တောင်ပိုင်းမြို့ကြီး တမြို့ဖြစ်သော ကောင်းရှံ Kaohsiung တွင် ပြည်တွင်းဖြစ်ရေငုတ်သင်္ဘောစတင်ထုတ်လုပ်ခြင်းကို ထိုင်ဝမ်သမ္မတ ပြီးခဲ့သော အင်္ဂါနေ့တွင် ဖွင်လှစ်ပေးလိုက်သောကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှု မြင့်မားနေချိန်တွင် ထိုင်ဝမ်၏ သေနင်္ဂဗျူဟာအတွက် ခြေလှမ်းတလှမ်း တိုးလှမ်းလိုက်ခြင်းပင်။
“ဒီရေငုတ်သင်္ဘောဟာ ကျမတို့ရေတပ်အနေနဲ့ အင်အားချင်း မမျှတဲ့တိုက်ခိုက်မှုကို ချေမှုန်းတဲ့ စစ်ရေးစွမ်းရည် တိုးတက်စေဖို့နဲ့ ထိုင်ဝမ်ကျွန်းမကြီး ပတ်ဝန်းကျင်မှာ ရန်သူ သင်္ဘောတွေကို ခြိမ်းခြောက်ပိတ်ဆို့ဖို့ အတွက် အရေးပါတယ်။ အခုတော့ ဒီရေငုတ်သင်္ဘောကို အနာဂတ်တာဝန်အတွက် တည်ဆောက်လိုက်တာနဲ့အတူ ကျမတို့ဟာ ကျမတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတယ် ဆိုတာ ကမ္ဘာက သိအောင် သေချာပေါက် လုပ်ဆောင်ရမယ်” ဟု သမ္မတ ဆိုင်းအင်းဝမ်က ပြောသည်။
ဆိုင်းသည် သူမ၏ ကာကွယ်ရေးမူဝါဒတွင် ထိုင်ဝမ် ဒေသခံတပ်များ၏ ကာကွယ်ရေး စွမ်းရည်မြှင့်တင်ရေးကို အဓိက မဏ္ဍိုင်အဖြစ် သတ်မှတ်ထားသည်။ မကြာသေးမီက သူမသည် အမောင်းသင်ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်မှု စတင်ခြင်းဖြင့် စစ်ဖက်လေကြောင်းလုပ်ငန်းကို ပြန်လည်အင်အားကောင်းအောင် လုပ်ဆောင်ကာ ထိုင်ဝမ်၏ အဆင့်မြင့်နည်းပညာလုပ်ငန်းများကို အသုံးပြုပြီး ပိုမိုအဆင့်မြင့်မားသည့် ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် တွန်းအားပေးနေသည်။
တချိန်တည်းတွင် သူမသည် အမေရိကန်နိုင်ငံမှ F-16 ဂျက်တိုက်လေယာဉ်များ၊ လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည် စနစ်များ၊ သင်္ဘောများနှင့် ကုန်းမြေပစ်မှတ်နှစ်မျိုးလုံးကို ပစ်ခတ်နိုင်သည့် စစ်သင်္ဘောဖျက် Harpoon ဒုံးကျည်များ အပါအဝင် ဒေါ်လာ ဘီလျံပေါင်းများစွာ တန်သည့် လက်နက်များ ဝယ်ယူခွင့် ရရှိထားသည်။
မကြာသေးမီကာလများအတွင်း ထိုကဲ့သို့သော ရေငုတ်သင်္ဘောများ ဝယ်ယူခြင်း မလုပ်နိုင်အောင် တရုတ်နိုင်ငံက သံတမန်ရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုများဖြင့် အောင်မြင်စွာ တားဆီးနိုင်သောကြောင့် အကုန်အကျများပြီး အချိန်ကုန်သည့် ရေငုတ်သင်္ဘော တည်ဆောက်ရေးဖက်သို့ ထိုင်ဝမ်ကို ဦးတည်သွားစေသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ပိုင်နက် ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားပြီး စီးပွားရေးနှင့် နိုင်ငံရေးမက်လုံးများဖြင့် လုပ်ဆောင်မရပါက အင်အားသုံးပြီး ထိုကျွန်းကို ထိန်းချုပ်ရန် ခြိမ်းခြောက်မှုကို အရှိန်မြှင့်တင်ထားသည်။ တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ထိုင်ဝမ်ကို ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ထိုင်ဝမ်ရေလက်ကြားတဖက် ကီလီမီတာ ၁၆၀ အကွာရှိ လူဦးရေ ၂၄ သန်းရှိသော ထိုင်ဝမ်ကျွန်းအနီး ဂျက်တိုက်လေယာဉ်များနှင့် ထောက်လှမ်းရေးလေယာဉ်များကို နေ့စဉ်နီးပါး ပျံသန်းစေသည်။
မကြာသေးမီကာလများအတွင်း ထိုကဲ့သို့သော ရေငုတ်သင်္ဘောများ ဝယ်ယူခြင်း မလုပ်နိုင်အောင် တရုတ်နိုင်ငံက သံတမန်ရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုများဖြင့် အောင်မြင်စွာ တားဆီးနိုင်သောကြောင့် အကုန်အကျများပြီး အချိန်ကုန်သည့် ရေငုတ်သင်္ဘော တည်ဆောက်ရေးဖက်သို့ ထိုင်ဝမ်ကို ဦးတည်သွားစေသည်။
ကမ္ဘာတဝှမ်းမှ နိုင်ငံလက်တဆုပ်စာသာ ခေတ်သစ်စစ်ရေးအတွက် ရေငုတ်သင်္ဘောများ ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိပြီး ထိုင်ဝမ်အနေဖြင့်လည်း ထိုသို့ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ တရုတ်နိုင်ငံက ပြုလုပ်ထားသည့် အခက်အခဲများ ရှိစေကာမူ ထိုင်ဝမ် ရေငုတ်သင်္ဘော ဒီဇိုင်းများကို ပြည်ပ ပညာရှင်များထံမှ ရယူထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထိုရေငုတ်သင်္ဘောကို ဒီဇိုင်းရေးဆွဲတည်ဆောက်ရန် အစိုးရပိုင်နှင့် ထိုင်ဝမ်တွင် အကြီးမားဆုံး သင်္ဘော ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် CSBC Corp. နှင့် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် အမျိုးသား ချန်ရှန် သိပ္ပံနှင့်နည်းပညာ အင်စတီကျု – National Chung-Shan Institute of Science and Technology တို့ကို ၂၀၁၇ ခုနှစ်ကပင် ကန်ထရိုက်ပေးထားခဲ့သည်။
ထိုစီမံကိန်းများအရ ခန့်မှန်းခြေ ဒေါ်လာ ၁၆ ဘီလျံ ကုန်ကျမည့် ပြည်တွင်းဖြစ်ရေငုတ်သင်္ဘော ၈ စင်းတည်ဆောက်မည်ဖြစ်ပြီး ပထမဆုံး ရေငုတ်သင်္ဘောကို ၂၀၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
ကုန်ကျစရိတ်ကြောင့် ထိုစီမံကိန်းကို ဝေဖန်မှုများလည်း ရှိနေသည်။ ဒီဇိုင်းရေးဆွဲခြင်း အဆင့်တွင်ပင် ထိုင်ဝမ်ဒေါ်လာ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀) ကုန်ကျမည်ဟု ခန့်မှန်းရသည်။
ထိုရေငုတ်သင်္ဘောသည် အခက်အခဲများစွာကို ကျော်လွှားပြီး ဒီဇိုင်းအဆင့်တွင် ရှိနေသည်မှာ ၄ နှစ်ကြာပြီဖြစ်ကြောင်းနှင့် ထိုအခက်အခဲများကို အများပြည်သူသို့ ထုတ်ဖေါ်ပြောဆိုရန် မဖြစ်နိုင်ကြောင်း CSBC ဥက္ကဌ ချန်ဝန် အွန်က အင်္ဂါနေ့တွင်ပြောသည်။
“အရင်က သမိုင်းအရ မလျှောက်ဖူးတဲ့ ဒီလမ်းကြောင်းမှာလျှောက်ရတာ စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်ရပြီး သံသယမျိုးစုံနဲ့လည်း ကြုံဆုံရပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ သံသယတွေက ကျမတို့ကို အနိုင်မယူနိုင်ပါဘူး”
ထိုင်ဝမ်ကို တရုတ်ပိုင်နက်အစိတ်အပိုင်းအဖြစ် အသိအမှတ်မပြုသောကြောင့် တရုတ်နိုင်ငံ၏ မုန်းတီးမှုကို ခံရသည့် ဆိုင်းအင်ဝမ်းက ထိုစီမံကိန်းအတွက် ရုန်းကန်ရကြောင်း ဝန်ခံပြောကြားသော်လည်း သူမ၏ အစိုးရကို တားဆီးရမည် မဟုတ်ကြောင်း ပြောသည်။
“အရင်က သမိုင်းအရ မလျှောက်ဖူးတဲ့ ဒီလမ်းကြောင်းမှာလျှောက်ရတာ စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်ရပြီး သံသယမျိုးစုံနဲ့လည်း ကြုံဆုံရပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ သံသယတွေက ကျမတို့ကို အနိုင်မယူနိုင်ပါဘူး”ဟု ဆိုင်းက ရေငုတ်သင်္ဘော အစိတ်အပိုင်းများ ထုတ်လုပ်မည့် အလုပ်ရုံရှေ့တွင် ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၊ ကာကွယ်ရေး ဝန်ကြီး၊ ဒီဇိုင်းရေးဆွဲရေး အဖွဲ့ဝင်များ၊ အမည်မခံသော ထိုင်ဝမ်ဆိုင်ရာ အမေရိကန် သံအမတ် ဘရန့် ခရစ်စတန်ဆင်တို့သည် ကျယ်ပြန့်သော တောင်ပိုင်းဆိပ်ကမ်းမြို့မှ CSBC ၏ သင်္ဘောကျင်းတွင် ကျင်းပသည့် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဝါရှင်တန်သည် ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရနှင့် တရားဝင် ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်၏ အဓိက မဟာမိတ်ဖြစ်နေပြီး အမေရိကန် ဥပဒေများအရ ထိုင်ဝမ်အနေဖြင့် ၎င်းကို၎င်း ကာကွယ်နိုင်အောင် လုပ်ဆောင်ပေးရန် လိုသည်။
တပ်အင်အား၊ ဒုံးကျည်၊ သင်္ဘောနှင့် လေယာဉ်အရေအတွက် အကြီးအကျယ်သာလွန်သော ရန်သူဖြစ်နိုင်ဖွယ်ရှိသည့် ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ရင်ဆိုင်နေရသောကြောင့် ထိုင်ဝမ်သည် ၎င်းကိုယ်၎င်း ကာကွယ်ရန် စိတ်ထက်သန်ပြီး ကာကွယ်နိုင်သည့် စွမ်းရည်လည်း ရှိကြောင်း ၎င်းတို့၏ ပြည်သူများကိုသာမက အမေရိကန်ကိုပါ အာမခံချက်ပေးနေရသည်။
မကြာသေးမီကာလများအတွင်း အထူးသဖြင့် ထရမ့်လက်အောက်တွင် ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် အရေအတွက်နှင့် အရည်အသွေး တိုးလာနေခဲ့သည်။
တပ်အင်အား၊ ဒုံးကျည်၊ သင်္ဘောနှင့် လေယာဉ်အရေအတွက် အကြီးအကျယ်သာလွန်သော ရန်သူဖြစ်နိုင်ဖွယ်ရှိသည့် ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ရင်ဆိုင်နေရသောကြောင့် ထိုင်ဝမ်သည် ၎င်းကိုယ်၎င်း ကာကွယ်ရန် စိတ်ထက်သန်ပြီး ကာကွယ်နိုင်သည့် စွမ်းရည်လည်း ရှိကြောင်း ၎င်းတို့၏ ပြည်သူများကိုသာမက အမေရိကန်ကိုပါ အာမခံချက်ပေးနေရသည်။
တရုတ်နိုင်ငံတွင် အင်အား ၂ သန်းခန့်ရှိသော ကမ္ဘာအင်အားအကြီးမားဆုံး အမြဲတမ်း တပ်မတော်နှင့်အတူ လေယာဉ်တင် သင်္ဘော ၂ စင်း၊ ရေငုတ်သင်္ဘော ၅၆ စင်းအပါအဝင် စစ်သင်္ဘော ၃၅၀ ရှိသည့် အကြီးမားဆုံး ရေတပ်လည်း ရှိနေသည်။ တရုတ်သည် ထိုးစစ်သုံး တိုက်လေယာဉ် နှင့် ဗုံးကြဲလေယာဉ် ၂၀၀၀ ခန့်နှင့် ထိုင်ဝမ်ကို တိုက်ရန် အဓိက သေနင်္ဂဗျူဟာနှင့် စိတ်ဓာတ်စစ်ဆင်ရေး လက်နက်အဖြစ် သတ်မှတ်ထားသည် မြေပြင်မှ ပစ်ခတ်သော ဒုံးကျည် ၁၂၅၀ ကိုလည်း ပိုင်ဆိုင်ထားသည်။
ထိုင်ဝမ်တပ်များမှာ ထိုအင်အား၏ သေးငယ်သော အစိတ်အပိုင်းသာဖြစ်ပြီး ကာလတို စစ်မှုမထမ်းမနေရခြင်းကြောင့် စစ်မှုထမ်းသူများပါဝင်သည့် မြေပြင်တပ်များနှင့် သင်္ဘောအရေအတွက်မှာလည်း ၈၆ စင်းသာ ရှိသည်။ ထိုသင်္ဘောများ၏ ထက်ဝက်ခန့်မှာ ကမ်းရိုးတန်းကင်းလှည်သည့် ဒုံးကျည်တင်သင်္ဘောများဖြစ်သည်။
လက်ရှိ ထိုင်ဝမ်ရေတပ်တွင် ၁၉၈၀ ခုနှစ်များက နယ်သာလန်မှ ဝယ်ယူထားသည့် Zwaardvis-class အတန်းအစား အသင့်တိုက်ပွဲဝင်နိုင်သည့် ရေငုတ်သင်္ဘောနှစ်စင်းရှိသည်။ ထိုစဉ်က ရေငုတ်သင်္ဘောရောင်းချမှုအတွက် ဘေ့ဂျင်းနှင့် သဟိဂ်အကြား သံတမန်ရေး ပြဿနာ အကြီအကျယ် တက်ခဲ့သည်။
ကိုးကား။ ။ AP
You may also like these stories:
ထိုင်ဝမ်မရိန်းတပ်ကို လေ့ကျင့်ပေးရန် အမေရိကန်တပ်ဖွဲ့တဖွဲ့ ရောက်နေ
ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်
အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ