• English
Tuesday, December 5, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          စစ်ပွဲအတွင်း ပြည်သူများ သေဆုံးထိခိုက်မှု ရခိုင်လွှတ်တော်တွင် မေးခွန်းထုတ်

          by ခိုင်ရိုးလ
          16 November 2020
          in သတင်း
          Reading Time: 1 min read
          A A
          ရခိုင်ပြည်နယ်လွှတ်တော် / ခိုင်ရိုးလ / ဧရာဝတီ

          ရခိုင်ပြည်နယ်လွှတ်တော် / ခိုင်ရိုးလ / ဧရာဝတီ

          6.6k
          VIEWS
          Share on FacebookShare on Twitter

          ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် AA တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် အရပ်သား ပြည်သူတို့မှာ နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရမှုများ တိုးလာနေသည့်အတွက် နစ်နာသူတို့အား ပြည်နယ်အစိုးရ အနေဖြင့် ကူညီ ဆောင်ရွက်မှု အားနည်းနေသည့်အပေါ် ရခိုင်လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့သည်။

          ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပုဏ္ဍားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က အစိုးရမှ ပြည်သူ တို့ အပေါ်တွင် ကူညီထောက်ပံ့ ဆောင်ရွက်မှု အားနည်းနေသည့်အတွက် ယင်းသို့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

          RelatedPosts

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          4.8k
          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

          4 December 2023
          1.2k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          24k

          ဦးအောင်သန်းတင်က “အစိုးရအဖွဲ့က သေဆုံးသူတွေကို ၃ သိန်း၊ ဒဏ်ရာရတဲ့ သူကို ၂ သိန်း၊ ဒဏ်ရာနည်းတဲ့သူကို ၁ သိန်း အဲဒီလို ပေးတာတော့ ရှိတယ်။ ဒါတွေကို ခံရသူတွေ၊ ဒုက္ခသည်တွေက မြေပြင်အခြေအနေမှာ သူတို့ပြောပြတာက တော့ စိတ်ခံစားမှုတွေကို အစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုက အရမ်း ကူညီထောက်ပံ့မှုက အရမ်းအားနည်းနေ တယ်။ ဒါတွေကို အားမလိုအားမရ ဖြစ်တဲ့အတွက် အခုလို လွှတ်တော်မှာ မေးခွန်း မေးမြန်းရတာ ဖြစ်တယ်” ဟု ဆိုသည်။

          စစ်ပွဲနှင့် မသက်ဆိုင်ဘဲ မိမိနေအိမ်တို့တွင် နေထိုင်ရင်း လက်နက်ကြီးလက်နက်ငယ်ကျည်များ ကျရောက်ပြီးသေဆုံးခဲ့မှု၊ ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးရသူများအား စိတ်ဓာတ်ရေးရာနှင့် နာကျင်မှုများကို ဖြေလျော့ပေးနိုင်ရန် အပါအဝင် အနာ ဂတ်ဘဝ ရပ်တည်နိုင်ရေးအတွက် အစိုးရအနေဖြင့် ထိရောက်သည့် ရေရှည် အစီအမံများ ဆောင်ရွက်ပေးပြီး ဘေးကင်း လုံခြုံအောင် ဆောင်ရွက်ပေးရန် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်းလည်း ဦးအောင်သန်းတင်၏ မေးခွန်းတွင် ပါရှိသည်။

          ယင်းမေးခွန်းနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက တိုက်ပွဲဖြစ်စဉ်များ အပါအဝင် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှုတို့နှင့် ပတ်သက်ပြီး ဒဏ်ရာရသူတို့ကို အချိန်မီ ဆေးကုသခံယူနိုင်ရေးအပြင် နိုင်ငံတကာ ICRC တို့နှင့်လည်း အဆင်ပြေအောင် တတ်နိုင်သလောက် ဆောင်ရွက် ထားကြောင်း ယနေ့ လွှတ်တော်တွင် ဖြေကြားခဲ့သည်။

          လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက “ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ အရပ်သား ထိခိုက်တာတွေကတော့ ရှိပါတယ်။ ဒါတွေကို နှစ်ဘက်က လူ့ဂုဏ်သိက္ခအရ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေနဲ့ ထိတွေ့တဲ့သူတွေ ဖြစ်တဲ့အတွက် အစိုးရနဲ့ ပူးပေါင်းပြီး ပြောဆိုရမယ်။ ကျနော် တို့ဘက်ကလည်း ဒါမျိုးတွေကို မဖြစ်အောင် တတ်နိုင်သမျှ လုပ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းရင်းသား လူမျိုး တွေ အသက် အန္တရာယ်ဆုံးရှုံးမှု၊ ထိခိုက်မှုတွေ လျော့နည်းသွားအောင် အစိုးရဘက်ကလည်း ကူညီဆောင်ရွက် ပေးလျက် ရှိပါတယ်” ဟုပြောသည်။

          လက်ရှိတွင် ရခိုင်ပြည်နယ်အစိုးရ အနေဖြင့်လည်း ဒုက္ခသည်အရေးနှင့် အရပ်သား ထိခိုက်ဒဏ်ရာရမှု လုပ်ငန်းများ ဆောင် ရွက်ရာတွင် အောက်ခြေမြေပြင်သို့ ကူညီဆောင်ရွက်ရေးသွားရန် လုံခြုံရေးအရ အခက်အခဲများ ရှိနေသည့်အတွက် ဒေသ ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းသင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

          လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ အစိုးရဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုက္ခသည်တွေအတွက် အစိုးရက ကူညီပေးမှုတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်။ ဒဏ်ရာရသူတို့ကို အချိန်မီ ဆေးကုနိုင်ဖို့ လွယ်ကူချောမွေ့စေဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဖြေတယ်။ ဒါအစိုးရပိုင်းကလည်း တကယ်တမ်းသွားရေးလာရေး ကိုယ်တိုင်သွားလုပ်ဖို့ ခက်တယ်။ အကောင်းဆုံးကတော့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် သင့်တယ်။ ဒါမျိုးတွေကတော့ အစိုးရဘက်က အားနည်းချက်တွေ ရှိခဲ့တယ် ” ဟု ဆိုသည်။

          ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ လကုန်ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် အထိ ရှိလာနေကြောင်း ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း များထံမှ သိရသည်။

          စစ်ပွဲကာလ ၂နှစ်ကျော်အတွင်း ထိခိုက်သေကြေမှု များ အပြင် AA အဖွဲ့က ပလက်ဝမြို့နယ်၏ အမျိုးသား လွှတ်တော် အမတ် ဦးဝှေ့တင်း ကို ဖမ်းဆီးခဲ့ခြင်း၊ ဆုထူးပန်ကုမ္ပဏီမှ အရပ်သား ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ဘူးသီးတောင် မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို အဖမ်းခံခဲ့ရပြီး ၎င်းတို့လက်အတွင်း သေဆုံးသွားခြင်း၊ ရပ်ရွာလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နောက်ဆုံးလုပ်ရပ်မှာ တောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်မည့် NLD ပါတီ၏ ဖမ်းဆီး သွားသည်မှာ ယနေ့တိုင် ပြန်လွှတ်မပေးသေးခြင်းတို့ ဖြစ်ခဲ့သည်။

          စစ်ဘေးရှောင် အရေးနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို စာရင်းကောက်ယူနေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်း အရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့ စာရင်းအရတော့ အရပ်သား သေဆုံးသူ ၃၈၀ ဦးနဲ့ ဒဏ်ရာ ရသူ ၆၉၄ ဦးစုစုပေါင်း လူဦးရေ ၁၀၇၄ ဦးရှိနေပြီ။ ပထမတုန်းက တိုက်ပွဲ ဖြစ်စဉ်တွေနဲ့ ကြားညှပ်ပြီး ဆက်စပ်တယ်။ နောက်ပိုင်းမှာတော့ စစ်အတွင်း ကြွင်းကျန်လက်နက် ပစ္စည်းတွေ၊ မိုင်းနင်းတာတွေ သံသယနဲ့ ဖမ်းဆီးပြီး သေဆုံးသူတွေ လည်း ပါလာတယ်။ အဓိကတော့ စစ်ရေးလှုပ်ရှားမှု၊ စစ်ဆင်ရေးတွေလုပ်တဲ့ အခါမှာ နှစ်ဘက်တပ်တွေအနေနဲ့ အရပ်သား တွေကို မထိခိုက်စေဖို့အတွက် အရပ်သားတွေရှိတဲ့ နေရာတွေကို ရှောင်ရှားသင့်တယ်” ဟု ဆိုသည်။

          ယင်းအပြင် နှစ်ဘက်လက်နက်ကိုင်များ အနေဖြင့်လည်း ယင်းသို့ အရပ်သားပြည်သူများ ထိခိုက်မှုရှိနိုင်သည့် နေရာတို့တွင် စစ်ရေးလှုပ်ရှားမှုတို့ကို မပြုလုပ်ကြရန် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ကြောင်းလည်း ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။

          လက်ရှိရခိုင်မြောက်ပိုင်းတွင် စစ်ရေး ပဋိပက္ခကြောင့် ကျေးရွာများ မီးရှိုးခံရမှု၊ သံသယဖြင့် နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှု တို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော်တို့မှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

          You may also like these stories:

          အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ

          အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်

          ၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

          Your Thoughts …
          Tags: စစ်ရေးပဋိပက္ခဒုက္ခသည်ပြည်နယ်လွှတ်တော်အစိုးရ
          ခိုင်ရိုးလ

          ခိုင်ရိုးလ

          Similar Picks:

          စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

          စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

          by David Scott Mathieson
          10 August 2023
          6.2k

          မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

          အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ

          အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ

          by Emily Fishbein
          1 September 2023
          2.5k

          အိန္ဒိယ ဗဟိုအစိုးရသည် ဒုက္ခသည်များအဖြစ် အသိအမှတ် မပြုဘဲ လူသားချင်းစာနာမှု အကူအညီလည်း မပေးပေ။

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          by ဧရာဝတီ
          26 September 2023
          1.5k

          အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်အုပ်စုများသည် Burma Act ဥပဒေ အတည်ပြုရေး လော်ဘီလုပ်ရာတွင်လည်း အရေးပါသောအခန်းမှ ပါဝင်ကြသည်။

          အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

          အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

          by ဧရာဝတီ
          27 September 2023
          1k

          မဏိပူရပြည်နယ်သည် နယ်စပ် ခြံစည်းရိုးကို နောက်ထပ် ကီလိုမီတာ ၇၀ (၄၄ မိုင်) စတင် တိုးချဲ့ရန် စီစဉ်နေသည်။

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

          by Muktadir Rashid
          30 November 2023
          609

          ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာ လုပ်ကြံခံရပြီးနောက် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်တွင် စစ်အာဏာသိမ်းမှုကို လူမျိုးပေါင်းစုံသပိတ် ဆန္ဒပြစဉ် / ဧရာဝတီ

          တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်

          by ဒေဝီမြင့်
          3 July 2023
          8.5k

          လက်ရှိအချိန်အထိ NUG ၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်သည့်လုပ်ငန်းစဉ်သည် EROs များနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးမှုအဆင့် လွန်စွာနည်းနေပုံရသည်။

          Next Post
          ၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည်တော်အဝင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဆေးစစ်ရန် ဆောင်ရွက်နေစဉ် / သီဟလွင် /  ဧရာဝတီ

          နေပြည်တော်တွင် ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျလာ

          WHO အကြီးအကဲ Tedros Adhanom Ghebreyesus

          COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          2 days ago
          11.8k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          5 days ago
          10.6k

          Most Read

          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • လမ်ပန်းက ပြန်ခဲ့တယ်

            shares
            Share 0 Tweet 0
          • စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved