• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို

by ဆက်ပိုင်တိုး
5 November 2020
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တွေ့ရသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦး  / ဇော်ဇော် / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တွေ့ရသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦး / ဇော်ဇော် / ဧရာဝတီ

50.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များသည် မဲဆန္ဒနယ်အချို့ရှိ ဒေသခံများ၏ လွတ်လပ်စွာမဲပေးခွင့်ကို ခြိမ်းခြောက်မှုများရှိနေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောကြ သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့နှင့် အမည်မဖော်လိုသော ဒေသခံများ၏ အဆိုအရ တာမိုးညဲ ပြည်သူ့ စစ်၊ ပန်းဆေး၊ မန်ပန်၊ ကောင်းခါး၊ မုံးစီးနဲ့ မုံးဟွမ်ပြည်သူ့စစ် အဖွဲ့များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကိုသာ မဲထည့်ရန် ဒေသခံများကို ဖိအားပေးနေကြကြောင်း သိရသည်။

RelatedPosts

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
564
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

8 July 2025
46
သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

8 July 2025
148

ဖိအားပေးခံရသည့် မြို့နယ်များမှာ မန်တပ်ကျေးရွာ ဒွန်ပုံ၊ ဘန်ချန်၊ မတ်ဝမ်၊ နောင်မို၊ တာဟဲ၊ အောက်လောက်၊ နောင်ဖြူးနှင့် နောင်ကျန့်ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်ဟု သိရသည်။

ဒေသခံများက ၎င်းတို့၏ အသက်၊ လုံခြုံရေးကြောင့် ရွာအမည်နှင့် ၎င်းတို့၏ နာမည်များကို ဖြေဆိုရန် ငြင်းဆန် ကြသည်။ ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ စွပ်စွဲချက်များအပေါ် မေးမြန်းရန် ပြည်သူ့စစ် အဖွဲ့များသို့ ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

ကွတ်ခိုင်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တအာင်း (ပလောင်) အမျိုးသား ပါတီမှ မိုင်းကြာထွန်း က “အဲဒီလို ဖိအားပေးပြောဆိုနေတာကို မကြောက်ဖို့၊ ကိုယ့်ဆန္ဒအတိုင်း သတ္တိရှိရှိ မဲပေးဖို့တော့ ရွာသားတွေကို ပြောထားတယ်။ ရွေးကောက်ပွဲက ဒီလိုဖိအားပေးလို့ မရဘူးဆိုတာကိုလည်း ပြောပြထားတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

မိုင်းကြာထွန်း သည် မဲဆွယ်စည်းရုံးရေးခရီးစဉ် ၁ ခုတွင် မုံးစီးပြည်သူ့စစ်တပ်ဖွဲ့၏ တားမြစ်ခံခဲ့ရကြောင်း၊ ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်အချို့တွင် USDP အောင်နိုင်ရေးအလံများကို ကျေးရွာပြည်သူ့စစ်ရုံးခွဲများတွင် လွှင့်ထူ ထားပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက USDP ပါတီအတွက် မဲဆွယ်ပေးနေသည်ကို မြင်တွေ့ခဲ့ကြောင်း လည်း ပြောပြသည်။

ပြည်သူ့စစ်နယ်မြေများအတွင်း မဲဆွယ်စည်းရုံးခွင့်ကို သက်ဆိုင်ရာပြည်သူ့စစ်ကို အကြောင်းကြားစာပေးပို့ပြီး နောက် မဲဆွယ်စည်းရုံးခွင့်ပြုထားသည်ဟု ပြောဆိုကြသော်လည်း ဌာနေတိုင်းရင်းသားပါတီ ကိုယ်စားလှယ် လောင်းများသာ သွားရောက်စည်းရုံးနိုင်ကြကြောင်း၊ အချို့ကိုယ်စားလှယ်လောင်းများကို မဲဆွယ်ခွင့် မရရန် ကန့်သတ်မှုများ ပြုလုပ်မှု ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လာရောက် ကြီးကြပ်ပေးလျက်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး က “အဲဒီလို ဖိအားပေးတဲ့ ပြဿနာတွေကို သက်ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီတွေနဲ့ ညှိနိုှင်း ဖြေရှင်းပေး နေတယ်။ ဒါကို မပြေလည်ရင် လွှတ်တော်ရွေးကောက်ပွဲဥပဒေအတိုင်း တိုင်ကြားပြီး ဆက်လုပ်သွားလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

USDP ပါတီ၏ ရှမ်းပြည် မြောက် ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဝင်း ကတော့ “အဲဒီနယ်တွေမှာ တို့ပါတီကိုဘဲ မဲထည့်ရမယ်လို့ ခြိမ်းခြောက်မှုတွေရှိနေတယ် ဆိုတာက ဒါ နိုင်ငံရေး ထိုးနှက် ချက်သက်သက်ပဲ။ သူတို့ လွတ်လွတ်လပ်လပ် မဲထည့်လို့ရနေတာပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ့စစ်နယ်မြေအတွင်းသို့ ပါတီအနေနှင့် မဲဆွယ်စည်းရုံးရေး မသွားသည့်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်း ဆောင်များကို ပါတီစည်းရုံးရေး အကူအညီတောင်းခံခြင်း မရှိကြောင်း၊ ပြည်သူ့စစ်အပြင် အစိုးရ တပ်မတော်နှင့် မည်သည့်လက်နက်ကိုင်နှင့်မျှ ပတ်သက်မှုမရှိကြောင်း ၎င်း က တုံ့ပြန်ပြောဆိုသည်။

ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိသည့် ဒေသများ တွင်လည်း ၎င်းတို့ လိုလားသည့် ပါတီများကိုသာ မဲထည့်ကြဖို့ ဖိအားပေးပြောဆိုမှုတွေ ရှိနေရာ “လက်နက်ကိုင် အဖွဲ့အစည်းတွေ မှန်သမျှကတော့ သူတို့သြဇာလွမ်းမိုးတဲ့ဒေသမှာ သူတို့ကတော့ တနည်းမဟုတ် တနည်း သြဇာပေးတာပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က ပြောသည်။

ရှမ်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၀ ပါတီရှိပြီး ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ပြည်သူ့လွှတ်တော် ၄၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၉၀ နေရာနှင့် တိုင်းရင်းသား ၇ နေရာ စုစုပေါင်း ၁၅၄ နေရာ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်အင်အား ထောင်ဂဏန်းရှိသည့် ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း ၃၀ ကျော်ရှိပြီး အများစုမှာ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တွေမှာ အခြေချတည်ရှိနေကြသည်။

You may also like these stories:

လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ

လူထု မဲပေးခွင့် ဆုံးရှုံးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြောင့်ဟု တပ်မတော်ပြော

ကမ္ဘောဇတိုင်းက စောင့်ကြည့်ရမယ့် ပါတီစုံ အားစမ်းပွဲ

Your Thoughts …
Tags: USDP ပါတီပြည်သူ့စစ်ရွေးကောက်ပွဲ
ဆက်ပိုင်တိုး

ဆက်ပိုင်တိုး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

Next Post
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / ဧရာဝတီ

နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်

အဆိုတော် သံသာဝင်း  / Than Thar Win's Facebook

“ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ NLD ကို ဝန်းရံတာပါ”လို့ သံသာဝင်း ပြော

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.6k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

7 days ago
6.5k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate