• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကြောင့် သီလဝါ အထူးစီးပွားရေးဇုန်သို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ခန့် လျော့ကျ

by အောင်သီဟ
17 December 2020
in သတင်း
A A
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည့် သီလဝါအထူးစီးပွားဇုန်  / ဧရာဝတီ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည့် သီလဝါအထူးစီးပွားဇုန် / ဧရာဝတီ

3.1k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်သည့်အခြေအနေမှာ ထက်ဝက်ခန့် လျော့ကျသွားကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက သိ ရသည်။

သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ရခိုင်ပြည်နယ် အရေးကိစ္စ ဖြစ်ပေါ်ခဲ့သည့် အချိန် ကာလတွင်လည်း လျော့ကျခဲ့ခြင်းလည်း ရှိသလို ယခု ကိုဗစ် ၁၉ ကြောင့် ရိုက်ခတ်မှုများကြောင့် ပြီးခဲ့သည့်နှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သီလဝါ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ် က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
59
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
532
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
8

၎င်းက “ရင်းနှီးမြှုပ်နှံမှုကတော့ မရပ်သွားဘူး။ ဆွေးနွေးနေတာတွေ၊ စိစစ်နေတာတွေကတော့ ရှိနေတယ်။ ကိုဗစ် စဖြစ်ပြီး နောက်ပိုင်းမှာကို ကျမတို့ လုပ်ငန်း ၅ ခုလောက်အထိ ခွင့်ပြုပေးခဲ့တာ ရှိတယ်။ အရင်ကထက်တော့ အရေအတွက် လျော့ သွားတာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့်၂၀၂၀ ဖေဖော်လကုန်ပိုင်း စာရင်းများအရ သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၁၇ ခု ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ယခု ကိုဗစ်ကာလ ၈ လကျော် ကာလအတွင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅ ခု ခန့် သာ ထပ်မံ ခွင့်ပြုထားနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။

လတ်တလော သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်း ၁၁၇ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ၂ ဘီလီယံ ကျော် အထိရှိပြီး လုပ်ငန်းပေါင်း ၈၀ ကျော်မှာ စက်ရုံလည်ပတ်လျက်ရှိပြီး ကျန်လုပ်ငန်းများမှာ တည်ဆောက်ရေး လုပ်ငန်း များ လုပ်ကိုင်လျက်ရှိသည်။

ကိုဗစ် အကန့်အသတ် ညွှန်ကြားချက်များကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားသော ပထမလှိုင်းကာလတွင် ရပ်နားထား ခဲ့ရသည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံလုပ်ငန်းများအားလုံးသည် လက်ရှိအချိန်တွင် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ပြန်လည်ပတ်လျက်ရှိကြောင်း သီလဝါ အထူးစီးပွားရေး စီမံခန့်ခွဲမှု ကော်မတီထံက သိရသည်။

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမီတက်၏ အမှုဆောင် အရာရှိချုပ် ဦးမြင့်ဇော်က “အခုက ခရီး သွားလာခွင့် အကန့်အသတ်တွေ ရှိတော့ ရင်းနှီးမြှုပ်နှံမှုအသစ်ကတော့ သူရင်နှီးမြှုပ်နှံမယ့် နေရာကို လာရောက်ပြီး မြေပြင် အခြေအနေ လာကြည့်လို့ မရဘဲတော့ ဘယ်လိုလို့ လုပ်မလဲ။ တကယ် စာချုပ်ရမယ့် အပိုင်းတွေ ရပ်ကုန်တယ်။ ဒါပေမယ့် ကိုဗစ်ငြိမ်သွားတာနဲ့ လုပ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေက ရှိနေတယ်” ဟု ပြောသည်။

လတ်တလောတွင် ကိုဗစ်ကြောင့် လျော့ကျသွားသော ရင်းနှီးမြှုပ်နှံမှု အနေအထားကြောင့် ယခင်က သတ်မှတ်ထားခဲ့ သည့် သီလဝါ အထူးစီးပွားရေးဇုန်ကို ထပ်မံ တိုးချဲ့အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၏ကာလများကို ပြောင်းလဲ နေရကြောင်း ၎င်းက ဆိုသည်။

သီလဝါအထူး စီးပွားရေးဇုန်တွင် သံမဏိ အဆောက်အအုံ ပစ္စည်းများ၊ ဘိလပ်မြေ စက်ရုံများနှင့် ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ၊ ထုတ် လုပ်သည့် လုပ်ငန်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ ထားလျက် ရှိသည်။

အခြား လုပ်ငန်းများဖြစ်သည့် စားသောက်ကုန် ဖျော်ရည်လုပ်ငန်းများနှင့် ယင်းလုပ်ငန်းသုံး သံဘူးများ ထုတ်လုပ်သည့် လုပ် ငန်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများလည်း ရှိသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အများစုသည် ဂျပန်နိုင်ငံက လုပ်ငန်းများ ဖြစ်ကြသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် စတင် လည်ပတ်ခဲ့ပြီး အောင်မြင်နေသည့် အထူးစီးပွားရေးဇုန် တခုဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြေင်းလိုင်းများ ပြေးဆွဲမှုများ ပြန်လည်ပြုလုပ်လျှက် ရှိပြီး၊ ပြည်ပ လေကြောင်း လိုင်းများ ပြေးဆွဲမှုကို ဇန်နဝါရီ ၁ရက်နေ့တွင် ပြန်လည်စီစဉ်နေရာ မြန်မာနိုင်ငံသို့ အများဆုံး ရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ်နေသည့် ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများနှင့် စတင်မည်ဟု သိရသည်။

You may also like these stories:

JICA စီမံကိန်း ၂ ခုအတွက် ဂျပန်-မြန်မာ ချေးငွေ စာချုပ် ချုပ်ဆို

ဓာတ်ငွေ့ စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီ ၃ ခု ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Your Thoughts …
Tags: ရင်းနှီးမြှုပ်နှံမှုသီလဝါအထူးစီးပွားရေးဇုန်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

Next Post
ဟောလိဝုဒ် မင်းသားကြီး အာနိုး

လာမယ့်နှစ်မှာ ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်မယ့် မင်းသားကြီး အာနိုး

မြောက်ဦးမြို့ မြို့ဦးဂေါင်း စစ်ရှောင်စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate