ဒုက္ခသည်များ ဘေးကင်းလုံခြုံရေးနှင့် သဘောတူ ခွင့်ပြုချက် မရှိခြင်းတို့ကြောင့် စိုးရိမ်မှုများ ရှိနေသည့်တိုင် ဘင်္ဂလားဒေ့ရှ် န်ိုင်ငံက မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည် စခန်းများမှ မိသားစုများကို ဝေးလံသော ကျွန်းတကျွန်းသို့ ပြောင်းရွှေ့ နေရာချထားရန် စတင် လုပ်ကိုင်လာခဲ့သည်။
ဒီဇင်ဘာလ ၄ ရက် နေ့တွင် ဒုက္ခသည် ၁၆၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း စစ်တကောင်းဆိပ်ကမ်းမှ နေ၍ ဘင်္ဂလားပင်လယ်အော်တွင်းရှိ ဝေးလံခေါင်သီသော ကျွန်းတခုဖြစ်သည့် Bhasan Char သို့ ရေကြောင်းခရီးဖြင့် ပို့ဆောင်ရန် ရှိနေကြောင်း ရေတပ်အရာရှိတဦး ကို Reuters သတင်းက ဆိုသည်။
ဒုက္ခသည်များကို သင်္ဘော ၇ စီးဖြင့် တင်ဆောင် မည် ဖြစ်ပြီး ထောက်ပံ့ရေး ပစ္စည်းများအတွက် နောက်ထပ်သင်္ဘော ၂ စီး ပါဝင်မည် ဖြစ်သည်ဟု အဆိုပါ အရာရှိကပြောသည်။
လူ ၁၀၀၀ ခန့် ကို ပြောင်းရွှေ့ ပေးပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ Anwar Hossain ကလည်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရွှေ့ပြောင်းချထားရေး အစီအစဉ် စတင်ကတည်းက သူတို့၏ အိမ်များအနီးတွင် နေရင်း စိုးရ်ိမ်ပူပန်နေရကြောင်း Kutupalong မှ ဒုက္ခသည်များက ပြောသည်။
မိသားစု ၂၅၀၀ ကို ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြောသော်လည်း ဒုက္ခသည်များကို သူတို့၏ သဘောထားဆန္ဒ မပါဝင်ဘဲ စာရင်း သွင်းခဲ့ခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုကြသည်။ ပြောင်းရွှေ့ နေရာ ချထားခြင်းကို ဆိုင်ငံ့ပေးရန် ကျွန်းကို လွတ်လပ်စွာ စစ်ဆေးခွင့်ပြုရန် သူတို့က ဘင်္ဂလားဒေ့ရှ်အစိုးရသို့ တောင်းဆိုထားသည်။
Amnesty International ၏ တောင်အာရှ ရေးရာ လှုပ်ရှားသူ Saad Hammadi က “ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ အနေနဲ့ လူတွေကို ပြောင်းရွှေ့ချထားမှု နဲ့ ပတ်သက်လို့ ဘာမှ မပြုလုပ်မီ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများက အဲဒီနေရာကို လွတ်လပ်သော လေ့လာအကဲဖြတ်မှုများ ပြုလုပ်ခွင့်ပေးဖို့ အရေးကြီးပါတယ်။ Bhashan Char ကို ဖြစ်စေ တခြားမည်သည့်နေရာမဆိုကို ဖြစ်စေ သက်ဆိုင်သူတွေကို အပြည့်အ၀ အသိပေးပြီး သဘောတူ ခွင့်ပြုချက် မရယူဘဲ ပြန်လည်နေရာချထားရေး အစီအစဉ်ကို အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး” ဟု ပြောသည်။
ရွှေ့ပြောင်းချထားရေး အစီအစဉ် စတင်ကတည်းက သူတို့၏ အိမ်များအနီးတွင် နေရင်း စိုးရ်ိမ်ပူပန်နေရကြောင်း Kutupalong မှ ဒုက္ခသည်များက ပြောသည်။

စခန်းများတွင်းရှိ သယ်ယူပို့ဆောင်ရေးများ အားလုံးကို အာဏာပိုင်များက တားမြစ်ထားသည်ဟုလည်း သူတို့က ပြောသည်။
ဧပြီလမှ စတင်၍ Bhasan Char ကျွန်းတွင် ဒုက္ခသည် ၃၀၀ ခန့် နေထိုင်နေခဲ့ကြပြီး ဖြစ်သည်။ အစောင့်များက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည် ဆိုသော စွပ်စွဲချက်များရှိခဲ့ပြီး စက်တင်ဘာလတွင် majhi ဟု ခေါ်သော ဒုက္ခသည် စခန်းခေါင်းဆောင်များ၏ ကိုယ်စားလှယ်အဖွဲ့တခုအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကျွန်းပေါ်သို့ ခေါ်ယူသွားခဲ့ပြီး နောက်တွင် သူတို့ကို ကုန်းမြေပေါ်သို့ ပြန်သွားခွင့်ပြုရန် အမျိုးသမီးများက အော်ဟစ် တောင်းဆိုနေသည့် ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ် ၂၀ ကမှ ဘင်္ဂလားပင်လယ်အော်တွင်း နုန်းမြေများဖြင့် ဖြစ်ပေါ်လာခဲ့သည့် ကျွန်းတခု ဖြစ်သော Bhasan Char သည် ပြင်းထန်သည့် ရာသီဥတု ကို ခံစားရသည့် နေရာဖြစ်ပြီး အရေးပေါ် အခြေအနေ တစုံတရာ ရှိပါက ကုန်းမြေနှင့် ဝေးလံသည့်အတွက် ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်များကို ပြောင်းရွှေ့ချထားမည့် စိတ်ကူးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပထမဆုံးအကြိမ် တင်ပြလာသည့် အချိန် ကတည်းက စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့သည်။
ပြောင်းရွှေ့ရေးအတွက် သူ၏ ဇနီးနှင့် ကလေးများက စိုးရိမ်ခဲ့ကြကြောင်း Mohammad Hanif က ပြောသည်။ သို့သော်လည်း ရနိုင်မည့် အဆောက်အအုံများ အကြောင်း သူတို့ကို ပြောပြလိုက်ပြီးနောက် လက်ခံသွားသည်ဟု သူက ဆိုသည်။
ဒုက္ခသည်များ ကိုယ်တိုင်က ရွှေ့ပြောင်းရေးကို အခိုင်အမာ ငြင်းဆန်ခဲ့ကြသော်လည်း လွန်ခဲ့သော ၃ နှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၇၀၀၀၀၀ ကျော် ထပ်မံ ရောက်လာသည့် နောက်ပိုင်းတွင် လူဦးရေ ထူထပ်သော ဒုက္ခသည် စခန်းများမှ အခြေအနေများကို အများစုက စိတ်ပျက်လာခဲ့ကြသည်။
ကမာ္ဘ့ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်သော Kutupalong ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တဦး ဖြစ်သည့် အသက် ၄၀ အရွယ် Mohammad Hanif က “ကျနော်တို့ ကျွန်းကို သွားချင်ပါတယ်။ အဲဒီက အစီအစဉ်တွေကို ကျနော် တော်တော်လေး သဘောကျတယ်။ သူတို့မှာ ပိုကောင်းတဲ့ အိမ်တွေ၊ ဗလီတွေ၊ ဘာသာရေးကျောင်းတွေနဲ့ ဈေးတွေ ရှိတယ်။ ပြီးတော့ အစိုးရကလည်း ကုလသမဂ္ဂနဲ့ တခြား အေဂျင်စီတွေရဲ့ အကူအညီနဲ့ ထောက်ပံ့မှုတွေ မပြတ်လပ်စေရဘူးလို့ ကတိပေး ထားတယ် ”ဟု ပြောသည်။
ပြောင်းရွှေ့ရေးအတွက် သူ၏ ဇနီးနှင့် ကလေးများက စိုးရိမ်ခဲ့ကြကြောင်း Mohammad Hanif က ပြောသည်။ သို့သော်လည်း ရနိုင်မည့် အဆောက်အအုံများ အကြောင်း သူတို့ကို ပြောပြလိုက်ပြီးနောက် လက်ခံသွားသည်ဟု သူက ဆိုသည်။
ကုန်းတွင်းစခန်းများတွင် လုပ်ကိုင်နေသော NGO အချို့ကလည်း Bhasan Char ကို ကူညီမည်ဟု သူတို့ကို ပြောခဲ့ကြကြောင်း Mohammad Hanif က ပြောသည်။ သို့သော် ကျွန်းပေါ်တွင် အလုပ်လုပ်ရန် ကုလသမဂ္ဂက သဘောတူ ထားခြင်း မရှိသေးပါ။ ဒီဇင်ဘာလ ၂ ရက် နေ့က ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် UNHCR က ၎င်းတို့ အနေဖြင့် ရွှေ့ ပြောင်းနေရာချထားရေး ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိ သေးကြောင်းနှင့် ကျွန်းကို အရေးပေါ် အကဲဖြတ် စစ်ဆေးခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ် အစိုးရသို့ တောင်းဆိုခဲ့သည်။

Bhasan Char ရှိ အိမ်ယာ အသစ်များက Cox’s Bazar မှ ဝါးဖြင့် ပြုလုပ်ထားသည့် အမိုးအကာများထက် ပိုမို ကောင်းမွန်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြောကြား ခဲ့သည်။
“အဲဒီကျွန်းမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေလည်း ရှိနေမယ် လို့ ကျနော်တို့ကို ပြောပါတယ်။ ဒါကြောင့် ဒီကျွန်းပေါ်မှာ ဘယ်လို အခက်ခဲမျိုးပဲ ကြုံတွေ့ရသည် ဖြစ် စေ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ထပ်တူ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီတော့ ကျွန်းကို ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအောက်မှာ ရပ်တည်နိုင်အောင် လုပ်ထားပြီးသား ဖြစ်ရမယ်လို့ ကျနော် ထင်ပါတယ်” ဟု Mohammad Hanif က ပြောသည်။
“ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့အတွက် အများကြီးလုပ်ပေးတယ်၊ သူတို့က ကျနော်တို့ကို နေစရာ၊ စားစရာတွေပေးတယ်၊ ဒါကြောင့် သူတို့ရဲ့ အစီအစဉ်ကို ကျနော်တို့က လိုက်နာဖို့ မျှော်လင့်တယ်လို့ အာဏာပိုင်တွေက ကျနော်တို့ကို ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက ကျနော်တို့ ကောင်းဖို့ အတွက်ပါ။”
အသက် ၃၃ နှစ်အရွယ် Mohammad Anis က ကျွန်းပေါ်သို့ သွားရေးကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာရှည် မနေထိုင်လိုသောကြောင့် ဖြစ်သည်။
ရွှေ့ပြောင်းချထားမည့် စာရင်းတွင် သူတို့အမည်များ ပါဝင်နေကြောင့် သိရသည့် အချိန်မှ စ၍ ပုန်းရှောင်နေကြသော ဒုက္ခသည်များနှင့် စကားပြောခဲ့ရသည် ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) နှင့် ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့က ပြောသည်။ စခန်းခေါင်းဆောင် majhi များက မှားယွင်းသော ကတိပြုမှုများနှင့် လိုက်လျောလာအောင် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သူတို့က သတိပေးခဲ့သည်။
အသက် ၃၃ နှစ်အရွယ် Mohammad Anis က ကျွန်းပေါ်သို့ သွားရေးကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာရှည် မနေထိုင်လိုသောကြောင့် ဖြစ်သည်။
“ကျွန်းပေါ်ကို ကျနော် မသွားချင်ဘူး။ ပြီးတော့ ကျနော့် အပိုင်းထဲက ကျနော်သိသမျှသူတွေထဲမှာလဲ ဘယ်သူမှ မသွားချင်ကြဘူး ” ဟု ဟု Kutupalong မှ majhi တဦးလည်း ဖြစ်သည့် Mohammad Anis ကပြောသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စောင့်ကြည့်အောက်မှာ ဒီလို လူပေါင်းများစွာကို သူတို့ရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး ပြောင်းရွှေ့ဖို့ အတင်းလုပ်နိုင်မယ်လို့ ကျနော် မယုံကြည်ပါဘူး။ ကျနော်တို့ရဲ့ တောင်းဆိုချက်က ကြောင်းကျိုး ဆီလျော်မှု ရှိဖို့ပါပဲ။ အဲဒါက ကျနော်တို့ကို မြန်မာနိုင်ငံကို ပြန်ပို့ပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဒုက္ခသည်အဖြစ်နဲ့ တသက်လုံး မနေချင်ပါဘူး။”
ကိုးကား။ ။ The Guardian ၏ Bangladesh begins moving Rohingya families to remote island
You may also like these stories:
OIC နှင့် EU တင်သည့် မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းက ဘယ်လိုသက်ရောက်မှု ရှိမလဲ
ICC ၏ ရခိုင်ပြည်နယ်အရေး အစီရင်ခံစာကို မြန်မာပယ်ချ
ရွေးကောက်ပွဲအပြီး အခြေအနေ ပိုကောင်းရန် မြန်မာမွတ်ဆလင်များ မျှော်လင့်