• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲ နီးကပ်လာချိန် တောင်ကုတ်မှ NLD အမတ်လောင်း ၃ ဦး ပြန်မလွတ်သေး

by မင်းအောင်ခိုင်
5 November 2020
in သတင်း
A A
AA အဖွဲ့က ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦး၏ ဓါတ်ပုံ  /  AA

AA အဖွဲ့က ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦး၏ ဓါတ်ပုံ / AA

14.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ရက္ခိုင့်စစ်တပ်(AA)က ဖမ်ဆီးခဲ့ရာ ရွေးကောက်ပွဲ ကျင်းပရန် ၃ ရက်သာ လိုတော့သည့် အချိန်ထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်မလာသည့်အတွက် မိသားစုနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် NLD ပါတီဝင်များ က စိုးရိမ်လျက်ရှိသည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
88
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.8k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
54

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ဖြစ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ ဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် မဲဆွယ် စည်းရုံးနေစဉ် အဖမ်းခံခဲ့ ရခြင်း ဖြစ်သည်။

တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဦးသက်ထွန်း (ခ) ကိုဖိုးထောင်က“ဖမ်းဆီးခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၃ ယောက် သတင်းကတော့ နောက်ဆက်တွဲ ဘာမှ မကြားရသေးဘူး။ သူတို့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးတွေကိုတော့ မြို့နယ်အောင်နိုင်ရေး ကော်မတီနဲ့ ကိုယ်စားလှယ်လောင်း ၃ ယောက်ရဲ့ ကိုယ်စားလှယ်တွေက ပူးပေါင်းပြီး မဲဆွယ် စည်းရုံး ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသက်ထွန်း(ခ)ကိုဖိုးထောင်သည် အဖမ်းခံထားရသည့် NLD ကိုယ်စားလှယ် ဦးမင်းအောင်၏ ရွေးကောက်ပွဲ ကိုယ်စား လှယ်တဦးလည်း ဖြစ်ပြီး ဖမ်းဆီးခံံရသည့် ဖြစ်စဉ်ကိုလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တဦး ဖြစ်သည်။

သံတွဲခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်သိန်းကလည်း အဖမ်းခံထားရသည့် ကိုယ်စားလှယ်လောင်း ၃ ဦးမှာ အသက်ရှင်လျက် ရှိသဖြင့် ကိုယ်စားလှယ်လောင်းအနေဖြင့် ဆက်လက် ရွေးကောက်ခံပိုင်ခွင့် ရှိနေသေးကြောင်း ပြော သည်။

ဦးတင်သိန်းက“သူတို့က အသက်ရှင်လျက် ဖမ်းဆီးထားတာဆိုတော့ သူတို့အနေနဲ့ မဲခံပိုင်ခွင့် ရှိပါတယ်။ ပြည်သူတွေ အနေနဲ့လည်း သူတို့ ၃ ဦးကို မဲပေးပိုင်ခွင့် ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ၎င်းတို့ ၃ ဦးကို AA အဖွ့ဲက ၎င်းတို့ စခန်းတွင် ခေါ်ယူထိန်းသိမ်းထား ကြောင်း ပြောဆိုထားသဖြင့် တပ်မတော်က ယင်းနေရာများသို့ လိုက်လံ ရှင်းလင်းဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။

“ရဲတပ်ဖွဲ့အနေနဲ့တော့ သူတို့နောက်ကို လိုက်လံပြီး တိုက်ခိုက်နိုင်တဲ့ အနေအထား မရှိပါဘူး။ ကျနော်တို့ကတော့ သတင်းပဲ စုနေတယ်။ ဥပဒေအတိုင်းပဲ အမှုဖွင့်လှစ်ပြီးတော့ စုံစမ်းထောက်လှမ်းတဲ့ ကိစ္စတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ ကျနော် တို့ ရဲတပ်ဖွဲ့ကတော့ ရန်သူ့ စခန်းကိုသွားပြီးတော့ ကယ်တင်ဖို့တော့ အစီအစဉ် မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခု အဖမ်းခံထားရသည့် ကိုယ်စားလှယ်လောင်း ၃ ဦးတွင် ဦးမင်းအောင်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီး ဟောင်းတဦးဖြစ်သလို လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ဒေါ်နီနီမေမြင့်မှာလည်း လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကာ NLD ပါတီ ဗဟိုလူငယ် အဖွဲ့ ဝင်တဦး  လည်း ဖြစ်သည်။ ဒေါ်ချစ်ချစ်ချောမှာ ပြည်နယ်အဆင့် ပါတီ လူငယ် ခေါင်းဆောင်တဦးလည်း ဖြစ်သည်။

မဲဆွယ်စည်းရုံးရန် သွားရောက်သည့် တရားဝင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း မလုပ်သင့်သည့် လုပ်ရပ်တခု ဖြစ်ပြီး တိုင်းရင်းသားအရေးနှင့် ပြည်တွင်းရေး ပြဿနာကို ဖြေရှင်းလိုပါက ၎င်းတို့ကို အမြန်ဆုံး လွှတ်ပေးသင့် ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ဧရာဝတီသို့ ပြောဆိုထားသည်။

ရက္ခိုင့်စစ်တပ် (AA) အနေဖြင့် အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦးကို စစ်ဆေးမေးမြန်းခေါ်ခဲ့ပြီး လိုအပ်ချက်အရ ကာလ အတိုင်းအတာ တခုအထိ ထိန်းသိမ်း စစ်ဆေးမည်ဖြစ်ကာ အစိုးရက ဖမ်းဆီးထားသော ရခိုင်နိုင်ငံရေးသမားများ၊ ပြည်သူ များနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေသော ကျောင်းသားများအား ပြန်လည်လွတ်ပေးမည် ဆိုပါက ကိုယ်စားလှယ် လောင်း ၃ ဦးအားလည်း ပြန်လည် လွတ်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့ AA ဘက်က ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်ဆေးရန် တားမြစ်မှုကို မရပ်သဖြင့် မြေပုံ ဒေသခံ ၂ ဦး အပစ်ခံရ

ကျောက်ဖြူ ဇိုင်ချောင်းကျေးရွာသားများကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေ

လူထု မဲပေးခွင့် ဆုံးရှုံးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြောင့်ဟု တပ်မတော်ပြော

Your Thoughts …
Tags: AANLDတောင်ကုတ်ရွေးကောက်ပွဲ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ပုသိမ်မြို့ရှိ ကိုဗစ်အတည်ပြုလူနာများကို ဆေးရုံသို့ပို့ဆောင်ရန် ခေါ်ယူစဉ် / ဧရာဝတီ

ပုသိမ်တွင် ကြိုတင်မဲကောက်သည့် မဲရုံမှူးအပါအဝင် လူ ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

၂၀၁၈ခုနှစ်က ပဲခူး- ကျိုက်ထို အမြန်လမ်းမကြီးတွင် ဆောက်လုပ်မည့် စစ်တောင်းမြစ်ကူး တံတားအသစ်အတွက် JICA အဖွဲ့က ပဲခူးတိုင်းအစိုးရအား ရှင်းပြစဉ် / ပဲခူးတိုင်း အစိုးရအဖွဲ့

JICA စီမံကိန်း ၂ ခုအတွက် ဂျပန်-မြန်မာ ချေးငွေ စာချုပ် ချုပ်ဆို

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate