• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

by ခိုင်ရိုးလ
25 November 2020
in သတင်း
A A
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း တခု / ခိုင်ရိုးလ / ဧရာဝတီ

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း တခု / ခိုင်ရိုးလ / ဧရာဝတီ

3.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် AA တို့ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်နေရာ မြို့နယ် အသီးသီးမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ကြကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များတွင် ဒေသခံများ မဲပေးခွင့် မရရှိခဲ့ကြ ခြင်းမှာ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်း ဖြစ်ကြောင်း၊ ထို့အတွက် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် ရက္ခိုင်စစ်တပ် (AA) က အစိုးရနှင့် တပ်မတော်တို့ကို မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ကြေညာ ချက် တစောင် ထုတ်ပြန်ပြီးနောက် တပ်မတော်မှ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ရာ နောက်ပိုင်းတွင် နှစ်ဖက်တပ်များ ၏ စစ်ရေးလှုပ်ရှားမှု၊ လက်နက်ကြီး ပစ်ခတ်မှုများ သိသိသာသာ ရပ်တန့် သွားခြင်း ဖြစ်သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
21
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
35
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
175

ရသေ့တောင်မြို့တွင် ယခင်က မယူမြစ်တလျှောက် တပ်မတော်ရေယာဉ်များ သွားလာရာတွင် ပစ်ခတ်ခံရသဖြင့် အပြန် အလှန် တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့ကြောင်း၊ ထို့အတွက် ကြက်ရိုးဆိပ် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြ သည့် စစ်ဘေးရှောင်း ၁၅၀၀ ကျော်မှာ ပြီးခဲ့သည့် ရက်ပိုင်းက နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများ က ပြောသည်။

“အရင်တုန်းကဆိုရင် မယူမြစ်ကြောင်း မှာ နေဗီတွေက အတက်အဆင်း လုပ်တိုင်း ပစ်ခတ်မှုတွေ ရှိတယ်။ အခုကတော့ နေဗီတွေ တက်တာဆင်းတာ မရှိတော့ သလို ပစ်ခတ်မှုတွေ မရှိတော့ဘူး။ နယ်မြေ အေးချမ်းနေတယ်။ ဒါကြောင့် မိုးရာသီ က စိုက်ပျိုးထားတဲ့ စပါးတွေလည်း ရင့် မှည့်နေကြတော့ ရိတ်သိမ်းရတော့မယ်လေ။ ဒီမှာက လယ်သမားတွေ အများစု ပါတယ်ဆိုတော့ စပါးရိတ်သိမ်းဖို့အတွက် ပြန်သွားကြတာ” ဟု ရသေ့တောင်မြို့နယ် ကြက်ရိုးဆိပ် စစ်ဘေးရှောင် စခန်း တာဝန်ခံ ဦးသန်းထွန်းဝင်း ပြောသည်။

ယင်းစစ်ဘေးရှောင် ၁၅၀၀ ကျော်တို့မှာ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာနှင့် မင်းကမ်းချောင်း ကျေးရွာတို့မှ ဖြစ်ကြပြီး ပြီးခဲ့သည့်လကတည်းကပင် နေရပ်စွန့်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်ပြီး ဦးသန်းထွန်းဝင်းက “အခုလို နယ်မြေအေးချမ်းနေတာဟာ AA က ထုတ်ပြန်ထားတာ ရှိတယ်။ ဒီဇင်ဘာ မကုန်ခင် အပစ်ခတ် ရပ်စဲထားပြီး ရွေးကောက်ပွဲ လုပ်ပေးဖို့ကိစ္စနဲ့ အဓိက သက်ဆိုင်တယ်လို့ ပြောရမယ်ပေါ့။ ကျနော်တို့ ကလည်း လက်ရှိ အခြေအနေကို ဝမ်းသာနေကြတာ။ ဒါပေမယ့်လည်း ဒီဇင်ဘာလကုန်ရင် အရင်ကလို စစ်ပွဲတွေဖြစ်လာ မှာကိုလည်း စိုးရိမ်နေတယ်။ ဒီအတိုင်းပဲ အေးချမ်းစွာ နေထိုင်ချင်တာ” ဟု ပြောသည်။

ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတို့မှ စစ်ဘေးရှောင်တချို့မှာလည်း နယ်မြေ အေးချမ်းနေသည့် အတွက် မိမိနေရပ် သို့ ယာယီသွားရောက်ကာ စပါးရိတ်သိမ်းခြင်းအပြင် နေအိမ်များကို သွားရောက် ကြည့်ရှုခြင်းများရှိ နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ရသေ့တောင်မြို့ခံ ကိုဘက္ကာက ပြောသည်။

“အခု ကာလမှာတော့ အနည်းငယ် အေးချမ်းလာတဲ့အတွက် စစ်ဘေးရှောင်တွေက စိတ်ချမ်းသာနေကြတယ်။ တပ်မတော် နဲ့ AA တို့ဘက်ကလည်း အချင်းချင်းဆွေးနွေး ညှိနှိုင်းမှုတွေ ဒီထက်မက ရစေချင်တယ်” ဟု ဆိုသည်။

အလားတူ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်း၊ ဇိုင်ချောင်း၊ လမ်းကွေ့၊ ကုလဘာ၊ စိုင်ခြုံ၊ ကပ်သပြေ၊ ကုလားပုန်း၊ ကျောက်ဆောက် စသည့် ကျေးရွာတို့မှ လူဦးရေ၂၀၀၀ ကျော်တို့မှာ ကျေးရွာအနီး နှစ်ဖက်တပ်များ၏ စစ်ရေး လှုပ်ရှားမှုများ ရှိခဲ့မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းက ကျောက်ဖြူမြို့တွင် လာရောက် ခိုလှုံမှုများ ရှိခဲ့သည်။

၎င်းတို့မှာ ကျောက်ဖြူမြို့ပေါ်ရှိ အောင်မင်္ဂလာ၊ မြို့မအလယ်ကျောင်း၊ အလင်းရောင်ကျောင်း၊ သိမ်တောင်၊ ဂုံးချိန် စသည့် ဘုန်းကြီးကျောင်းများနှင့် တခြားဆွေမျိုးများ နေအိမ်တို့တွင် နေထိုင်ခဲ့ရာမှ လက်ရှိတွင် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း အကူအညီပေးနေသူများထံက သိရသည်။

ကျောက်ဖြူ အခြေစိုက် ဖြူစင်သော ကမ်းလက် ပရဟိတအဖွဲ့မှ ဒေါ်မြဖုန်းမိုရ်က “ပထမကတော့ အမျိုးသမီးတွေက ပြန် သွားကြတယ်။ နောက်မှ အမျိုးသားတွေက လိုက်ပြန်သွားကြတာ။ သူတို့ကတော့ စပါးရိတ်သိမ်းမယ် ဆိုပြီးတော ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြန်သွားခဲ့ကြတာ” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂ ရက်က ဇိုင်ချောင်းကျေးရွာဘက်သို့ အရပ်ဝတ်ဖြင့် လာရောက်ခဲ့သည့် တပ်မတော်သား ၅ ဦးထဲမှ ၂ ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက်တွင် တပ်မတော်စစ်ကြောင်းများက ကျေးရွာသားများကို ဇိုင်ချောင်း စာသင်ကျောင်းတွင် လူစုပြီး ၃ ရက်ကြာ ထိန်းသိမ်း စစ်ဆေးမှုများရှိခဲ့သည်။

ယင်းကြောင့် ဇိုင်ချောင်း ကျေးရွာသားများအပြင် အနီးနားမှ သိုင်းချောင်းစသည့် ကျေးရွာသားများမှာ ကြောက်လန့်ကြ၍ ကျောက်ဖြူမြို့ပေါ်တွင် တလကျော်ကြာ လာရောက် ခိုလှုံခဲ့ကြခြင်းလည်း ဖြစ်သော်လည်း လက်ရှိတွင် ဒေသ အေးချမ်း လျက် ရှိကြောင်း သိရသည်။

သိုင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းတင် က “ရွာသားတွေ အားလုံးက အိမ်ပြန်ရောက်လာကြပါပြီ။ ပထမ တခေါက်ကတော့ စစ်ကြောင်းတွေ ရှိသေးတယ်ဆိုပြီး ပြန်ရှောင်ခဲ့ကြသေးတယ်။ အခုကတော့ စစ်ရေးလှုပ်ရှားမှုတွေ လည်း ဘာမှ မရှိတော့ဘူး။ ရွာမှာ အေးအေးချမ်းချမ်း ဖြစ်နေပါပြီ” ဟု ပြောသည်။

ထို့အတူ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းတွင် လာရောက် ခိုလှုံနေကြသည့် အမ်းမြို့နယ် ဒါးလက် ချောင်းကြောင်းမှ ကျေးရွာသား တချို့မှာလည်း နေရပ်ပြန်မှုများ ရှိနေကြောင်း ကမ်းထောင်းကြီးမြို့မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးအောင်ဝင်းမြင့် က ပြောသည်။

ကမ်းထောင်းကြီးမြို့ ရက္ခဒါန ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးအောင်ဝင်းမြင့်က “ဒီကိုရောက်နေကြတဲ့ အမ်းမြို့နယ် သရက်ပြင်ချောင်းနဲ့ ရှောက်ခြုံ ကျေးရွာသား ၂၀၀ ကျော်တို့လည်း ရွာပြန်သွားကြတယ်။ ရွာမှာရှိတဲ့ သူတို့ လယ်ယာတွေ၊ နေအိမ်တွေကို သွားကြည့်ကြတာ။ နောက်လည်း ပြန်မယ့်သူတွေ ရှိသေးတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်ကျော် အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေ ဆုံးသူ ဒဏ်ရာရသူတို့လည်း ပို၍ များပြားလာနေခဲ့သည်။

ယင်းသို့ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများ ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် နှစ်ဖက်တပ်များ၏ ဖမ်းဆီး ထိန်းသိမ်းခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိတွင် စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော် ရှိကြောင်း စစ်ဘေးရှောင်အရေး စာရင်းကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

You may also like these stories:

အချိန်မရွေး စစ်ဆင်ရေးကြီးတွေ ထဖြစ်နိုင်ပါတယ်

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

Your Thoughts …
Tags: AAတပ်မတော်တိုက်ပွဲနေရပ်ပြန်ရခိုင်စစ်ဘေးရှောင်
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
သရုပ်ဆောင် စမိုင်းလ် / Smile's Facebook

တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်

ဒူဘိုင်းမြို့

Emirates က ခရီးသည်တွေကို ကြယ်ငါးပွင့် ဟိုတယ်မှာ အခမဲ့ တည်းခွင့်ပြုမည်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate