သတင်း

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရခြင်းအား အာရှခေါင်းဆောင်များ ကြိုဆို

Want create site? Find Free WordPress Themes and plugins.

အမေရိကန် ရွေးကောက်ခံ သမ္မတလောင်း ဂျိုးဘိုင်ဒင်ရဲ့ အောင်ပွဲကို အာရှတိုင်းပြည်များက ခေါင်းဆောင်တွေ ချီးကျူးတုံ့ပြန်နေကြပြီ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီက သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတဟောင်း အိုဘားမား လက်ထက်တုန်းကလည်း ဒုသမ္မတအနေနဲ့ အမေရိကန်-အိန္ဒိယဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ပေးခဲ့ကြောင်း အတိတ်ကိုပါ ပြန်လည်ဖော်ထုတ်ပြီး သူ့ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဒါ့အပြင် အိန္ဒိယလူမျိုး မိခင်ကမွေးခဲ့တဲ့ အမျိုးသမီး ဒုတိယသမ္မတလောင်း ကမ္မလာ ဟဲရစ် Kamala Harris ကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပြီး သူမရဲ့အောင်မြင်မှုဟာ သမာရိုးကျက ခွဲထွက်လိုက်တာ ဖြစ်တဲ့အပြင် အိန္ဒိယ-အမေရိကန်တွေအတွက်လည်း ဂုဏ်ယူစရာပါပဲလို့ မိုဒီက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က ကမ္မလာ ဟဲရစ်ကို “Chittis” လို့ သုံးနှုံးခေါ်ဝေါ်ခဲ့ပြီး ဒါဟာ တမီလ်ဘာသာစကားမှာတော့ “ဒေါ်လေး”လို့ အဓိပ္ဗါယ်ရပါတယ်။

တရုတ်နိုင်ငံကတော့ အခု သတင်းရေးချိန်အထိ ဘာမှထုတ်ပြန်ခြင်း မရှိသေးပါဘူး။ တရုတ် အစိုးရပိုင် သတင်းမီဒီယာကတော့ ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲသတင်းကို သတိထားပြီး တုံ့ပြန်နေတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး ဆိုးဝါးတဲ့ကာလကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ ဟောင်ကောင် ဒီမိုကရေစီအရေးတို့ဟာ နှစ်နိုင်ငံဆက်ဆံရေး အကြားမှာ ပြင်းထန်တဲ့ ပွတ်တိုက်ထိတွေ့မှုတွေပဲ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ စုဂါ့ Yoshihide Suga ကတော့ သူ့နိုင်ငံအစိုးရနဲ့ ဂျိုးဘိုင်ဒင်နဲ့ ကမ္မလာဟဲရစ် တို့နဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်သွားမှာဖြစ်သလို အင်ဒိုပစိဖိတ် ဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ လွတ်လပ်ခွင့်နှင့် ကြီးပွားတိုးတက်ခြင်းတို့ကို သေချာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆီယံ Asean အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာတော့ သမ္မတ ရိုဒရီဂို ဒူတာတေး Rodrigo Duterte က ဂျိုးဘိုင်ဒင်ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး အသစ်တက်လာမယ့် အစိုးရနဲ့အတူ ပူးပေါင်းပြီး နှစ်နိုင်ငံ ဝေမျှခံစားတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အတူတကွ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

ဒူတာတေးဟာ ထရမ့်နဲ့ ပိုပြီး စိတ်သဘောထားချင်း တူညီတာဖြစ်ပြီး သမ္မတ အိုဘားမားကို ငရဲပြည်ကို သွားလိုက်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒူတာတေးဟာ ထရမ့်နဲ့ ပိုပြီး စိတ်သဘောထားချင်း တူညီတာဖြစ်ပြီး သမ္မတ အိုဘားမားကို ငရဲပြည်ကို သွားလိုက်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်း Tsai Ing-wen ကတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ဖက်စလုံးရဲ့ ဝေမျှခံစားတဲ့ တန်ဘိုးတွေ အပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် အားလျော့သွားစရာ မမြင်ကြောင်း ပြောဆိုပါတယ်။

သမ္မတသစ် ဂျိုးဘိုင်ဒင်ဟာ ထိုင်ဝမ်သမ္မတနဲ့ တယ်လီဖုန်းစကား ပြောမပြောကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သမ္မတ ထရမ့် သမ္မတဖြစ်ချိန်မှာ ဆိုင်းအင်ဝမ်းနဲ့ ဖုန်းစကားပြောခဲ့ပြီး သူမရဲ့ချီးကျူးဂုဏ်ပြုတဲ့ နှုတ်ဆက်စကားကို လက်ခံခဲ့ပါတယ်။ နှစ်လေးဆယ်အတွင်း အမေရိကန်သမ္မတတွေ မလုပ်ခဲ့တဲ့ သံတမန် ဆက်ဆံမှုကို ထရမ့်က ပြုလုပ်ခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ လက်ထက်မှာ ထိုင်ဝမ်ကို အမေရိကန်က အဆင့်မြင့် အစိုးရကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အိုဘားမားလက်ထက် ပိတ်ပင်ထားတဲ့ အဆင့်မြင့် ရေဒါတပ် ဒုံးကျည်များကို ရောင်းချဖို့ ထရမ့်က ရွေးကောက်ပွဲမတိုင်ခင် အတည်ပြုပေးခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့်လည်း တရုတ်နဲ့ဆက်ဆံရေး ပိုမိုဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani ကတော့ အမေရိကန်နဲ့ ဆက်လက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး အာဖဂန်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

You may also like these stories:

လူထုရဲ့ ယုံကြည်မှုရခဲ့တဲ့ အပေါ် ဂုဏ်ယူကြောင်း သမ္မတလောင်း Joe Biden ပြော

ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ

ဂျိုးဘိုင်ဒင် မဲအသာရနေပြီး ထရမ့်က မဲရလဒ်အပေါ် တရားစွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading