• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲနေ့ တည်ငြိမ်မှုရှိကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

by နန်းလွင်နှင်းပွင့်
5 November 2020
in သတင်း
A A
Chair NLD စာမျက်နှာမှ တဆင့် သတိပေးပြောဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည်   / Chair NLD

Chair NLD စာမျက်နှာမှ တဆင့် သတိပေးပြောဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည် / Chair NLD

14.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲနှင့်ပတ်သတ်၍ အထစ်အငေါ့ တစုံတရာရှိပါက ဥပဒေဘောင်အတွင်း မှသာ တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြပါဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဥက္ကဋ္ဌ အနေဖြင့် ပြည်သူလူထုအား ရွေးကောက်ပွဲ
မဲဆွယ်စည်းရုံးသည့် မိန့်ခွန်းကို နိုဝင်ဘာ ၅ ရက်၊ နေ့လည်ပိုင်းက လူမှုကွန်ရက်မှ တဆင့် ပြောဆိုရာတွင် ရွေးကောက်ပွဲကာလ တည်ငြိမ်ရေးကို ထည့်သွင်းပြောဆိုသွား ခြင်း ဖြစ်သည်။

RelatedPosts

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
37
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
1.2k
ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

ဗိုလ်မှူးချုပ် (ငြိမ်း) ချိုထွန်းအောင် ရန်ကုန်နေအိမ်ရှေ့မှာ ပစ်ခတ်ခံရ (ရုပ်/သံ)

22 May 2025
65

ဒေါ်အောင်ဆန်းစုကြည် က “အထစ်အငေ့ါလေးတွေကရှိမှာပေါ့။ ဒါက ရွေးကောက်ပွဲတိုင်းမှာရှိတာပဲ။ လုံးဝ အထစ်အငေ့ါ မရှိခဲ့တဲ့ ရွေးကောက်ပွဲဆိုတာ ရှားပါတယ်။ နည်းနည်း အထစ်အငေ့ါလေးတွေ ရှိခဲ့တယ်ဆိုရင်တောင် ဒီဟာတွေကို ကျမတို့ က ဥပဒေဘောင်အတွင်းကနေ တရားမျှမျှတတနဲ့ ဖြေရှင်းတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတယ် ဆိုတာကို လုံးဝ ပေါ်လွင် စေချင်ပါတယ်” ဟု ပြောသည်။

မဲပေးသည့် နေ့တွင် ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများနှင့် ကိုက်ညီမှု မရှိဟု ထင်မြင်ခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိပါးသည်ဟု ထင်မြင်ခြင်းများ ရှိပါက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် မဲရုံတာဝန် ရှိသူများကို အသိပေး ပြောဆိုပါဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမ ထပ်တလဲလဲသုံးနေတဲ့ ဝေါဟာရကတော့ တည်ငြိမ်ရေးပဲ။ တည်ငြိမ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနေ့မှာ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ သွားပြီး မဲပေးရမယ်။ မှန်မှန်ကန်ကန် ပေးရမယ်” ဟု ထပ်မံပြောဆိုသည်။

မဲပေးပြီးနောက် ရွေးကောက်ပွဲရလာဒ်များ တရားဝင်ကြေငြာချိန်တွင်လည်း မိမိအားပေးသည့် ဘက်မှ အနိုင်ရရှိပါက ကြုံးဝါးပြီး လက်ခမောင်းခတ်ခြင်း၊ တဖက်သားမခံချင်အောင် လုပ်ဆောင်ခြင်းများ မလုပ်ရန်နှင့် မိမိ မျှော်မှန်းထားသည့် ရလာဒ်ကို ရာနှုန်းပြည့် မရပါကလည်း ဒေါသဖြင့် တုံ့ပြန်ကာ ပြဿနာရှာခြင်း မလုပ်ရန် ဒေါ်အောင်ဆန်းစူကြည်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်၊ ဒီမိုကရေစီအပြည့်အဝ မရသေးသည့် နိုင်ငံတခုဖြစ်သော်လည်း ပြည်သူလူထုက ဒီမိုကရေစီစိတ်ဓါတ်အပြည့်အဝ ရှိသည်ကို ရွေးကောက်ပွဲနေ့တွင် ပြသရန် လိုအပ်ပြီး ပြည်သူများက မဲပေးခြင်းဖြင့် ကိုယ့်ကံကြမ္မာ၊ ကိုယ့်တိုင်းပြည်၏ ကံကြမ္မာကို ဖော်ဆောင်ကြပါဟုလည်း မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့မိန့်ခွန်း မပြောမီ ၂ ရက်အလိုတွင် ရွေးကောက်ပွဲနှင့် ပတ်သတ်၍ တပ်မတော်က အစိုးရကို ပြစ်တင်ဝေဖန်ထားရာ အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများကို လိုက်နာရန် တပ်မတော်ကို ပြန်လည်ချေပပြီး အစိုးရနှင့် တပ်မတော်ကြား ကတောက်ကဆများ ရှိနေသည်မှာ လူထုကြား ထွက်ပေါ်လာခဲ့သည်။

အစိုးရနှင့် တပ်မတော်ကြား ရွေးကောက်ပွဲနှင့် ပတ်သက်၍ အများပြည်သူရှေ့တွင် မကျေမလည် စဖြစ်သည့် အကြောင်း အရင်းမှာ နိုဝင်ဘာ ၂ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုုပ်ရုံးမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ အလွဲအမှားများကို ပြစ်တစ်ပြောဆိုကာ အစိုးရကို တာဝန်ခံရမည်ဟု သတိပေးသည့် ထုတ်ပြန်ချက် တစောင် ထုတ်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်၏ ထုတ်ပြန်ချက် ထွက်ရှိပြီး နိုဝင်ဘာ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို ထိခိုက်အောင် လုပ်ရန် လူထုကို ဒေါသဖြင့် တုံ့ပြန်အောင် ဆွနေသူများရှိသဖြင့် ပြည်သူများက ထောင်ချောက်ထဲ မဝင်မိကြရန် ၊ သတိထားကြရန် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း နိုဝင်ဘာ ၃ ရက်တွင် ရွေးကောက်ပွဲတွင်း စည်းကမ်းချိုးဖောက်မှု များလျှင် တည်ငြိမ်သည့် ဒီမိုကရေစီစနစ်ဖြစ်ရန် ခဲယဉ်းကြောင်း နှင့် တပ်မတော်က ပြောဆို သတိပေးရမည့် တာဝန်ရှိကြောင်း၊ နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်ရန် တပ်မတော်တွင် တာဝန်ရှိ သည်ဟုလည်း Popular News သတင်းဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပြောဆို ထားသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း UEC ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်တွင် နိုင်ငံရေးပါတီများ၊ လူမှုကွန်ရက်များပေါ်တွင် ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး UEC ၏ အားနည်းချက်များကို ထောက်ပြကာ အစိုးရက တာဝန်ခံရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခြင်း ဖြစ်သည်။

UEC က အောက်တိုဘာ ၁၆ ရက်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းများ ကြေငြာရာတွင် လည်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများက ပြင်းပြင်းထန်ထန် ဝေဖန်ပြီး NLD မနိုင်နိုင်သည့် နယ်မြေများကို တမင် ပိတ်ပင်ခြင်း ဖြစ်သည်ဟု စွပ်စွဲပြစ်တင်မှုများ ရှိခဲ့သည်။

ထိုအပေါ်တွင်လည်း UEC နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်က ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေ များကို သတ်မှတ်ရာတွင် တပ်မတော်က လုံခြုံရေး အပြည့်အဝ မပေးနိုင်သည့် နေရာများ၊ လူထုအမြင်တွင် လုံခြုံသည်ဟု ယူဆသော်လည်း ပြည်ထဲရေးနှင့် ကာကွယ်ရေး၏ အမြင်တွင် မလုံခြုံဟု သတ်မှတ်တင်ပြသည့် နယ်မြေများကို သုံးသပ်ကာ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းထည့်သွင်းရခြင်း ဖြစ်သည်ဟု ဖြေဆို ထားသည်။

တပ်မတော်က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းမှာ UEC ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု တုံ့ပြန် ထားပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များ ၁၅ မြို့နယ်ထိ တိုးလာခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ၏ နှောင့်ယှက်ဖိအားပေးမှုများကြောင့်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တစောင်ထုတ်ကာ ပြစ်တင်ပြောဆိုထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တဆက်တည်း ထွက်ပေါ်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သတိပေးချက်များ မှာ ရွေးကောက်ပွဲအလွန် အစိုးရသစ်တင်မြှောက်ရေး ကာလတွင် တပ်မတော်က မကျေနပ်ချက် ရှိပါက အာဏာသိမ်းရန် အကြံအစည်ဖြင့် ရှေ့ပြေး ပြောဆိုနေခြင်း ဖြစ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

တပ်မတော်၏ သတိပေးချက်များနှင့် ပတ်သတ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း “တပ်မတော်အနေနဲ့ သူထိန်းကွပ်နိုင်တဲ့ ပါတီတခုခုနဲ့ အခြားသော သူနဲ့ နှီးနွယ်ရာ အစုအဖွဲ့တွေနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်မယ်ဆိုရင် သူအေးအေးဆေးဆေးနဲ့ ပြီးသွားလိမ့်မယ်လို့ ထင်တယ်။ ဒီလို မဟုတ်ဘဲနဲ့ ဆန့်ကျင်ဘက် ရလာဒ်တခုခု ထွက်လာရင်တော့ ကျနော်တို့ မမျှော်မှန်းအပ်တဲ့ ကိစ္စတွေ လုပ်ဆောင်လာနိုင်တယ်လို့မြင်ပါတယ်” ဟု ပြောဆိုထားသည်။

NLD၊ SNLD၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၊ ရခိုင်အမျိုးသား ပါတီ (ANP) အပါအဝင် အခြားနိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ရွေးကောက်ပွဲအလွန်ကာလတွင် မတည်မငြိမ် ဖြစ်မည်ကို စိုးရိမ်မှုများရှိကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။

အဆိုပါ ပါတီများက UEC ၏ လုပ်ငန်းမှားယွင်းဆောင်ရွက်မှုများကို ထောက်ပြဝေဖန်သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုကို မနှစ်သက်ကြောင်း၊ တပ်မတော်က အစိုးရကို ပြောဆိုခြင်း မှာ ရွေးကောက်ပွဲအလွန်ကာလတွင် နိုင်ငံက စိုးရိမ်စရာ အခြေအနေဖြစ်သည်ကို ခန့်မှန်းမိကြောင်း ပြောဆိုကြသည်။

နိုဝင်ဘာ ၄ ရက်၊ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာ၊ သေချာမှု မရှိတဲ့ ပြောကြားချက်များ အပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ်တွေ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Popular News သတင်းဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပြောဆိုချက်များကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိပါဟု ဦးဇော်ဌေးက ပြောသည်။

UEC အပေါ် တပ်မတော်၏ ဝေဖန်ချက်နှင့် ပတ်သတ်၍လည်း ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်၊ UEC မှာ လူထု၏ ယုံကြည်မှုစစ်တမ်းတွင် ၃၆ ရာနှုန်းသာ ရရှိခဲ့ပြီး လက်ရှိ UEC မှာ ယုံကြည်မှု ပိုတိုးတက်လာသည်ကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (Pace) တွင် တွေ့ရသည်ဟုလည်း ဦးဇော်ဌေးက ပြန်လည်ချေပပြောဆိုသွားသည်။

အထက်ပါ ဦးဇော်ဌေး၏ ပြောဆိုချက်များထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောဆိုချက်နှင့် ပတ်သတ်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၅ ရက်တွင် တုံ့ပြန်သည့် စာတစောင် ပြန်ထုတ်ပြီး ထိုထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်း ပြဌာန်းထားသည့် ပုဒ်မများကို ကိုးကားကာ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိကြောင်း ရေးသားထားသည်။

ထိုတုံ့ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၁ အရ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည့် အချက်ကိုလည်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၇၆ ယောက်က ပြည်သူလူထု၏ မဲဆန္ဒဖြင့် ရွေးချယ်ခံရပြီး ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိလာမည် ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်သို့ရောက်လာမည့် ရွေးကောက်ခံကိုယ်စားလှယ်များအနက် ၅၀ ရာခိုင်နှုန်းအထက် အနိုင်ရသည့် နိုင်ငံရေးပါတီက သမ္မတအမည်စာရင်းကို တင်သွင်းနိုင်မည်ဖြစ်သည်။

ရွေးချယ်တင်မြှောက်ခံရမည့် သမ္မတက ပြည်နှင့် တိုင်းဒေသကြီး အသီးသီး၏ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ရေးတွင်လည်း အာဏာရရှိမည် ဖြစ်သည်။

နိုင်ငံရေးပါတီ ၁ ခုတည်းက အစိုးရဖွဲ့နိုင်သည့် ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်မရပါက အနိုင်ရသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ နိုင်ငံရေးပါတီများက မိတ်ဘက် ပြန်ဖွဲ့ပြီး သမ္မတအမည်စာရင်းကို တင်သွင်းရမည် ဖြစ်သည်။

NLD က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း တောင်ပြိုကမ်းပြိုအနိုင်ရရှိပြီး အစိုးရသစ် ပြန်လည် ဖွဲ့စည်းရေးကို ရာနှုန်းပြည့် လုပ်ပိုင်ခွင့် ရရန် မျှော်မှန်းထားပြီး ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီအခြေခံ အုတ်မြစ် ခိုင်မာအောင် NLD က လုပ်ဆောင်ရန်အတွက် အပြတ်အသတ်အနိုင်ရရန် ဝိုင်းဝန်းကူညီပေးပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ပြည်နယ်အသီးသီးမှ တိုင်းရင်းသားပါတီများကလည်း ဒေသတွင်း ပေါင်းစည်းပါတီများ ဖွဲ့စည်းထားပြီး ပြည်နယ်တွင်း အနိုင်ရရန် မျှော်မှန်းထားပြီး ပြည်နယ်များတွင် အများစု အနိုင်ရပါက အစိုးရသစ်ဖွဲ့စည်းရေးတွင် ပါဝင်နိုင်ရန်အထိ မျှော်မှန်းထားကြသည်။

You may also like these stories:

NLD မဲနိုင်အောင် ဝိုင်းဝန်းဖို့ အနုပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

မဲရုံ၌ NLD နှင့် USDP မဲရုံကိုယ်စားလှယ်များ ခိုက်ရန်ဖြစ်ပွားသဖြင့် အပြန်အလှန် အမှုဖွင့်

မင်းကင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့် ဝန်းရံသူ ၂၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

Your Thoughts …
Tags: NLDဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ရှင်သန်ရပ်တည်နိုင်ဖို့ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်တတ်လာကြတယ် (ရုပ်/သံ)

ရှင်သန်ရပ်တည်နိုင်ဖို့ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်တတ်လာကြတယ် (ရုပ်/သံ)

နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ ရသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ / သီဟလွင် / ဧရာဝတီ

နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate