ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်နှင့် တပ်မတော်၏ ထုတ်ပြန်ချက်တို့သည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ နိုင်ငံ့ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း အစိုးရ၏ ပြော ရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်သူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ Popular News တို့ တွေ့ ဆုံမေးမြန်းခန်းမှာ ပြောပြ ချက်တွေက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ နိုင်ငံ့ ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်များသည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်အချို့၏ တိကျရေရာ၊ သေချာမှု မရှိသည့် ပြောကြားချက် များအပေါ် အခြေခံထားပြီး လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေကြောင်း
လည်း သမ္မတရုံးက ဆိုသည်။
“စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုချက်သည် အခြေခံ ဥပဒေပါ အခြေခံမူများအတိုင်း ပြောဆိုခြင်းဖြစ်ပြီး တပ် မတော်တွင် တို့တာဝန် အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမည် ဆိုသည့် တာဝန်ပါရှိပြီးသား ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ပါဝင်ဆောင်ရွက်နိုင်ရေး ရှိသည်လို့ ပြော တယ်။ ပါဝင်ဆောင်ရွက်နိုင်ရေး အစဉ်တစိုက် ဦးတည်တယ်လို့ ပြောတယ်။ ကျနော်တို့လုပ်နေတာသည် ပါတီနိုင်ငံရေး မဟုတ်ဘူး။ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဥပဒေနဲ့အညီ ထောက်ပြတာပဲ ဖြစ်တယ်။ ဥပဒေနဲ့အညီ ပြော တာပဲ ဖြစ်တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် တပ်မတော်၏ ထုတ်ပြန်ချက်များသည် အခြေခံ ဥပဒေကိုသာ အကိုးအကားပြု၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သလို တပ် မတော်က ရရှိသည့် အချက်အလက်များသည် တိကျရေရာမှု မရှိသည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်များ၏ ပြောဆိုချက် များအပေါ်တွင် အခြေခံခဲ့ခြင်း မဟုတ်ကြောင်း တုန့်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Popular News သို့ ပြောဆိုချက်တွင် အခြေခံ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီ လမ်း ကြောင်းသို့ သွားနေတဲ့အချိန် နိုင်ငံတည်ဆောက်ရေး ခိုင်ခိုင်မာမာ ဖြစ်ရန် တပ်မတော်တွင် ပြောဖို့ တာဝန်ရှိကြောင်း၊ နိုင်ငံတကာမှ ဝေဖန်နေပြီ ဖြစ်သလို နိုင်ငံ၏ သိက္ခာကို အထိအခိုက် မခံနိုင်၍ ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။
“မဖြစ်စေချင်လို့ သတိပေးတာ။ တာဝန်ယူတာကတော့ အစိုးရက တာဝန်ယူရမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အစိုးရဘက်ကမူ ရွေးကောက်ပွဲ ကော်မရှင် (UEC) သည် လွတ်လပ်သည့် အဖွဲ့ အစည်း ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် လုံးဝ ပြဌာန်းထားခြင်း မရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းဟူသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ညွှန်းဆိုသည့် သဘော ပြောဆိုခဲ့ပြီး နိုင်ငံ့ ဝန်ထမ်း ဥပဒေ ပုဒ်မတချို့ကိုလည်း သမ္မတရုံးက ထောက်ပြခဲ့သည်။
သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု သမ္မတရုံး၏ ပြောဆိုချက်မှာ အခြားနိုင်ငံများတွင် မှန်ကန်သော်လည်း မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရ တပ်မတော်ကို နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သုံးသပ်သည်။
“တပ်မတော်ကို နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရေး တာဝန်တွေ ပေးထားတယ်။ ဖွဲ့ စည်းပုံ အ ခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရမည်ဆိုတာကို သူက ကိုင်ပြီးတော့ ရွေးကောက်ပွဲ တရားမျှတရေးအတွက် UEC ကို ဝေဖန်တာလို့ ရှင်းထားတယ်။ ပြောရရင် တပ်မတော်က နိုင်ငံရေးထဲကို ရောက်နှင့်နေပြီ။ ပါထားပြီးပြီ”ဟု ၎င်းက ပြောသည်။
ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဟု ကြိုတင် အပြစ်တင် ပြောဆို ဆုံးဖြတ်နေခြင်းသည်လည်း မသင့်လျော်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတဝန်းလုံးက ဝိုင်းဝန်းရ မည့် အချိန်ဖြစ်ကြောင်း အစိုးရဘက်က ပြောသည်။
သမ္မတရုံး၏ ပြောခွင့်ရသူ ဦးဇော်ဌေးက“၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည် သူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင် ပါတယ်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက် လှုပ်ရှားမှုတွေကိုလည်း အထူးသတိပြု စေလိုပါတယ်”ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ လုပ်မှားကိုင်မှား ဆောင်ရွက်ချက် များအပေါ် လက်ရှိ အစိုးရက တာဝန်ခံရမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်ကြောင့် မြန်မာ့နိုင်ငံရေးအတွက် စိုးရိမ်စရာ ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။
ယခုလို ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို ထွက်ပေါ်လာသည့် တပ်မတော်၏ သတိပေးထုတ်ပြန်ချက်နှင့် ပတ်သက် ၍ နိုင်ငံရေး အသိုင်းအဝိုင်းသာမက ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းတွင်ပါ စိုးရိမ်မှုများ၊ မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး ကဏ္ဍ၊ ဥပဒေပြုရေး ကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍများကိုပါ သီးခြား ကျင့်သုံးပိုင်ခွင့်ပြုထားသဖြင့် မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးကောက် တင် မြောက်ထားသည့် အစိုးရနှင့် အခြေခံ ဥပဒေအရ ခွင့်ပြုထားသည့် အစိုးရဟူ၍ ၂ မျိုး ရပ်တည်သည့် ပုံစံမျိုး ဖြစ်ပေါ်လျက် ရှိသည်။
You may also like these stories:
အစိုးရနှင့် ရွေး/ကော်ကို တပ်မတော်၏ သတိပေးမှု စိုးရိမ်ဖွယ်ရာဖြစ်နေ
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ နိုင်မလဲ
တိုင်းရင်းသား ပြည်နယ်တွေ ဘယ်လောက်တိုးတက်ခဲ့သလဲ