“ကမ္ဘာချီ ကင်ပိန်းကို ယေဟောဝါသက်သေတွေ အစပြုလုပ်ဆောင်ကြ”
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတစ်လလုံးမှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ “ဘုရားသခင့်နိုင်ငံတော် ဆိုတာ ဘာလဲ” ခေါင်းစဉ်ရှိတဲ့ ကင်းမျှော်စင် မဂ္ဂဇင်းကို ဝေငှကြပါမယ်။ အဲဒီမေးခွန်းရဲ့အဖြေကို ယုံကြည်မှု မတူတဲ့ လူများစွာ စိတ်ဝင်စားနေကြတာ နှစ် ရာနဲ့ချီ ရှိနေပါပြီ။ ယေဟောဝါသက်သေတွေဟာ အဲဒီမဂ္ဂဇင်းကို အများပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တရားရေးအရာရှိတွေ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတော်အဆင့် အစိုးရအရာရှိတွေဆီ ပေးပို့ကြပါမယ်။ ဒေသန္တရ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဒီကင်ပိန်းကို လုပ်ဆောင်သွား ကြပါမယ်။ အီလက်ထရောနစ် နည်းလမ်းတစ်မျိုးမျိုးကိုသုံးပြီး တွေ့ဆုံလည်ပတ်တာ၊ မဂ္ဂဇင်းဝေငှတာတွေလည်း ပါဝင် နိုင်ပါတယ်။
လူအတော်များများက ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်ဖို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဘယ်တော့အုပ်ချုပ်မှာလဲ၊ ဘာတွေလုပ်ဆောင်ပေးမှာလဲ ဆိုတာကိုတော့ အသေအချာ မသိကြဘူး။ အဲဒီမေးခွန်း တွေရဲ့ အဖြေကို သမ္မာကျမ်းစာထဲမှာ အလွယ်တကူရှာတွေ့နိုင်တဲ့အကြောင်း မဂ္ဂဇင်းမှာ ရှင်းပြထားပါတယ်။ ဘုရားသခင့် နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိစကားတွေဟာ စာဖတ်သူတွေကို နှစ်သိမ့်မှုဖြစ်စေမယ်၊ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေ မရှိတော့မယ့်နေ့ကို မျှော်လင့်စေမယ်လို့ ယုံကြည်ပါတယ်။
အီလက်ထရောနစ်အသွင်နဲ့ မဂ္ဂဇင်းကို ယေဟောဝါသက်သေတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org မှာ ဘာသာ စကားပေါင်း ၂၈၀ နဲ့ ဖတ်ရှုနိုင်ပါတယ်။ (စာကြည့်တိုက်မဂ္ဂဇင်းများ အောက်မှာ ကြည့်ပါ)
Sponsored article ဖြစ်ပါသည်။