ယခုနှစ်အတွင်း ၆ ကြိမ်မြောက် ထိုင်ဝမ်သို့ လက်နက် ဒေါ်လာ သန်း ၂၈၀ ဖိုးရောင်းချမည်ဟု အမေရိကန်နိုင်ငံက ကြေညာလိုက်သည်နှင့်အတူ “အာဏာရှင်တပ်များ”၏ နေ့စဉ်စစ်ရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း သမ္မတ ဆိုင်းအင်ဝမ်းက အင်္ဂါနေ့တွင်ပြောကြားလိုက်သည်။
ထိုလက်နက်ရောင်းချမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ထုံးစံအတိုင်း ဒေါသတကြီးတုံ့ပြန်ပြီး လက်စားချေမည်ဟု ခြိမ်းခြောက်သော်လည်း မည်သို့လက်စားချေမည်ကို ပြောကြားခြင်းမရှိပေ။
ယခုနှစ်အတွင်း ဒေါ်လာ ၅ ဘီလျံတန်သော ထိုလက်နက်ရောင်းချမှုများကြောင့် တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး တင်းမာနေပြီးဖြစ်သော ဘေ့ဂျင်းနှင့် ဝါရှင်တန်အကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်။
မကြာမီ ရာထူးမှ စွန့်လွတ်ရတော့မည့် ထရမ့်အစိုးရသည် လက်နက်ရောင်းချမည့် အစီအစဉ် ၁၁ ခုဖြင့် ထိုင်ဝမ်ကို ထောက်ခံမှုများကို အားဖြည့်ခဲ့ပြီး တနင်္လာနေ့တွင်မူ စစ်မြေပြင်သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်သစ်တခုကို ထိုင်ဝမ်သို့ရောင်းမည်ဖြစ်ကြောင်း ကွန်ဂရက်သို့ အကြောင်းကြားသည်။
ယခုနှစ်အတွင်း ဒေါ်လာ ၅ ဘီလျံတန်သော ထိုလက်နက်ရောင်းချမှုများကြောင့် တရုတ်နိုင်ငံကို ဒေါသထွက်စေပြီး တင်းမာနေပြီးဖြစ်သော ဘေ့ဂျင်းနှင့် ဝါရှင်တန်အကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်။
တရုတ်နိုင်ငံက ထိုလက်နက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သော အမေရိကန် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူပြီး ပုံမှန် လေကြောင်း တပ်ဖွဲ့က စစ်ဆင်ရေးများအပြင် ထိုင်ဝမ်အနီး စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်လာသည်။
တိုင်ပေတွင် ကျင်းပသည့် လုံခြုံရေးဆိုင်ရာ ညီလာခံတခုတွင် ပြောကြားရာတွင် ဆိုင်းအင်ဝမ်းက စစ်ရေးအသွင် ပိုမိုဆောင်လာသော တောင်တရုတ်ပင်လယ်အပါအဝင် ဒေသတွင်း ခြိမ်းခြောက်မှုများကို ပြောကြားသည်။ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းတော်တော်များများကို တရုတ်နိုင်ငံက ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ကာ ကျွန်းတုများတည်ဆောက်ပြီး လေတပ်၊ ရေတပ် အဆောက်အအုံများ တည်ဆောက်နေသည်။
“အာဏာရှင်တပ်တွေက လက်ရှိ စံနှုန်း အခြေခံစနစ်ကို ချိုးဖေါက်ဖို့ ဆက်တိုက်ကြိုးစားနေတယ်။ ထိုဝမ်ဟာ အဲဒီလို စစ်ရေး ခြိမ်းခြောက်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရတယ်” ဟု ချိုင်ပြောသည်။
လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု
အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းရည် ကျမသွားစေရန် အားပေးရေး ကတိကဝတ်ကို လက်နက်ရောင်းချခြင်းဖြင့် ဖြည့်ဆည်းခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားပြီး အမေရိကန်နိုင်ငံကို ကျေးဇူးတင်သည်။
“ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့အတွက် ထ်ိုင်ဝမ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ကျစ်လစ်သိပ်သည်းအောင် လုပ်ဆောင်ရမယ်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။
လက်နက်ရောင်းချမည့် အစီအစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချခြင်း ရပ်ဆိုင်းရန် တိုက်တွန်းပြီး ဘေ့ဂျင်းသည် တန်ပြန်အရေးုယူသွားမည်ဖြစ်ကြောင်း ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
“ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့အတွက် ထ်ိုင်ဝမ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ကျစ်လစ်သိပ်သည်းအောင် လုပ်ဆောင်ရမယ်”
သမ္မတရွေးကောက်ခံရသူ ဂျိုးဘိုင်ဒင် အစိုးရသစ်သည် ထိုင်ဝမ်အပေါ်ထောက်ခံမှု လျှော့ချမည်မဟုတ်ကြောင်း ထိုင်ဝမ်အစိုးရက ပြည်သူများကို အာမခံနိုင်ရန် ကြိုးစားနေသည်။
ထိုလုံခြုံရေးဆိုင်ရာ ညီလာခံတွင် ဘိုင်ဒင်ကို အကြံပေးသည့် အမေရိကန် အရာရှိဟောင်း ကတ် ကမ်ဘဲက ထိုင်ဝမ်ကို ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ဖက်လုံးက အခိုင်အမာထောက်ခံကြောင်း ပြောသည်။
” ထိုင်ဝမ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားမယ့် သေနင်္ဂဗျူဟာ အရေးပါမှုနဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို နိုင်ငံရေး အုပ်စု နှစ်ခုလုံးက ကျယ်ပြန့်တဲ့ နားလည်မှု ရှိတယ်” ဟု ယခင်သမ္မတ ဘားရက်အိုဘားမားလက်ထက်က အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်အဖြစ်ဆောင်ရွက်ခဲ့သူ ကမ့်ပဲပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
အာရှပစိဖိတ်၏ အနာဂတ်သည် တရုတ်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်
ထိုင်ဝမ်တွင် ရေငုတ်သင်္ဘော ထုတ်လုပ်နိုင်ပြီ
ထိုင်ဝမ်မှာ ၈ စက္ကန့်ကြာ Quarantine စည်းကမ်း ချိုးဖောက်သူကို ကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်