သတင်း

NLD ကိုယ်စားလှယ်လောင်း ကျောက်မဲတွင် ပစ်သတ်ခံရ

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၁) အနိုင်ရကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာနေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ် သတ်ဖြတ်သွားသည့် လက်သည်ကို မသိရသေးသော်လည်း ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ဖြစ်ပွားသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ပြန်ကြားရေးအဖွဲ့ဝင် ဒေါ်ခိုင်သဇင်ဦး က အတည်ပြုသည်။

ဒေါ်ခိုင်သဇင်ဦး က “အိမ်မှာ ဘုရားရှိခိုးပြီး ထွက်အလာ ကွမ်းယာရာနေတဲ့ချိန် လာပစ်သွားတယ်လို့ ကနဦးသိထားတယ်။ ခုတော့ OPD ကနေမှ ဆုံးသွားလို့ ရင်ခွဲရုံကို ပို့လိုက်ပြီလို့ ကြားတယ်” ဟု ပြောသည်။

ဦးထိုက်ဇော် နေထိုင်သည့် ကျောက်မဲမြို့နယ်အတွင်း လက်နက်အဖွဲ့အစည်းများဖြစ်သည့် အစိုးရတပ်မတော်၊ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားကြသည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစိုးထွန်း ၏ ကျောက်မဲမြို့နေအိမ်ကို သေနတ်ငယ် နှစ်ချက် လာရောက်ပစ်ခတ်သည့် ချိန်းခြောက်မှုတခုလည်း ဖြစ်ပွားခဲ့သည်။

You may also like these stories:

ဒဂုံဆိပ်ကမ်းမြို့နယ် မုန့်လုပ်ငန်းတခုတွင် ကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံရဟုဆို

မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု အမြင့်ဆုံးပြစ်ဒဏ်ချ

Loading