သတင်း

မြဝတီအနီး စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူ တရုတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က လူဆိုးစာရင်းသွင်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် မြဝတီမှ စက်မှုဇုန်အမည်ခံနှင့် လောင်းကစားလုပ်ငန်း အချက်အခြာနေရာအတွက် အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ်န်ိုင်ငံမှ အရေးပါသည့် လူဆိုးဂိုဏ်းခေါင်းဆောင်နှင့် ကွန်မြူနစ်ပါတီဝင်တဦးကို အမေရိကန် ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းလိုက်သည်။

“သွားကျိုး”ဟု လူသိများသည့် ဝန်ကောက်ကွိုင်ကို ပိတ်ဆို့အရေးယူမည့် အဂတိလိုက်စားသူများ စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ ဝန်သည် အရှေ့တောင်အာရှနှင့် အမေရိကန်ပြည်ထောင်စုတွင် မူးယစ်မှောင်ခိုမှု၊ တရားမဝင်လောင်းကစားမှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် အခြားရာဇဝတ်မှု များစွာ လုပ်ကိုင်နေသည့် 14K ဟု ခေါ်သည့် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဖြစ်သည်။

ဝန်ပိုင်ဆိုင်သည့် ကမ္ဘောဒီးယား အခြေစိုက် ကမ္ဘာ့ဟောင်မန် သမိုင်းနှင့်ယဉ်ကျေးမှုအဖွဲ့ World Hongmen History and Culture Association၊ ဟောင်ကောင်အခြေစိုက် ဒေါင်မေ အုပ်စု Dongmei Group နှင့် ပစိဖိတ်ကျွန်းနိုင်ငံတခုဖြစ်သော ပါလောအခြေစိုက် ပါလောဟန်မင်ယဉ်ကျေးမှုအသင်း Palau China Hung-Mun Cultural Association စသည့် အဖွဲ့အစည်း ၃ ခုကိုလည်း ထိုအမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ထိုစီမံကိန်းသည် ရွှေကုက္ကို လောင်းကစား စီမံကိန်းနည်းတူ မြဝတီတွင် ခရီးသွားလုပ်ငန်း၊ အပမ်းဖြေလုပ်ငန်းနှင့် အခြားဖျော်ဖြေရေး လုပ်ငန်းများလုပ်ကိုင်မည့် အဆင့်မြင့် မြို့တော် စီမံကိန်းဖြစ်သည်။

မတ်လက ဝန်သည် မြဝတီ၌ ကမ္ဘာ့အဆင့်မီ အဆင့်မြင့် ခရီးသွားလုပ်ငန်းတခုကို ဒေါင်မေ အုပ်စုက အကောင်အထည်ဖေါ်မည့် Saixigang စက်မှုဇုန် ဖွင့်ပွဲအခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည်။

ထိုစီမံကိန်းသည် ရွှေကုက္ကို လောင်းကစား စီမံကိန်းနည်းတူ မြဝတီတွင် ခရီးသွားလုပ်ငန်း၊ အပမ်းဖြေလုပ်ငန်းနှင့် အခြားဖျော်ဖြေရေး လုပ်ငန်းများလုပ်ကိုင်မည့် အဆင့်မြင့် မြို့တော် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဝန်က ထိုအခမ်းအနားတွင်ပြောသည်။

၂၀၂၀ မတ်လအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Dongmei Group ၏ ပါတီပွဲ/ Dongmei Group

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု၏ အဆိုအရ Saixigang စီမံကိန်းသည် တရုတ်နှင့် ကမ္ဘောဒီးယား တရားဥပဒေစိုမိုးရေးဌာနများ ပူးပေါင်းဖြိုခွဲမှုကြောင့် ထွက်ပြေးလာသည့် တရုတ်စီးပွားရေး လုပ်ငန်းများအတွက် နေရာသစ်အဖြစ် စီစဉ်ထားကြောင်း သိရသည်။

စီမံကိန်း၏ အမည်သည်ပင် ၎င်း၏ရည်ရွယ်ချက်ကို ဖေါ်ပြနေသည်။Saixigang ဆိုသည်မှာ တရုတ်ဘာသာအားဖြင့် Sihanoukville ထက် သာလွန်သောနေရာဟု အကြမ်းအားဖြင့် အဓိပ္ပါယ်ရသည်။ ကမ္ဘောဒီးယား ကမ်းရိုးတန်း မြို့ဖြစ်သော Sihanoukville သို့ မကြာသေးမီနှစ်များအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာခဲ့သည်။

ထိုအဖွဲ့သည် အမေရိကန် ပြည်ထောင်စုတွင် ဘိန်းဖြူမှောင်ခိုမှု၊ တရားမဝင်လောင်းကစားမှု၊ ငွေညှစ်ခြင်းနှင့် လူကုန်ကူးခြင်းများကို နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်နေသော အဖွဲ့ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ငြ်ိမ်းချမ်းရေး အင်စတီကျုက ဖေါ်ပြသည်။

လူသတ်မှု ၁၄ မှုအတွက် ဝန်ကို ၁၉၉၉ ခုနှစ်က မက္ကာအိုတွင် ဖမ်းဆီးခဲ့သည်။ သို့သော် 14K မာဖီးယားဂိုဏ်းသည် ဆက်လက်ရှင်သန်နေပြီး အဖွဲ့ဝင် ခန့်မှန်းခြေ ၂၀၀၀၀ သည် ကမ္ဘာတဝန်း ကျယ်ပြန့်သည့် ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

ထိုအဖွဲ့သည် အမေရိကန် ပြည်ထောင်စုတွင် ဘိန်းဖြူမှောင်ခိုမှု၊ တရားမဝင်လောင်းကစားမှု၊ ငွေညှစ်ခြင်းနှင့် လူကုန်ကူးခြင်းများကို နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်နေသော အဖွဲ့ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ငြ်ိမ်းချမ်းရေး အင်စတီကျုက ဖေါ်ပြသည်။

၂၀၁၂ ခုနှစ်တွင် ထောင်မှပြန်လွတ်လာပြီးနောက် သူသည် မလေးရှားမှ စီးပွားရေး သမားတဦးနှင့် ပေါင်းကာ ဒေါင်မေအုပ်စု ကုမ္ပဏီ အကြီးအကဲဖြစ်လာသည်။ ထိုလုပ်ငန်းသည် ကမ္ဘောဒီးယားတွင် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ပြီး နောက်ပိုင်းတွင် triad coin ဟုခေါ်သည့် ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းလည်း လုပ်ကိုင်သည်။

ဝန်သည် ကမ္ဘာ့ ဟောင်မန် သမ်ိုင်းနှင့် ယဉ်ကျေးမှုအသင်းကို ၂၀၁၈ ခုနှစ်က ကမ္ဘောဒီးယားတွင် ထူထောင်သည်။ ဟောင်မန် ခေါ် ဟန်မင် ဆိုသည်မှာ ၁၆၀၀ ခုနှစ်များအလယ်က တည်ထောင်ခဲ့သော ကမ္ဘာ့တရုတ်ညီအကိုတော်များအသင်းဖြစ်ပြီး ဟောင်ကောင်နှင့် မက္ကအို စကားတွင် ရာဇဝတ်ဂိုဏ်းဟု အကြမ်းအားဖြင့် အဓိပ္ပါယ်ရသည်။

BRI စီမံကိန်းများနောက်ကွယ်မှ တရုတ်လုပ်ငန်းများ၏ တူညီသော လက္ခဏာမှာ ခေါင်းဆောင်များသည် ရာဇဝတ်ဂိုဏ်းများ၊ အရှေ့တောင်အာရှနှင့် တရုတ်တွင် တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများဖြစ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနကဆိုသည်။

ထိုအဖွဲ့အစည်းသည် သြဇာကြီးမာသည့် စီးပွားရေးလုပ်ငန်းကွန်ရက်နှင့် ဒစ်ဂျစ်တယ်ငွေကြေး၊ အိမ်ခြံမြေလုပ်ငန်းများနှင့် မကြာသေးမီက BRI ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေး ကုမ္ပဏီတခုကို လုပ်ကိုင်ကြောင်း ဆိုသည်။

BRI စီမံကိန်းများနောက်ကွယ်မှ တရုတ်လုပ်ငန်းများ၏ တူညီသော လက္ခဏာမှာ ခေါင်းဆောင်များသည် ရာဇဝတ်ဂိုဏ်းများ၊ အရှေ့တောင်အာရှနှင့် တရုတ်တွင် တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများဖြစ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနကဆိုသည်။

၎င်းတို့သည် ဒစ်ဂျစ်တယ်ငွေကြေးနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများကို ယခင်ကပင် လုပ်ကိုင်နေပြီး BRI နှင့်ပတ်သက်ကြောင်း ၎င်းတို့ကိုယ် ၎င်းတို့ကြေညာကာ တရုတ်ထိပ်တန်းအစိုးရဌာနများနှင့် အဆက်အသွယ်ရှိကြောင်း ပြောဆိုခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဖေါ်ပြသည်။ ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံသားများကို ကူညီရန် တက်ကြွစွာကြိုးစားကြောင်းလည်း ဖေါ်ပြထားသည်။

မြဝတီမှ အငြင်းပွားဖွယ် ရွှေကုက္ကို စီမံကိန်းကို တည်ဆောက်သည့် Yatai အုပ်စုကလည်း ၎င်းတို့သည် BRI ၏ အစိတ်အပိုင်းအဖြစ်ကြေညာသည်။ သို့သော် မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ထိုစီမံကိန်းသည် တတိယ ကြားလူက လုပ်ကိုင်သော စီမံကိန်းဖြစ်ပြီး BRI နှင့် ပတ်သက်ခြင်းမရှိကြောင်း ပြောသည်။

(Nan Lwin ၏ US Sanctions Chinese Gangster Behind ‘Industrial Zone’ in Myanmar’s Karen State ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်

အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ

ရွှေကုက္ကိုလ် ရှေ့ဆက်ရေး မြန်မာအစိုးရကို ယထိုက် IHG ကြိုးစားချဉ်းကပ်နေ

မြန်မာတွေ ဆောက်တဲ့ လာအိုက တရုတ်ကက်စီနိုသို့ အလည်တခေါက်

Did you find apk for android? You can find new Free Android Games and apps.
Loading