သတင်း

ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှ ထိပ်တန်းဆုံးဖြတ်ချက် ချမှတ်သောအဖွဲ့၏ ကြားဝင်စွက်ဖက်မှုကြောင့် အတိုက်အခံလွှတ်တော်အမတ် ၄ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဟောင်ကောင်မှ ဒီမိုကရေစီ လိုလားသော အတိုက်အခံ လွှတ်တော်အမတ်အားလုံးသည် လွှတ်တော်မှ စုပေါင်း နုတ်ထွက်လိုက်ကြသည်။

ထိုအတိုက်အခံအမတ် ၁၅ ဦး စုပေါင်းနုတ်ထွက်လုက်ခြင်းကြောင့် ဟောင်ကောင်လွှတ်တော်သည် တရုတ်ပြည်မကြီးမှ ရုပ်ပြလွှတ်တော်ကဲ့သို့ တိုးမြှင့်ထားသည့် သက်တမ်း၏ ကျန်ကာလများတွင် အတိုက်အခံမရှိ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

“အားလုံးမဲပေးခွင့် ကတိကို တရုတ်အနေနဲ့လိုက်နာဖို့ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး ကျနော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ လမ်းကြောင်းသစ်ကို ကျနော်တို့ ဆက်လက်ရှာဖွေမယ်။ ကျနော်တို့ အရှုံးမပေးဘူး”

“ဘေ့ဂျင်းက တနိုင်ငံစနစ်နှစ်မျိုးကို လုံး၀ စွန့်လွှတ်လိုက်တယ်ဆိုတာကို ဒီနေ့ဆုံးဖြတ်ချက်က ပြသနေတယ်” ဟု ဟောင်ကောင်မှ အကြီးမားဆုံး အတိုက်အခံဖြစ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဝူချီဝေက နေ့လည်ခင်းနှောင်းပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ တနိုင်ငံ စနစ်နှစ်မျိုးစနစ်သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်ထံမှ ဟောင်ကောင်ကို လွှဲပြောင်းလက်ခံပြီးနောက် အသုံးပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်သည်။

“အားလုံးမဲပေးခွင့် ကတိကို တရုတ်အနေနဲ့လိုက်နာဖို့ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး ကျနော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ လမ်းကြောင်းသစ်ကို ကျနော်တို့ ဆက်လက်ရှာဖွေမယ်။ ကျနော်တို့ အရှုံးမပေးဘူး”ဟု ဝူပြောသည်။

တရုတ်အမျိုးသားကွန်ဂရက် အမြဲတန်းကော်မတီ NPCSC က ဆုံးဖြတ်ချက်သစ်တခုကို ချမှတ်ပြီး ထိုသတင်းကို နိုင်ငံပိုင် ဆင်ဟွာသတင်းကဖေါ်ပြပြီးနောက် ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသည့် လွှတ်တော်က်ိုယ်စားလှယ် ၄ ဦးကို ရာထူးမှ ဖယ်ရှားခဲ့သည်။

အရည်အချင်းပျက်ယွင်းသည်ဟု သတ်မှတ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အယ်ဗင်ယန်း၊ ကော့ကာကီ၊ ဒင်းနစ်ကော့နှင့် ကက်နက်လန်း တို့သည် ဟောင်ကောင်အခြေခံဥပဒေကို လိုက်နာခြင်းမရှိသောကြောင့် စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည် ဥပဒေပြုကောင်စီရွေးကောက်ပွဲမှ ပိတ်ပင်ခြင်းခံရသည်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် ထိုကြေညာချက်အရ အထက်ပါ လွှတ်တော်က်ိုယ်စားလှယ်များသည် အမေရိကန်အစိုးရက ချမှတ်သည့် ၂၀၁၉ ခုနှစ် ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အက်ဥပဒေနှင့် လွန်ခဲ့သောနှစ်က အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုနှင့်ပတ်သက်သည့် ဒေသဆိုင်ရာအရာရှိများအား အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံသောကြောင့်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများကို နောက်နှစ်အထိ ဆိုင်းငံ့ထားသည်။

“ဒီဥပဒေပြုလွှတ်တော်အတွက် အနာဂတ်ဆိုတာမရှိဘူး။ ဒီလိုအရည့်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်တာဟာ ဟောင်ကောင်ဥပဒေပြုလွှတ်တော်ကို အသက်မဲ့စေတယ်” ဟု ယန်းက အစိုးရ၏ကြေညာချက်နှင့် ပတ်သက်ပြီးပြောကြားသည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များ အစုလိုက် နုတ်ထွက်ခြင်းမတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလန်းက ဘေ့ဂျင်း၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားပြီး ဗဟိုအစိုးရသည် အခြေခံဥပဒေကို ဖွင့်ဆိုပ်ိုင်ခွင့်နှင့် အကောင်အထည်ဖေါ်ရာမှ ပေါ်ပေါက်လာသော ပြဿနာများကို ကိုင်တွယ်ခွင့်ရှိကြောင်းပြောသည်။

အတိုက်အခံမရှိတော့ဘဲ အစိုးရ၏ ဥပဒေကြမ်းများကို လျှင်မြန်စွာ အတည်ပြုနိုင်တော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားမိကြောင်း လန်းကပြောကြားသော်လည်း ဥပဒေပြုလွှတ်တော်သည် ရုပ်ပြမဟုတ်ကြောင်း သူပြောသည်။

“အမျိုးသားလုံခြုံရေး ဥပဒေက ဒီမိုကရေစီလိုလားသူတွေကြားက အယူအဆ ပြင်းထန်သူတွေကို ဖိနှိပ်တယ်။ ဒါပေမယ့် ဒီနေ့ဆုံးဖြတ်ချက်ကတော့ အလယ်အလတ်သဘောထားရှိသူတွေ လှုပ်ရှားနိုင်မယ့် နယ်ပယ်ကိုပါ ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း အထင်အရှားပြသနေတယ်”

ဘေ့ဂျင်းသည် ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသော အုပ်စုများကို ဘက်စုံဖိနှိပ်ရေး သေနင်္ဂဗျူဟာကို ကျင့်သုံးနေကြောင်း ထိုဆုံးဖြတ်ချက်က ပြသနေသည်ဟု ဟောင်ကောင်တက္ကသိုလ် အစိုးရနှင့် အများပြည်သူ စီမံခန့်ခွဲရေးဌာနမှ ဝါရင့် ကထိက အိုင်ဗင် ချွိုင်ချီကန်ပြောသည်။

“အမျိုးသားလုံခြုံရေး ဥပဒေက ဒီမိုကရေစီလိုလားသူတွေကြားက အယူအဆ ပြင်းထန်သူတွေကို ဖိနှိပ်တယ်။ ဒါပေမယ့် ဒီနေ့ဆုံးဖြတ်ချက်ကတော့ အလယ်အလတ်သဘောထားရှိသူတွေ လှုပ်ရှားနိုင်မယ့် နယ်ပယ်ကိုပါ ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း အထင်အရှားပြသနေတယ်”ဟု သူဆက်ပြောသည်။

NPCSC ၏ ဆုံးဖြတ်ချက်အရ ဟောင်ကောင်လွတ်လပ်ရေးကို အားပေးထောက်ခံကာ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံအချုပ်အခြာအာဏာပိုင်ခြင်းကို ငြင်းဆန်ပြီး ဟောင်ကောင်ရေးရာများတွင် ပြည်ပစွက်ဖက်မှု တောင်းခံ သို့မဟုတ် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသောလုပ်ရပ်ကျူးလွန်သူများသည် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မပြည့်မီသူများဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ဟောင်ကောင်မှ ဒီမိုကရေစီ လိုလားသော အတိုက်အခံ လွှတ်တော်အမတ်အားလုံး လွှတ်တော်မှ စုပေါင်း နုတ်ထွက်လိုက်ကြသည်

ထိုဆုံးဖြတ်ချက်သည်တရုတ်နိုင်ငံ၏ လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် တိုးတက်မှုအကျိုးစီးပွားအတွက် လိုအပ်သင့်တော်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း NPCSC ဥက္ကဌ လီကျန်ရှုပြောသည်။ ထိုဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဟောင်ကောင်ရေးရာများကို ကြီးကြပ်သည့် ဘေ့ဂျင်းမှ ဌာနနှစ်ခုကလည်း သီးခြားကြေညာချက်များဖြင့်ဖေါ်ပြသည်။

ဟောင်ကောင်မှ ရာဇဝတ်မှုအတွက် သံသယရှိသူများကို တရုတ်ပြည်မကြီးနှင့် အခြားနေရာများသို့ လွှဲပြောင်းပေးရန် ဥပဒေကြမ်းကို အစိုးရက ပြန်လည်ရုပ်သိမ်းရသည့် လူထုဆန္ဒပြပွဲများဖြစ်ပေါ်သည့် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ဟောင်ကောင်သည် နိုင်ငံရေးအရ ဖရိုဖရဲဖြစ်နေသည်။

ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က အင်အားသုံး တုံ့ပြန်မှုများနှင့် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို အစိုးရကဖြေရှင်းပေးရန် ပျက်ကွက်ခြင်းတို့ကြောင့် နောက်လ အတန်ကြာသောအခါ အတိုက်အခံပါတီများ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရကြသည်။

ဇွန်လတွင် ဘေ့ဂျင်းက ဟောင်ကောင်အတွက် အမျိုးသား လုံခြုံရေး ဥပဒေကြမ်းကို ပြဋ္ဌာန်းလိုက်သောအခါ နိုင်ငံရေးအခြေအနေထပ်မံပြောင်းလဲသွားပြီး ခွဲထွက်ရေး၊ သဘောထားကွွဲလွဲခြင်းနှင့် ပြည်ပ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သူ မည်သူမဆိုကို ပြည်မကြီးတွင် တသက်တကျွန်းအထိထောင်ချမှတ်နိုင်စေသည်။

ကိုးကား။ ။ Nikkei Asia, South China Morning Post

You may also like these stories:

တရုတ်က နှုတ်ဆိတ်နေချိန် ဂျိုးဘိုင်ဒင်နှင့် ခါမလာဟဲရစ်ကို ထိုင်ဝမ်က ဂုဏ်ပြု

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရခြင်းအား အာရှခေါင်းဆောင်များ ကြိုဆို

ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading