• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူမည်ဟု တပ်မတော် မပြောသေး

by ထက်နိုင်ဇော်
27 November 2020
in သတင်း
A A
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

33.2k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ်က ပြင်ဆင်ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဌာန ကောင်စီ (ကကန) ညွှန်ကြားလွှာအရ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်ခွင့်ကို အသက် ၆၅ နှစ်ထက် မပိုရ ဟု ဆိုသော်လည်း လက်ရှိ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မည်ဟု တပ်မတော်က ထုတ်ပြန် ပြော ဆိုခြင်း မရှိသေးပေ။

ယနေ့ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် သ တင်းထောက် ၃ ဦးက တပ်ချုပ် အနားယူမှာလားဆိုသည့် မေးမြန်းချက်ကိုလည်း တပ်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိတိကျကျ ပြန်လည် ဖြေဆိုခြင်း မလုပ်ခဲ့ပါ။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
13
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
130
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
101

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် ၂၀၂၁ ခုနှစ်၊ ဧပြီတွင် အသက် ၆၅ နှစ် ပြည့်မည် ဆိုသည့်အချက် မှန်ပါသလားဟု ဧရာဝတီက မေးမြန်းရာ“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၁ ခု နှစ်မှာ ၆၅ ပြည့်မှာ . . . ဟုတ်တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့သည်။

၎င်းက“ယခုကာလကတော့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ နိုင်ဖို့ ကိုယ်စားလှယ်လောင်းများ ရရှိထားတဲ့ ပါတီအနေနဲ့က အစိုးရ ဖွဲ့ နိုင် ဖို့ ဆောင်ရွက်နေတဲ့ ကာလ ဖြစ်ပါတယ်။ ဘယ်လို နိုင်ငံရေး အခင်းအကျင်းမျိုး ဖြစ်လာမယ်ဆိုတာ ကျနော်တို့လည်း မသိ ပါဘူး။ ဒီကိစ္စတွေပြီးဆုံးမှ ဒီမေးခွန်းရဲ့ အဖြေတိတိကျကျ ရရှိလာမှာ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုစဉ်က ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် အသက် ၆၅ နှစ် အထိသာ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။

တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ အသက် ၆၅ နှစ်ထိ တာဝန်ထမ်းနိုင်ပြီး စစ်အရာရှိများ၏ တာဝန် သက်တမ်း ကန့်သတ်ဟုဆို

၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရ ဖြစ်လာသဖြင့် စစ်ဥပဒေ ၊ ညွှန်ကြားလွှာများအရ ပြန်လည်သုံးသပ်ရန် လိုအပ်သော ကြောင့် စစ်မှုထမ်းသက်ကို ပြန်လည် ကန့်သတ်ရန် ဆုံးဖြတ်ချက်အရ ၂၀၁၄ ခုနှစ်တွင် ၄/၂၀၁၄ ကကနကောင်စီ ညွှန် ကြားလွှာကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန်ကြားလွှာအရ တပ်ချုပ်နှင့် ဒုတိယ တပ်ချုပ်တို့သည် အသက် ၆၅ နှစ်ထက် မပိုသော ကာလအထိ တာဝန်ထမ်းရမည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြခဲ့သည်။

တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခံထားရသူများသည် တပ်မတော်က လိုအပ်သည့် အချိန်တိုင်း တာဝန် ထမ်း ဆောင်နိုင်သည်ဆိုသော အချက်ကို အထက်ပါအတိုင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယခုအခါ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးအဖြစ် တပ်မတော် တာဝန်များကို ထမ်းဆောင်နေဆဲ ဖြစ်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း ၂၀၀၈ ခုနှစ်မှာလည်း သက်ဆိုင်ရာများ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီ ၂ ချက် အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျော်လွန်ဆောင်ရွက်စရာ မရှိပါဘူး”ဟု ပြောဆိုသည်။

မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ သတင်းထောက်များ အဓိကထားမေးသည့် တပ်ချုပ် အငြိမ်းစား ယူ၊ မယူ ကိစ္စကို တိတိကျကျ မဖြေဆိုဘဲ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် တပ်မတော်၏ အမိန့် ညွှန်ကြားချက်များကိုသာ ရည် ညွှန်းသွားခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟု ပြဌာန်းထားကြောင်း၊ တပ်ချုပ် အသစ်ခန့်နိုင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင်လည်း တပ်မတော်ဘက်မှ ၆ ယောက် ဖြစ်နေသည်ကို သတိပြုရမည် ဖြစ်ကြောင်း ၎င်းက ထောက် ပြသည်။

“တပ်ချုပ် အငြိမ်းစား ယူမလား၊ ဆက်ပြီး တာဝန်ထမ်းဆောင်မှာလားဆိုတာ၊ နောက်ပြီး တပ်ချုပ် အသစ်ခန့်အပ်ဖို့ အရာ အားလုံးဟာ တပ်မတော်ရဲ့ စီမံခန့်ခွဲခွင့်၊ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေတယ်။ အစိုးရ အပေါ်မှာ မမူတည်ဘူး”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေးမှ အနားမယူမီ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်းပေးခဲ့ပြီး နောက်ကြောင်းမပြန်ရဆိုသည့် အချက်ကိုလည်း ထည့်သွင်းပြီးသည့်အခါ နိုင်ငံရေးမှ ဆုတ်ခွာ သွားခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန်သည်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတဟောင်းများအတွက် အဆောင်အယောင်နဲ့ လုံခြုံရေး ဆိုင်ရာ အခြေအနေများကို အကူအညီဖြစ်ရန် အငြိမ်းစား သမ္မတများအတွက် ဥပဒေကြမ်းတခု အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့ဖူးသည်။

ယခု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တပ်ချုပ် ရာထူးမှ အနားယူသည့် အခါတွင် သူ့အတွက် အကာအကွယ်ပေးနိုင်မည့် အဖွဲ့ တခုခု သို့မဟုတ် အစိုးရနှင့် သဘာတူညီမှု တခုခု လုပ်ပြီးမှ နားလိမ့်မည် ဆိုသည့် သုံးသပ်မှုမျိုး နိုင်ငံရေး အသိုင်းအဝိုင်းတွင် ရှိနေသည်။

“တပ်ချုပ် အငြိမ်းစား ယူမလား၊ မယူဘူးလား ဆိုတာ ဒီအစိုးရသစ် ဖြစ်လာတဲ့ နိုင်ငံရေး အခင်းအကျင်း အပေါ်မှာလည်း မူတည်တယ်လို့ ပြောသွားတော့ တကယ်လို့ အစိုးရရဲ့ အာဏာရပါတီက ခေါင်းဆောင်တွေနဲ့ တပ်နဲ့ ညှိနှိုင်း ဆွေးနွေးပြီး တော့ သဘောတူညီချက်ရရင် သူအငြိမ်းစား ယူတာလည်း ဖြစ်လာနိုင်တယ်။ အဲဒီအခင်းအကျင်း ဘယ်လို ဖြစ်လာ မလဲဆိုတာ မသိနိုင်ဘူး”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

အာဏာရပါတီ ခေါင်းဆောင်များနှင့် တပ်မတော် ခေါင်းဆောင်များကြားတွင် ပွင့်ပွင့်လင်းလင်း၊ မျက်နှာစုံညီ တွေ့ ဆုံ ညှိ နှိုင်းမှုတွေ လုပ်၍ အပေးအယူ၊ အလျော့အတင်းများ ရှိလာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အကြပ် အတည်းနဲ့ ကိုဗစ်အလွန် စီးပွားရေး ပြန်လည် ထူထောင်ရေး ကိစ္စများတွင် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့ ပြီး၂၀၀၂ ခုနှစ်မှာ တပ်မမှူး၊ ဗိုလ်မှူးချုပ်၊ ၂၀၀၃ ခုနှစ်မှာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ်မှာ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၀၈ ခုနှစ်တွင် စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ၂၀၁၀ တွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲ ရေးမှူး၊ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ရာထူးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တပ်မတော် ဖွဲ့ စည်းပုံ အတိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ မှာ ဗိုလ်ချုပ်မှူးကြီး ရာထူးကို လက်ရှိ အချိန်အထိ တာဝန် ထမ်းဆောင်နေဆဲ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြီး တပ်ချုပ် အသစ် ဘယ်သူ ဖြစ်မလဲဆိုသည့် မေးခွန်းကိုမူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တပ်မတော်မှာတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှုစနစ် ရှိတယ်။ ရာထူးတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒ ရှိပြီး ဖြစ်ပါတယ်။ ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း သွားပါလိမ့်မယ်”ဟု ဖြေဆိုခဲ့သည်။

You may also like these stories:

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်

မိုးကုတ်၌ TNLA စစ်ကြောင်းကို တပ်မတော်က တိုက်ခိုက်

အချိန်မရွေး စစ်ဆင်ရေးကြီးတွေ ထဖြစ်နိုင်ပါတယ်

Your Thoughts …
Tags: တပ်မတော်ဗိုလ်ချုပ် ဇော်မင်းထွန်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.4k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.3k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

Next Post
ကိုဗစ်ကြောင့် အဝတ်လျှော်လုပ်ငန်းတွေ လဲပြိုတော့မှာလား (ရုပ်/သံ)

ကိုဗစ်ကြောင့် အဝတ်လျှော်လုပ်ငန်းတွေ လဲပြိုတော့မှာလား (ရုပ်/သံ)

အင်္ဂါနေ့ ဖွင့်ပွဲတွင် ဆိုင်းအင်ဝမ်းက ထိုင်ဝမ် ရေငုတ်သင်္ဘောပေါ်သို့ တက်ပြီး စစ်ဆေးကြည့်ရှုစဉ် / CNA

ထိုင်ဝမ်တွင် ရေငုတ်သင်္ဘော ထုတ်လုပ်နိုင်ပြီ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate