျော်သူ

သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် ယနေ့ တွေ့ ရသည့် ဦးဇော်ဌေး  / သီဟလွင် / ဧရာဝတီ

တပ်ချုပ်နှင့် တပ်မတော်၏ ထုတ်ပြန်ချက် ဥပဒေနှင့် မညီဟု သမ္မတရုံး တုံ့ ပြန်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate