သတင်း

မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်

ကမာ္ဘတဝန်း တန်ဖိုးသင့်ကိုဗစ် ကာကွယ်ဆေး လက်လှမ်းမှီရေး COVAX အစီအစဉ်မှ မြန်မာနိုင်ငံ လူဦးရေ ၅၄.၄ သန်း၏ ၂၀ ရာခိုင်နှုန်းခန့်အတွက် Covid-19 ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို ဧပြီလတွင် စတင်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောဆိုထားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသည် ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) နှင့် ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကမာ္ဘလုံးဆိုင်ရာမဟာမိတ်အဖွဲ့ (GAVI) သို့ ကိုဗစ်ကာကွယ်ဆေးရရှိရန် အဆိုပြုလွှာ တင်သွင်းခဲ့သည်။ GAVI သည် ကမာ္ဘပေါ်ရှိ ဝင်ငွေနည်းပါးသောနိုင်ငံများအတွက် Covid-19 ကာကွယ်ရေး ရရှိရန် ကူညီပေးနေသော နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ ဖြစ်သည်။

၎င်းအဆိုပြုလွှာတွင် ကာကွယ်ဆေးရရှိပါက သိုလှောင် သယ်ဆောင် ထိုးနှံမည့်အစီအစဉ်၊ ဦးစားပေး ထိုးနှံမည့်အုပ်စုများ၊ ကုန်ကျငွေကို ခွဲဝေကျခံမည့်ပုံစံနှင့် သုံးစွဲလိုသည့် ဦးစားပေး အလိုက် ကာကွယ်ဆေး အမျိုးအစားများကို ဖောင်ပုံစံတွင် ဖြည့်စွက်ကာ ပေးပို့ထားသည်။

ဒေါက်တာမြင့်ထွေး၏ အဆိုအရ ၂၀၂၁ ခုနှစ် ဧပြီမှ ၂၀၂၂ ဇွန်လအထိ ကာလကို ကာကွယ်ဆေး ထိုးနှံရေးကာလအဖြစ် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မည်သည့် ကာကွယ်ဆေးအမျိုးအစား ရရှိမည်ကို မသိရသေးပေ။

ဒေါက်တာမြင့်ထွေး၏ အဆိုအရ ၂၀၂၁ ခုနှစ် ဧပြီမှ ၂၀၂၂ ဇွန်လအထိ ကာလကို ကာကွယ်ဆေး ထိုးနှံရေးကာလအဖြစ် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မတ်လနှောင်းပိုင်း Covid-19 စတင် ကူးစက်ခံရပြီးနောက် တနင်္လာနေ့အထိ Covid-19 အတည်ပြုလူနာစုစုပေါင်း ၁၀၉၅၂၁ ဦးနှင့် သေဆုံးမှု ၂၂၉၂ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၈၈၁၃၁ ဦးရှိသည်။

“Gavi အဖွဲ့ ကို ဒီဇင်ဘာ ၇ ရက်က တင်တာသည် WHO က ကူညီမယ့် ၂၀ ရာခိုင်နှုန်းရမယ့် ကာကွယ်ဆေးကို ရဖို့ တင်တာ ဖြစ်ပါတယ်။ ဝယ်မယ့်ဆေးကို တင်တာ မဟုတ်ပါဘူး။ WHO က အသိအမှတ်ပြုတဲ့ဆေး ရှိလာမှ ရမှာ ဖြစ်ပါတယ်။ ဘယ်ဆေးအမျိုးအစားဆိုတာ ကျမတို့လည်း မသိသေးပါဘူး။ ဘယ်နိုင်ငံမှလည်း မသိသေးပါဘူး။ အဲဒီတော့ WHO က အသိအမှတ်ပြု ကာကွယ်ဆေးကတော့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ တိုင်းပြည် ၉၂ နိုင်ငံ အတွက် စီစဉ်တဲ့ COVAX အစီအစဉ် ကနေ ၂၀ % ရမယ်။ ရတဲ့အခါ ကျမတို့က co-financing (ကုန်ကျငွေ ခွဲဝေကျခံတဲ့စနစ်) နဲ့ရမလား။ ဘယ်လိုပုံစံနဲ့ရမလဲ ဆိုတာတော့ နောက်မှ သိမှာ ဖြစ်ပါတယ်။ သူတို့ ဘာကာကွယ်ဆေးပေးမလဲ ကျမတို့ မသိဘူး” ဟု ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ကနဦးအနေဖြင့် လာမည့်နှစ် ဒုတိယ ၃ လပတ် (ဧပြီ) တွင် ကာကွယ်ဆေး ၃ ရာခိုင်နှုန်းကို ရရှိရန်နှင့် ကျန် ၁၇ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် နှစ်လယ်တွင် ရရှိမည်ဟု ဝန်ကြီးက ခန့်မှန်းထားကြောင်း ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် WHO က အတည်ပြုသည့် ကာကွယ်ဆေး သို့မဟုတ် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီသည် နိုင်ငံ ၃ နိုင်ငံ၏ ဆေးဝါးထောက်ခံချက် အတည်ပြုချက်ရရှိခြင်း သို့မဟုတ် အရေးပေါ် အသုံးပြုရန် အတည်ပြုချက်ရရှိသော ကာကွယ်ဆေး တို့ကို ဝယ်ယူမည် ဖြစ်သည်။

အတည်ပြုထားသည့် ကိုဗစ်ကာကွယ်ဆေးများ ရှိလာပါက ဆေးထုတ်လုပ်သူများထံမှ တိုက်ရိုက် ဝယ်ယူရန် ဆွေးနွေးနေကြောင်းလည်း ဒေါက်တာ ဒေါ်ခင်ခင်ကြီးပြောသည်။

မြန်မာနိုင်ငံအနေဖြင့် WHO က အတည်ပြုသည့် ကာကွယ်ဆေး သို့မဟုတ် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီသည် နိုင်ငံ ၃ နိုင်ငံ၏ ဆေးဝါးထောက်ခံချက် အတည်ပြုချက်ရရှိခြင်း သို့မဟုတ် အရေးပေါ် အသုံးပြုရန် အတည်ပြုချက်ရရှိသော ကာကွယ်ဆေး တို့ကို ဝယ်ယူမည် ဖြစ်သည်။

ကာကွယ်ဆေးအတွက် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနှင့် ကမာ္ဘ့ဘဏ်ငွေကြေးစိုက်ထုတ်မှုမှ သုံးစွဲမည် ဖြစ်သည်။

Pfizer နှင့် BioNTech တို့ပူးပေါင်းထုတ်လုပ်သည့် ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေးကို ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများတွင် အတည်ပြုထားပြီး ထိုနိုင်ငံများသည် ယခုလအတွင်း ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်သည်။ တနင်္လာနေ့တွင် စင်္ကာပူသည် ကာကွယ်ဆေးကို အတည်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် နိုင်ငံဖြစ်လာပြီး ပထမဆုံး ကာကွယ်ဆေးကို ယခုလကုန်တွင် စတင်ရရှိမည်ဟု ယမန်နေ့က စင်္ကာပူအစိုးရက ကြေငြာထားသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinopham ကို ရှေ့တန်းကျန်းမာရေးလုပ်သားများအတွက် အရေးပေါ်အသုံးပြုရန် စက်တင်ဘာလတွင် ခွင့်ပြုခဲ့သည်။ Moderna နှင့် အောက်စဖို့ဒ် တက္ကသိုလ်၏ AstraZeneca အစီအစဉ်အပါအဝင် အခြားကာကွယ်ဆေးများမှာ စမ်းသပ်မှု အဆင့် ၃ တွင် ရောက်နေပြီဖြစ်သည်။

ထို့အပြင် ပြင်ပ ပုဂ္ဂလိက ဆေးရုံများကိုလည်း ကိုဗစ်ကာကွယ်ဆေး ဝယ်ယူထိုးနှံခွင့် ပေးမည် ဖြစ်သည့်အတွက် လာမည့်နှစ် ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေး ထိုးနှံနိုင်မှုကို အတော်များများ ခြုံငုံမိနိုင်မည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့် ဘေးကင်းလုံခြုံစွာ သိုလှောင်နိုင်သည့် ကာကွယ်ဆေးဝယ်ယူရန် ကျန်းမာရေးဝန်ကြီးဌာနသည် အဖွဲ့ဝင် ၁၄ ဦးပါသည့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ရှင်းပြသည်။

ထို့အပြင် ပြင်ပ ပုဂ္ဂလိက ဆေးရုံများကိုလည်း ကိုဗစ်ကာကွယ်ဆေး ဝယ်ယူထိုးနှံခွင့် ပေးမည် ဖြစ်သည့်အတွက် လာမည့်နှစ် ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေး ထိုးနှံနိုင်မှုကို အတော်များများ ခြုံငုံမိနိုင်မည်ဟုလည်း ဆိုသည်။

ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မကြာမီ ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရသည်။

“ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို ကိုဗစ် ကာကွယ် ထိန်းချုပ်ရေး ကော်မတီကို
ကျမတို့တင်ထားပါတယ်။ ထွက်ရင်တော့ နိုင်ငံတော် အတိုင်ပင်ခံကနေ ပြောမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဒေါ်ခင်ခင်ကြီး ပြောသည်။

အစိုးရ၏ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အရ ဦးစားပေးအုပ်စုများတွင် ကျန်းမာရေး ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့် အထက်လူကြီးများနှင့် ရောဂါအခံရှိသူများ ပါဝင်ကြောင်းလည်း သူမက ရှင်းပြသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ လူထုသို့ပြောကြားသည့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က “ကာကွယ်ဆေးကို ကျမတို့ တတိုင်းပြည်လုံးကို ထိုးပေးရမှာပါ။ ကျမတို့နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့” ဟု ကတိပေးခဲ့သည်။

သို့သော် အစိုးရအနေဖြင့် “စီးပွားရေးယန္တရား ပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ အခြေအနေရှိတဲ့ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ ထိန်းချုပ် ထားနိုင်တဲ့ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က အားလုံးအတွက် မျှတအောင်လုပ်မယ်။ အားလုံးကနေလည်း ကာကွယ်ဆေးတော့ရမှာပဲ။ ဒါပေမယ့် ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာကတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ နောက်ပြီးတော့ ကျမတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အင်အားအရပေါ့။ အဲဒါကို ကျမတို့ ဆုံးဖြတ်ရမှာပါ” ဟု ပြောဆိုခဲ့သည်။

သို့သော် ကိုဗစ်ကာကွယ်ဆေးသည် အသက် ၁၈ နှစ်အောက်လူငယ်များနှင့် တည့်မတည့် စမ်းသပ်ခြင်းမပြုရသေးသောကြောင့် နိုင်ငံလူဦးရေ၏ ၃၃ ရာခိုင်နှုန်းရှိသော ၁၈ နှစ်အောက် လူငယ်များကို ကာကွယ်ဆေးထိုးပေးမည် မဟုတ်ကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောသည်။

(Nyein Nyein ၏ Myanmar COVID-19 Vaccination Expected from April ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”

အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ

မြန်မာ့ ကိုဗစ်ကျရှုံးမှုက ထိုင်း အောင်ပွဲကို ခြိမ်းခြောက်နေ

Loading