• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံအားလုံး ကိုဗစ်ကာကွယ်ဆေး လက်လှမ်းမီစေရန် G-20 ကတိပြု

by ဧရာဝတီ
25 November 2020
in သတင်း
A A
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နိုင်ငံအားလုံးက မျှတစွာ လက်လှမ်းမီစေရန် G-20 ခေါင်းဆောင်များက ကတိပေးခဲ့ကြသည် / Getty 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နိုင်ငံအားလုံးက မျှတစွာ လက်လှမ်းမီစေရန် G-20 ခေါင်းဆောင်များက ကတိပေးခဲ့ကြသည် / Getty 

24.7k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တီထွင်ထုတ်လုပ်နိုင်သည့် အချိန်တွင် နိုင်ငံအားလုံးက မျှတစွာ လက်လှမ်းမီစေရန်နှင့် ကမ္ဘာ့စီးပွားရေးကို ကပ်ရောဂါ၏ သက်ရောက်ခြင်းမှ ထိခိုက်မှု သက်သာလျော့နည်းစေရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည် ဖြစ်ကြောင်း G-20 အဓိက စီးပွားရေး နိုင်ငံ ၂၀ ၏ ခေါင်းဆောင်များက ကတိပေးခဲ့ကြသည်။

G-20 နိုင်ငံများက လူတိုင်းအတွက် ကိုဗစ်-၁၉ ရောဂါကုထုံးနှင့် ကာကွယ်ဆေးများကို “ အားလုံး တတ်နိုင်ပြီး တန်းတူညီမျှစွာ ရရှိနိုင်မှု” ကို သေချာစေရန် တတ်နိုင်သမျှ အားထုတ်သွားမည်ဟု ဆော်ဒီအာရေဗီးယား နိုင်ငံက သဘာပတိအဖြစ် ဦးဆောင်၍ ၂ ရက်ကြာ ကျင်းပခဲ့သော အွန်လိုင်းအစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်၌ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
173
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
97
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
806

သူတို့အနေဖြင့် “လက်ရှိ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများက ယနေ့အချိန်တွင် ယခင်ကထက် ပို၍ လိုအပ်သည် ဟူသော ကျွန်ုပ်တို့၏ ယုံကြည်ချက်အပေါ်တွင် ညီညွတ်စွာ ရပ်တည်ခဲ့ကြသည်” ဟု G-20 ခေါင်းဆောင်များက ပြောသည်။

ကမ္ဘာ့စီးပွားရေးက တစိတ်တပိုင်း တက်လာနေသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့သော ပြိုလဲမှုမှ ပြန်လည်နာလန်ထူရေးသည် မညီမမျှနှင့် မသေချာ မရေရာမှု အလွန်များနေပြီး အကျဘက်သို့ ဦးတည်မည့် အန္တရာယ်များ မြင့်တက်လာခြင်းနှင့် ကြုံတွေ့နေရဆဲဟု G-20 ခေါင်းဆောင်များက ပြောသည်။

“ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အရေးတကြီး လိုအပ်မှုကို ကျွန်ုပ်တို့ အလေးအနက် ပြောကြားခဲ့သည်။ ၎င်းသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလံထူရေး အတွက် သော့ချက် ဖြစ်ပါသည်။ ပြည်သူတို့၏ ဘဝများ၊ အလုပ်အကိုင်များနှင့် ဝင်ငွေများကို အကာအကွယ်ပေးရန် အတွက် ရနိုင်သမျှ မူဝါဒ ကိရိယာများကို လိုအပ်သမျှ ကာလပတ်လုံး ဆက်လက် အသုံးပြုသွားရန် ကျွန်ုပ်တို့ ဆုံးဖြတ်ထားပါသည်” ဟု ခေါင်းဆောင်များက ပြောသည်။

ကမ္ဘာ့စီးပွားရေးက တစိတ်တပိုင်း တက်လာနေသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့သော ပြိုလဲမှုမှ ပြန်လည်နာလန်ထူရေးသည် မညီမမျှနှင့် မသေချာ မရေရာမှု အလွန်များနေပြီး အကျဘက်သို့ ဦးတည်မည့် အန္တရာယ်များ မြင့်တက်လာခြင်းနှင့် ကြုံတွေ့နေရဆဲဟု G-20 ခေါင်းဆောင်များက ပြောသည်။

အဆိုပါ ထိပ်သီးအစည်းအဝေး အတွင်းတွင် ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ့က တကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်များကို စီမံခန့်ခွဲသည့် စနစ်တခုမှ တဆင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဆေးဝါးများနှင့် ကာကွယ်ဆေးများကို ထောက်ပံ့ခြင်းအားဖြင့် တကမ္ဘာလုံး အတိုင်းအတာဖြင့် ရရှိနိုင်ရေးကို အာမခံနိုင်ရန် အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

မူပိုင်ခွင့်များကို စီမံခန့်ခွဲရန် နိုင်ငံတကာမူဘောင်တခုက “နိုင်ငံအားလုံးအတွက် ကုန်ကျစရိတ် သက်သာစွာဖြင့် ကိုဗစ်-၁၉ ဆေးဝါး အမြောက်အမြားထောက်ပံ့ရေးကို ပံ့ပိုးပေးနိုင်မည် ဖြစ်ပြီး G-20 ၏ အထောက်အပံ့က အလွန်အရေးကြီးကြောင်း ဂျပန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

G-20 နိုင်ငံများက ၎င်းတို့၏ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက သဘောတူထားပြီးဖြစ်သော ဆင်းရဲသော နိုင်ငံများအတွက် သူတို့၏ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလကို ၂၀၂၁ ခုနှစ် ဇွန်လ အထိ ၆ လ ဆိုင်းငံ့ ထားပေး မည့် အစီအစဉ်တခုကို အတည်ပြုပေးခဲ့ကြသည်။

G-20 နိုင်ငံများက ၎င်းတို့၏ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက သဘောတူထားပြီးဖြစ်သော ဆင်းရဲသော နိုင်ငံများအတွက် သူတို့၏ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလကို ၂၀၂၁ ခုနှစ် ဇွန်လ အထိ ၆ လ ဆိုင်းငံ့ ထားပေး မည့် အစီအစဉ်တခုကို အတည်ပြုပေးခဲ့ကြသည်။

ထို အစီအစဉ်ကို နောက်ထပ် ၆ လ ထပ်မံ တိုးချဲ့ရေးအတွက်ကိုမူ G-20 ၏ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲများက နောက်လာမည့် နွေဦးတွင် သုံးသပ်ကြမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆင်းရဲသည့် နိုင်ငံများတွင် ဘဏ္ဍာငွေကြေး ကုန်ကျမှု မြင့်မားခြင်းနှင့် ရင်ဆိုင်နေရသည်ကို မြင်တွေ့ခဲ့ရပြီးနောက် မြီရှင်များ ဖြစ်သည့် G-20 နှင့် Paris Club တို့က မေလတွင် ကြွေးမြီ ဝန်ဆောင်မှု ဆိုင်းငံ့ရေး ဆောင်ရွက်ချက်ဟု ခေါ်သည့် ကြွေးမြီသက်သာခွင့် အစီအစဉ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။

G-20 ကြေငြာချက်သည် ဘက်စုံ ကုန်သွယ်ရေးစနစ်များကို ထောက်ခံကြောင်း ဖော်ပြခဲ့သော်လည်း မိမိပြည်တွင်း အကျိုးစီးပွား ကာကွယ်ရေးဝါဒ တိုက်ဖျက်ရေးကိုမူ ရည်ညွှန်း ဖော်ပြမထားပါ။

၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၏ ကန့်ကွက်မှုကြောင့် G-20 ခေါင်းဆောင်များက ပြည်တွင်းအကျိုးစီးပွား ကာကွယ်ရေးဝါဒ ဟူသောစကားလုံးကို အသုံးမပြုကြတော့ပါ။ အမေရိကန်နိုင်ငံတွင် မကြာမီ ရာထူးသက်တမ်း ကုန်ဆုံး တော့မည့် သမ္မတ ဒေါ်နယ်ထရမ့်၏ “အမေရိကန် ပထမ” မူဝါဒအရ ကုန်သွယ်ရေးတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးသည့် အစီအမံများ အကောင်အထည်ဖော်နေခဲ့သည်။

နိုင်ငံ အားလုံးအတွက် အောင်မြင်တိုးတက်မှုနှင့် ငြိမ်းချမ်းရေးရရှိရေးကို G-20 က ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းအားပေးရင်း သမ္မတ ဒေါ်နယ်ထရမ့်က စည်းမျဉ်းကန့်သတ်ချက်များ လျှော့ချခြင်း၊ မျှတမှုရှိရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု အပေါ်တွင် အခြေခံသည့် ကုန်သွယ်ရေးသဘောတူညီချက်များအား ညှိနှိုင်းခြင်းတို့မှ တဆင့် “သူ ပြဌာန်းခဲ့သော စီးပွားရေးပုံစံ” နှင့် ပတ်သက်၍ သူ၏ လုပ်ဖော်ကိုင်ဖက်များ (G-20 ခေါင်းဆောင်များ) သို့ ရှင်းလင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်၏ အဆိုအရ သိရသည်။

ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ရှိမြို့ကြီးများစွာ၌ ခရီးသွားလာခွင့်ကို တင်းကျပ်စွာ တားမြစ်ထားရခြင်းနှင့် ပိတ်ဆို့ကန့်သတ်မှုများ ပေါ်ပေါက်စေခဲ့ပြီး ပြီးခဲ့သည့် ၃ လပတ် ဖြစ်သည့် ဧပြီမှ ဇွန်လအတွင်းတွင် အဓိက စီးပွားရေးများကို ယခင်နှစ်ကထက်စာလျှင် ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားစေခဲ့သည်။

မတ်လ အတွင်းက ပထမအကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီအာရေဗီးယား၏ ဦးဆောင်မှုဖြင့် ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့သော G-20 ထိပ်သီး အွန်လိုင်း အစည်းအဝေးကို ဆောင်းရာသီနီးကပ်လာသည်နှင့်အမျှ ဥရောပနိုင်ငံများစွာနှင့် အခြားနေရာများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ မြင့်တက်နေပြီး လာမည့်လများအတွင်း ဖွံဖြိုးတိုးတက်မှု ပြန်လည်နာလံထူရေးကို ထိခိုက်စေသည့် အန္တရာယ်များနှင့် မသေချာ မရေရာမှုများ တိုးပွားလာနေသည့် အချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ရှိမြို့ကြီးများစွာ၌ ခရီးသွားလာခွင့်ကို တင်းကျပ်စွာ တားမြစ်ထားရခြင်းနှင့် ပိတ်ဆို့ကန့်သတ်မှုများ ပေါ်ပေါက်စေခဲ့ပြီး ပြီးခဲ့သည့် ၃ လပတ် ဖြစ်သည့် ဧပြီမှ ဇွန်လအတွင်းတွင် အဓိက စီးပွားရေးများကို ယခင်နှစ်ကထက်စာလျှင် ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွားစေခဲ့သည်။

၎င်းတို့က တတိယ ၃ လပတ် ဖြစ် သည့် ဇူလိုင်မှ စက်တင်ဘာလအတွင်း သိသိသာသာ ပြန်လည်ကောင်းမွန်လာ ခဲ့သော်လည်း ကူးစက်ရောဂါ မဖြစ်ပွားမီကထက် နောက်ကျနေဆဲ ဖြစ်သည်။

G-20 အဖွဲ့တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့ပါဝင်သည်။

G-20 ၏ အလှည့်ကျ ဥက္ကဌ တာဝန်ကို ဆော်ဒီအာရေဗီးယားနိုင်ငံက အီတလီနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ကိုးကား ။ ။ Kyodo

You may also like these stories:

Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်

COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို

ကိုဗစ်-၁၉ အလွန် ကမ္ဘာ့ကျန်းမာရေးကွန်ရက်တွင် ထိုင်ဝမ်ပါဝင်ရေးကို ထောက်ခံခြင်း

ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်

Your Thoughts …
Tags: G 20ကိုဗစ်ကာကွယ်ဆေးဆော်ဒီအာရေးဗီးယား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း  / ကျော်ခ  / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

by ဧရာဝတီ
26 August 2021
16.6k

ထိုးလို့ရရင်တော့ စခန်းကလူတွေ အကုန်ထိုးမှာပေါ့။ စခန်းကလူတွေက အကုန်လုံး ထိုးချင်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိတယ်

NLD အစိုးရလက်ထက် ကိုဗစ်ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ခံဖြစ်ခဲ့သူ ဒေါက်တာထားထားလင်း

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

by ဧရာဝတီ
14 June 2021
14.3k

ဒေါက်တာ ထားထားလင်းနှင့် CDM ဆရာဝန်အချို့အား နိုင်ငံတော်ပုန်ကန်မှု ဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရ

by ဧရာဝတီ
31 July 2021
8.1k

လက်ရှိ ထိုင်းနိုင်ငံ အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးများ ထိုးနှံ ထားပြီးဖြစ်ပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား မည်မျှပါဝင်သည်ကိုမူ မသိရပါ။

KIA ထိန်းချုပ်နယ်မြေ အတွင်း ကိုဗစ် ကာကွယ်ရေး လှုပ်ရှားမှု  / Kachin Net

ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်

by ဧရာဝတီ
31 July 2021
16.2k

တရုတ်သည် ၎င်းတို့နှင့် နယ်နိမိတ် ကျောချင်းကပ်နေသည့် တိုင်းရင်းသားတပ်များကိုသာ ကူညီခြင်း မဟုတ်ဘဲ တရုတ်၏ အနာဂတ်စီးပွားရေး စီမံကိန်းလမ်းကြောင်းပေါ်တွင် အခြေစိုက် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ခေါင်းဆောင်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

၂၀၂၁ ခုနှစ်က အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှ တက်ရောက်နေသည့် သမ္မတ ဘိုင်ဒင်  / The New York Times

အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲမှ မျှော်လင့်နိုင်သည်များ

by Brian Harding
12 May 2022
8.6k

ASEAN နိုင်ငံများ မလိုလားသည်မှာ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား အတင်းအကျပ် ရွေးချယ်ခိုင်းခြင်းဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီသည် နိုဝင်ဘာလက ဖနွမ်ပင်တွင် ကျင်းပသည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် ASEAN ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲတွင် ASEAN ဥက္ကဋ္ဌရာထူး လွှဲပြောင်းသည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်

အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်သည့် ၂၀၂၃ တွင် ASEAN သည် ခေတ်နှင့် ကိုက်ညီလာမည်လား

by Laura Southgate
27 January 2023
4.8k

အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌတာဝန်ယူသည့် ကာလအတွက် ဆောင်ပုဒ်မှာ "ASEAN သည် အရေးပါသော တိုးတက်မှု၏ ဗဟိုချက်" ဖြစ်သည်။

Next Post
ပတ္တမြားမြေမိုးကုတ်မြို့အဝင်ဆိုင်းဘုတ် / ဧရာဝတီ

မိုးကုတ်၌ TNLA စစ်ကြောင်းကို တပ်မတော်က တိုက်ခိုက်

She Shines Jewelry နဲ့အတူ လှူဒါန်းခဲ့တဲ့ နေခြည်ဦး  / Beautybynaychi's Facebook

ဖောင်ကြီးနဲ့ ဧရာဝတီ ကိုဗစ်စင်တာတို့ကို သိန်း ၂၀၀ ကျော် လှူဒါန်းခဲ့တဲ့ နေခြည်ဦး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate