• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တင်းမရွာသား ၁၈ ဦးပျောက်ဆုံးနေသည့်အတွက် တိုင်ကြားမှု ရဲစခန်း လက်မခံ

by ခိုင်ရိုးလ
18 December 2020
in သတင်း
A A
ကျောက်တော် ရဲစခန်း / Kyaw Hla Myint / Facebook

ကျောက်တော် ရဲစခန်း / Kyaw Hla Myint / Facebook

8.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ကြောင်းရှိ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးကို တပ်မ တော်က ဖမ်းဆီးသွားမှုအား အရေးယူပေးရန် မိသားစုဝင်များက ကျောက်တော်မြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၈ ရက်က အမှုဖွင့် တိုင်ကြားထားခြင်း ကိစ္စကို ရဲစခန်းက လက်မခံနိုင်ကြောင်း သိရသည်။

အဆိုပါ အမှုမှာ ရဲအရေးမပိုင်ခြင်း၊ စစ်ဆင်ရေး နယ်မြေအတွင်းမှ တပ်မတော်သားများနှင့် ပတ်သက်နေသဖြင့် သက်ဆိုင် ရာ တပ်ရင်း၊ တပ်ဖွဲ့၊ နယ်လုံဝန်ကြီးတို့ဆီသို့သာ တိုင်ကြားခွင့် ရှိသည့်အတွက် ယင်းအမှုကို လက်မခံရခြင်းဖြစ်ကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှ စခန်းမှူး သူရထွန်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
33
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
542
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
156

စခန်းမှူး သူရထွန်းက “အဲဒါ ကျနော်တို့ ရဲပိုင်တဲ့ အမှု မဟုတ်ပါဘူး ခင်ဗျ။ သူတို့(ရွာသားတွေ)ကို ကျနော် အတန်တန် ရှင်းပြပါတယ်။ တပ်မတော်ရဲ့ စစ်ဆင်ရေး နယ်မြေမှာဖြစ်တဲ့အတွက် ကျနော်တို့က အမှုဖွင့်ပေးလို့ မရပါဘူး။ သူတို့က နည်းလမ်းတကျ တရားလွှတ်တော်ကနေ စာချွန်လွှာတို့၊ နောက်သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေ၊ နယ်မြေတွေ နယ်လုံ ဝန်ကြီးတွေဆီသို့သာ သီးသန့် တိုင်ကြားခွင့် ရှိတယ်။ ကျနော်တို့က အမှုဖွင့်ပေးလို့ မရတဲ့ ကိစ္စပါ။ ရဲ မပိုင်ပါဘူးဗျာ” ဟု ပြောသည်။

အဆိုပါ တင်းမကြီးနှင့် တင်းမသစ် ကျေးရွာသား ၁၈ ဦးမှာ ကျေးရွာအတွင်းမှ ယခုနှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့ တွင် တပ်မတော် စစ်ကြောင်း တပ်မ ၅၅ မှ ကျေးရွာအနီး တောင်ရှည်တောင်သို့ ဖမ်းဆီးသွားပြီး ယနေ့ အချိန်ထိ သတင်း အစအန မရသည့်အပေါ် ယင်းစစ်ကြောင်းမှ တာဝန်ရှိသူတို့အား အမှုဖွင့် အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်သည်။

အဆိုပါ အမှုကို ရဲစခန်းသို့ တိုင်ကြားရာ၌ အကူအညီပေးနေသူ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက “ဗိုလ်ချုပ် ဇော်မင်းထွန်း ကလည်း စစ်ရေးပဋိပက္ခအတွင်း အောက်ခြေမှာ နစ်နာသူတွေ တိုင်ကြားလို့ရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ထားတယ်။ ဒါကြောင့် မိသားစုတွေက အမှုဖွင့်ပေးဖို့ သွားတိုင်ကြတာ။ ကျနော်တို့ ပထမ တိုင်ထားတဲ့ စာဟာလည်း ရဲ စခန်းမှာ မရှိတော့ဘူး။ ပျောက်နေတယ်လို့ စခန်းမှူးက ပြောတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က ဖမ်းဆီးခံ မိသားစုဝင်တို့သည် ကျောက်တော် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားစာများကို ဂတ်စာရေးထံ ပေးထားခြင်းဖြစ်ပြီး ဂတ်စာရေးဆိုသူ နယ်ပြောင်းသွားခြင်းကြောင့် ယင်းတိုင်စာများမှာလည်း ရဲစခန်းတွင် မရှိတော့သည့်အတွက် ထို တိုင်ကြားမှုအား လက်မခံခြင်းဟု စခန်းမှူးက ပြောဆိုလိုက်ကြောင်းလည်း ဦးဇော်ဝင်းက ပြော သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စခန်းမှူး သူရထွန်းက “ဂတ်စာရေးကတော့ ပင်စင်စားတဲ့သူပါ။ ဂတ်စာရေး ကလည်း ဒီမှာ မရှိ တော့ပါဘူး။ တိုင်စာကလည်း မရှိတော့ပါဘူး။ အဲဒီ ဂတ်စာရေးကလည်း စခန်းထဲမှာ နေထိုင်ခြင်း မရှိတော့ပါ။ အဲဒီနေ့ ဖြစ် ပြီးတော့ နောက်တနေ့မှာ ပြောင်းသွားတာပါ။ ဘယ်ကို ပြောင်းတယ်ဆိုတာလည်း အဆက်အသွယ် မရဘူး ဖြစ်နေပါတယ်” ဟု ဧရာတီကို ရှင်းပြသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ရဲစခန်းတွင် စခန်းမှူးက တိုင်ကြားသူများ၏ ကိုယ်ရေးအချက်အလက်များ၊ မိသား စုဝင်များ၊ မှတ်ပုံတင်၊ လက်ရှိ နေထိုင်သည့် နေရာ စသည်တို့ကို မေးမြန်း မှတ်တမ်းယူခဲ့ကြောင်းလည်း ရွာသားများက ဆို သည်။

တင်းမ ရွာသား ဦးထွန်းသိန်းက “ကိုယ့်မိသားစုဝင်တွေ ပျောက်ဆုံးနေတာ ၉ လကျော်အထိ ရှိပြီ။ သူတို့တွေကို အစုလိုက် အပြုံလိုက် သတ်လိုက်ကြပြီလားလို့ သံသယဖြစ်နေရတယ်။ သူတို့ အသက်ရှင် ရှိသေးတယ် ဆိုရင် ရှိတယ်၊ ဘယ်နေရာ မှာ ချုပ်ထားတယ်ပေါ့။ မရှိတော့ဘူးဆိုလည်း ဘာဖြစ်သွားတယ် ဆိုတာကို ဖော်ထုတ်ပေးဖို့ အမှုဖွင့်ရတာ။ ဘာမှလည်း မထူးခြားဘူး ဖြစ်နေတယ်” ဟုပြောသည်။

တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများထဲတွင် ဦးထွန်းသိန်း၏ အစ်ကိုဖြစ်သူ အသက် ၇၀ အရွယ် ဦးမောင်စိတ်ကြီးလည်း အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်ထိ သတင်းအစအန တစုံတရာ မရရှိသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။

အဆိုပါ ရဲစခန်းမှ အမှု မဖွင့်ပေးခြင်း ဖြစ်ရပ်များမှာ ဒေသခံတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှု တရပ်ဖြစ်ပြီး တပ်မတော်သားများ ဖြစ်၍ အမှုကို ထိန်ချန်ထားခဲ့လျှင် ယင်းသို့ အရပ်သားထိခိုက် နစ်နာမှု ဖြစ်စဉ်များ နောက် ပိုများလာမည် ဖြစ်ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ ရှေ့နေ ဦးဇော်ဇော်မင်းက “ဥပဒေကြောင်းအရတော့ အရပ်သားတွေ ဖမ်းဆီးခံရတယ်။ ပျောက်ဆုံးသွားလို့ တိုင်တန်းလာရင် အမှု ဖွင့်ပေးရမယ်။ ဒါက တပ်နဲ့ ဆိုင်တယ်ဆိုပြီး အဲဒီလိုသာ မလုပ် ခဲ့ရင် နောက်လည်း တပ်မတော်သားတွေက အရပ်သားတွေ ထိခိုက်အောင် လုပ်ဆောင်တာ ပိုပြီးတော့ များလာမယ်။ ဒီကိစ္စတွေကို ဥပဒေအကြောင်းအရ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိရေး လုပ်ပေးရမှာ အစိုးရဘက်ကလည်း တာ ဝန်ရှိတယ်” ဟု ဆိုသည်။

သို့သော်လည်း ဒေသခံများ အနေဖြင့် သံသယဖြင့် ဖမ်းဆီးခြင်းခံရသော အရပ်သားများ ပြန်လည် လွတ်မြောက်ရေး အတွက် မိသားစုဝင်များ အနေဖြင့် လက်ရှိ အပစ်ရပ်နေသည့်ကာလတွင် သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားနိုင် ကြောင်း တပ်မတော်ဘက် က ပြောဆိုထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ပျောက်ဆုံးနေတဲ့သူတွေ ရှိလား၊ မရှိဘူးလား ဆိုတာ ကို ကျနော့်အနေနဲ့ အငြင်း မပွားလိုပါဘူး။ ရှိကောင်းလည်း ရှိနိုင်တယ်။ အခုလို အပစ်အခတ် ရပ်စဲနေတဲ့ ကာလအတွင်းမှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတို့၊ တရားဥပဒေ နည်းလမ်းအတိုင်း သက်ဆိုင်ရာနဲ့ ပူးပေါင်း ဆောင်ရွက်တာတို့ လုပ်နိုင်တယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်” ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယင်းပြင် တပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေး မေးမြန်းမှုများ ရှိနိုင်သော်လည်း တရားစီရင်ရေး အပိုင်းတွင် တရားစီရင်ရေး ကဏ္ဍအတိုင်းသာ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားထားသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှာ တင်းမကြီးကျေးရွာမှ ဦးမောင်ဝင်းကြီး (၄၈ နှစ်)၊ ဦးမောင်ဝင်းချေ (၄၂ နှစ်)၊ ဦးကြည် လင်း (၃၆ နှစ်)၊ ဦးအောင်ညွန့် (၆၀ နှစ်)၊ ဦးမောင်ဝန်းစိန် ( ၅၀ နှစ်)၊ ဦးသန်းမောင်ထွန်း (၄၀ နှစ်)၊ မောင်ထွန်းထွန်းဝေ (၁၄ နှစ်)၊ ဦးယဉ်မောင် (၃၈ နှစ်)၊ ကိုနေလင်းဦး (၂၅ နှစ်) နှင့် ဦးထွန်းမောင်ဝင်း (၄၂ နှစ်) တို့ ဖြစ်ပြီး တင်းမ(သစ်) ကျေး ရွာမှ ဦးမောင်စိတ်ကြီး (၇၁ နှစ်)၊ ဦးကျော်ဝင်းမောင် (၃၆ နှစ်)၊ ဦးလှကျော်ကြီး (၇၀ နှစ်)၊ ဦးမောင်သန်းစိုး (၃၄ နှစ်)၊ ဦးစောရွှေသန်း (၄၅ နှစ်)၊ ဦးစံသာမောင် (၅၂ နှစ်)၊ ဦးမောင်မြင့်အေး (၄၉ နှစ်) နှင့် ဦးမောင်ထွန်းစိန် (၆၂ နှစ်) တို့ဖြစ် သည်။

You may also like these stories:

တင်းမရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားခေါ်ဆောင်မှု ရဲစခန်းသို့ တိုင်ကြား

တပ်မတော်က ဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး သတင်း အစအန ပျောက်နေ

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

Your Thoughts …
Tags: ကျောက်တော်တင်းမရွာသား ၁၈ ဦးတပ်မတော်စစ်ကြောင်း
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
6.5k

ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်

ကျောက်တော်ဆေးရုံဗုံးကြဲခံရ၊ သေဆုံး ဒဏ်ရာရသူများရှိ

by ဧရာဝတီ
15 May 2024
852

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လာရောက် ဗုံးကြဲနေမှုကြောင့် ယနေ့တွင် ကျောက်တော်ဈေးကြီးနှင့် ဈေးဆိုင်ခန်းများပိတ်ကာ မြို့ပေါ်ရပ်ကွက်များ၌ လမ်းသွား လမ်းလာများ မရှိသလောက် နည်းပါးလျက်ရှိကြောင်း

တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  /  ဧရာဝတီ 

အမှုနိုင်သော်လည်း မျက်နှာမပြဝံ့သူ

by ခိုင်ရိုးလ
14 January 2021
84.2k

သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ဆိုင်းဘုတ် / ဧရာဝတီ

ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

by မင်းအောင်ခိုင်
3 February 2020
6.5k

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်တွင် ယနေ့ မနက် ၈ နာရီ အချိန်ခန့်က လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း...

၂၀၂၀ ခုနှစ်က ရခိုင်ပြည်နယ်တွေ့ရသည့် လုံခြုံရေးတပ်ဖွဲ့များ  / ဧရာဝတီ

ကျောက်တော်၌ စစ်တပ် လှုပ်ရှားနေသဖြင့် ဒေသခံများ ထွက်ပြေး

by ဧရာဝတီ
11 August 2022
3.6k

စစ်ကောင်စီတပ်က ပြည်သူတွေကို ထပ်ခါထပ်ခါ အနှောင့်အယှက် ပေးနေမယ်။ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင်၊ ULA /AA နဲ့ မဆက်သွယ်ရဲအောင် အတားအဆီး၊ အနှောင့်အယှက်တွေ ပေးနေမယ်ဆိုရင် ပြည်သူကို ကာကွယ်စောင့် ရှောက်ဖို့ တာဝန်ရှိတဲ့ ULA /AA...

Next Post
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း / ဧရာဝတီ

Digital Courage Fellowship ဆုကို Myanmar Now သတင်းဌာန ရရှိ

၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပန်ဆန်းတွင် ကျင်းပသော UWSA တည်ထောင်သော နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြပွဲပါ ဝစစ်သားများ  / ဧရာဝတီ

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့တွင် တရုတ်နိုင်ငံသား ၂ ဦး ကိုဗစ်ကူးခံရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate