အွန်လိုင်းမြန်မာ စာကြည့်တိုက် (Online Burma / Myanmar Library) ကို တည်ထောင်သူနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို အားသွန်ခွန်စိုက် ထောက်ခံအားပေးသူဖြစ်သည့် David Arnott ဒီဇင်ဘာလ ၇ ရက်နေ့က ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သူက မဲဆောက်တွင် ၂၀၀၄ ခုနှစ်ကတည်းက နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်သည်။
အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သော David Arnott ကို မြန်မာနိုင်ငံ၏ခေတ်ပြိုင်နှင့် သမိုင်းဆိုင်ရာ ရင်းမြစ်များစွာမှ သတင်းအချက်အလက်များကို လွတ်လပ်စွာရယူနိုင်ရန် စုစည်းပေးထားသည့် အကျိုးအမြတ်မယူသော နေရာတခု ဖြစ်သည့် OBL ကို တည်ထောင်ပေးခဲ့ခြင်း အတွက် အမှတ်ရနေကြရလိမ့်မည် ဖြစ်သည်။
အဆိုပါ အွန်လိုင်း စာကြည့်တိုက်သည် မြန်မာ့အရေးကို လေ့လာနေသူများအတွက် အလုပ်စတင်ရမည့် နေရာတခု ဖြစ်နေပြီး ၅၀၀၀၀ ခန့် ရှိသော ဝက်ဘ်ဆိုက်များနှင့် စာရွက်စာတမ်းများကို ချိတ်ဆက်ပေးထားသည်။ ၎င်းတို့အနက်မှ ၄ ပုံ ၁ ပုံမှာ မြန်မာဘာသာဖြင့် ဖြစ်သည်။
ထို ဝက်ဘ်ဆိုက်ပေါ်တွင် ကျန်းမာရေး၊ မြေယာ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံခြား ဆက်ဆံရေးနှင့် သမိုင်း အစရှိသော ခေါင်းစဉ် ၁၀၀ ဝန်းကျင်ရှိသည်။ OBL က ၎င်းသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အွန်လိုင်းပေါ်မှ အကြောင်းအရာများကို စုစည်းပေးထားသော အကြီးဆုံး အရင်းအမြစ်တခုဖြစ်သည်။
၂၀၀၃ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ထုတ်ဝေသော မြန်မာအစိုးရ၏ နေ့စဉ် သတင်းစာများ၏ ဒီဂျစ်တယ် ပုံစံများ ရှိသည့် တခုတည်းသော ဝက်ဘ်ဆိုဒ် ဖြစ်သည်။
ဝက်ဘ်ဆိုက် ပေါ်သို့ နောက်ဆုံး တင်ပေးခဲ့သည်မှာ စက်တင်ဘာ ၂၆ ရက် နေ့က ဖြစ်သည်။
You may also like these stories:
ရခိုင်ဒုက္ခသည်စခန်းမှ မိန်းကလေးငယ်တဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူများအား ရှာဖွေနေ
SSPP အဖွဲ့က မိုးကုတ်ဒေသခံ ၁၆ ဦးကို မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ဖမ်းဆီး
ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူ ထိုးနှံပေးနိုင်ရေး မြန်မာပြင်ဆင်နေ