သူနှင့် မိသားစုသည် စစ်ဖက်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) ကို မဲပေးရန် လွန်ခဲ့သောလ ရွေးကောက်ပွဲမတိုင်မီ ဖိအားပေးခံရကြောင်း စက်တင်ဘာလက Facebook တွင် ရေးသားသောကြောင့် တပ်မတော် အရာရှိ တဦး၏ သမီး အလုပ်ကြမ်းနှင့် ထောင် ၉ လ ချမှတ်ခံရသည်။
ဖခင်သည် စစ်သားဖြစ်သောကြောင့် သူ၏ မိသားစုသည် USDP ကို မဲပေးရန် ပြောကြားခံရကြောင်း မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျှင်တပ်ရင်းမှ ဆေးလက်ထောက်တဦး၏ အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မသဉ္ဇာသန်းမင်းက သူ၏ Facebook တွင် ရေးသားခဲ့သည်။
သို့သော် သူသည် ရွေးချယ်ရာပါတီဖြစ်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးမည်ဖြစ်ကြောင်း ဆက်လက်ရေးသားခဲ့သည်။ NLD ကို လူသိရှင်ကြားထောက်ခံခြင်းကြောင့် ဖခင်ဖြစ်သူ၏ ရာထူးကို အန္တရာယ်ကျရောက်စေမည်ဆိုသည့် ခြိမ်းခြောက်မှုများခံရကြောင်း Facebook တွင် ရေးသားသောကြောင့် တရားစွဲခံရမည်ကိုလည်း စိုးရ်ိမ်နေရကြောင်း ဖေါ်ပြထားသည်။
ပခုက္ကူမြို့နယ် NLD ရုံးခွဲ၏ အဆိုအရ သူ ထိုသို့ရေးသားပြီး နောက်တရက်ကြာ ဒေသခံတပ်ရင်း စစ်တန်းလျားတွင် မသဉ္ဇာသန်းမင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး တပ်မတော်ကို ကိုယ်စားပြုကာ ဒုဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက အာမခံ မရသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ထိုပုဒ်မအရ သူ၏ လုပ်ရပ်သည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပုန်ကန်ရန် သို့မဟုတ် တာဝန်ပျက်ကွက်ရန် ဖြစ်စေသော၊ ဖြစ်စေရန် ရည်ရွယ်သော ဥပဒေချိုးဖေါက်မှုဖြစ်သည်။
တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ၆၈ (က) အရ အသရေဖျက်မှုနှစ်ခု ဖြင့်လည်း ထပ်မံတရားစွဲဆိုရန် ကြိုးစားသည်။
တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ၆၈ (က) အရ အသရေဖျက်မှုနှစ်ခု ဖြင့်လည်း ထပ်မံတရားစွဲဆိုရန် ကြိုးစားသည်။
သို့သော် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အတည်ပြုချက်ရမှာသာ ရှေ့ဆက်ဆောင်ရွက်နိုင်သည်။
ပါတီက မသဉ္ဇာသန်းမင်းကို ဥပဒေ အထောက်အကူပေးရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့် လုံးဝမရခဲ့ကြောင်း ပခုက္ကူမြို့နယ် NLD ရုံးခွဲမှ ထိုအမှုကို လေ့လာစောင့်ကြည့်သူ ကို ကျော်ကျော် ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့တွင်မူ ပခုက္ကူမြို့နယ် တရားရုံးက သူမသည် နှစ်နှစ်အထိ ထောင်ကျနိုင်သည့် ပုဒ်မ ၅၀၅ (က) ကို ချိုးဖေါက်သည်ဟု ဆုံးဖြတ်လိုက်သည်။
မသဉ္ဇာသန်းမင်းက တပ်မတော်သို့ တရားခွင်အတွင်း တောင်းပန်ခဲ့ကြောင်းကို ထောင်ဒဏ်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့ကြောင်း တရားသူကြီးက တရားရုံးတွင်ပြောကြောင်း ပြည်တွင်း သတင်းဌာနတခုက ရေးသားသည်။
သောကြာနေ့က တရားခွင်တွင် မသဉ္ဇာသန်းမင်း၏ မိခင်သည် လဲပြိုလုနီးပါးဖြစ်နေပြီး တရားရုံးက သမီးဖြစ်သူကို သက်ညှာသောကြောင့် ကျေးဇူးတင်ကြောင်းနှင့် သမီးဖြစ်သူကို ထောက်ခံအားပေး ရပ်တည်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောသည်။
သောကြာနေ့က တရားခွင်တွင် မသဉ္ဇာသန်းမင်း၏ မိခင်သည် လဲပြိုလုနီးပါးဖြစ်နေပြီး တရားရုံးက သမီးဖြစ်သူကို သက်ညှာသောကြောင့် ကျေးဇူးတင်ကြောင်းနှင့် သမီးဖြစ်သူကို ထောက်ခံအားပေး ရပ်တည်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောသည်။
သူ၏ အမှုသည်သည် အမှုကို ရင်ဆိုင်ရန် စိတ်ဝင်စားခြင်း မရှိသကဲ့သို့ အထောက်အထား မရှိ၍ အခိုင်အလုံ ကာကွယ်ရန် ခက်ခဲကြောင်း မသဉ္ဇာသန်းမင်း၏ ရှေ့နေက သတင်းမီဒီယာများတွင် ပြောခဲ့သည်။
တရားရုံးက ထောင်ချလိုက်ပြီးနောက် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ထည့်သွင်းထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကကြေညာသည်။ ယုံကြည်ချက်ကို ဆုပ်ကိုင်ဖေါ်ပြ အကောင်အထည်ဖေါ်ခြင်း အပါအဝင် န်ိုင်ငံရေး အကြောင်းများကြောင့် ဖမ်းဆီးခံရသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ထောင်ချခြင်းသည် နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိကြောင်း ပြသသည့် နောက်ထပ် အထောက်အထားဖြစ်ကြောင်း AAPP မှ ကိုအောင်မျိုးကျော်ပြောသည်။
“ဥပဒေဆိုတာ နိုင်ငံသားတွေကို အကာအကွယ်ပေးရမှာ။ အခုတော့ ဥပဒေတွေက သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ ကိရိယာဖြစ်နေတယ်။ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေလည်း အာဏာပိုင်တွေကို ဝေဖန်လို့ တရားစွဲထောင်ချခံနေရတယ်”
“ဥပဒေဆိုတာ နိုင်ငံသားတွေကို အကာအကွယ်ပေးရမှာ။ အခုတော့ ဥပဒေတွေက သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ ကိရိယာဖြစ်နေတယ်။ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေလည်း အာဏာပိုင်တွေကို ဝေဖန်လို့ တရားစွဲထောင်ချခံနေရတယ်” ဟု သူပြောသည်။
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိပါးသည့် ဖိနှိပ်သော ဥပဒေအားလုံးကို အမြန်ဆုံး ပြင်ဆင်ပယ်ဖျက်သင့်ကြောင်းလည်း သူတိုက်တွန်းသည်။
AAPP ၏ အဆိုအရ လတ်တလောမြန်မာနိုင်ငံတွင် မသဉ္ဇာသန်းမင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၆ ဦးရှိသည်။
( San Yamin Aung ၏ Army Officer’s Daughter Jailed for Claiming Pressure to Vote for Military Proxy Party ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်
ဧရာဝတီတိုင်းမှ ကျားဖောင်လုပ်သား ၈ ထောင်ကျော် မဲပေးခွင့်ဆုံးရှုံး
ရွေးကောက်ပွဲအပြီး အခြေအနေ ပိုကောင်းရန် မြန်မာမွတ်ဆလင်များ မျှော်လင့်