သတင်း

ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ

Want create site? Find Free WordPress Themes and plugins.

ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၆ ဦးကို တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့် ပြုလိုက် ကြောင်း သတင်း ရရှိသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ် ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးတို့ ဖြစ်သည်။

“သူတို့အားလုံးကို တပ်မတော် အရန်အင်အားကို လွှဲပြောင်းတာဝန်ပေးလိုက်တာ ဟုတ်ပါတယ်။ တချို့ဆို နည်းနည်းတောင် ကြာနေပါပြီ။ ဒါပေမယ့် လက်ရှိ တာဝန်တွေမှာလည်း တာဝန်ထမ်းဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ပူးတွဲ တာဝန်ယူနေဆဲပါ”ဟု တပ်မတော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

တပ်မတော် အရန်အင်အား ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများသည် ၎င်းတို့၏ သတ်မှတ်ကာလအတွင်း ရာထူး တဆင့် မတိုးပါက အရန်အင်အားသို့ ကူးပြောင်းရမည် ဖြစ်ပြီး ဥပမာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် ယင်းရာထူးဖြင့် ၅ နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူး မတိုးသည့်အခါ အရန်အင်အားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရသည်။

တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦး ဆောင်သည့် ကော်မတီ ၁ ခုကို တပ်မတော်က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ရာတွင် ယခု အရန်အင်အား သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ပါဝင်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်သည် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် လေကြောင်းရန် ကာကွယ်ရေး အရာ ရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။

အသက် ၅၈ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့နှင့် တပတ်စဉ်တည်း ဖြစ် သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် ဗိုလ်မှူးကြီးအဆင့်နှင့် တပ်မ (၈၈) တပ်မမှူး ဖြစ်ခဲ့ပြီး ထိုအချိန်တွင် ဗိုလ်မှူးကြီး မြထွန်းဦးသည် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်သည်။

၎င်းတပ်မမှူးမှ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ် ရာ ထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ် ရာထူးဖြင့် ရန် ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသည်။

၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှာ ဗိုလ်ချုပ်ထွန်းထွန်းနောင်သည် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့ မှူး တာဝန်ကို စတင် ထမ်း ဆောင်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်ပြီး ယခု ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပတ်စဉ်တည်း ဖြစ်သည်။

OTS အပတ်စဉ် – 64 သည် စစ်တက္ကသိုလ်အပတ်စဉ် – ၂၄ နှင့် တန်းတူခန့် ရှိသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး တင်မောင်ဝင်း ဖြစ်လာပြီး ကရင် ပြည် နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် တင်မောင်ဝင်း အဖြစ် တပ်မ(၂၂)၏ တပ်မမှူး၊ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ အရှေ့တောင်တိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဖြစ်လာသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်သည်လည်း တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ အပတ်စဉ်(၆၆)ဆင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်သည် ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မ ၅၅ တွင် နည်းဗျူဟာမှူး လုပ်ခဲ့သည်။ ၂၀၁၀ သြဂုတ် လတွင် အမှတ် ၁၀၁ တပ်မမှူးနှင့် ၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အမှတ်-၄ စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ၂၀၁၈ ခုနှစ်တွင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ်နှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမှတ် – ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။

ယခုအခါ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့ ၃ ဦးစလုံးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆိုင်ရာ အထူးအရာရှိများအဖြစ် တပ်မတော် အရန် အင် အားတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ထို့ပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးတို့သည် လည်း တပ်မတော် အရန်အင်အားတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ် မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေ ပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး နေပြည်တော် အခြေပြု အမှတ် – ၆ စစ်ဆင်ရေး အထူးအဖွဲ့ မှူး ဖြစ်သည်။ ဗိုလ်မှူးချုပ် ရာထူးဖြင့် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဖြစ်ခဲ့သည်။ ဗိုလ်မှူးကြီးရာထူးဖြင့် မိုင်းဆတ်မြို့ အခြေစိုက် စကခ (၁၄)မှူး ဖြစ်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်ပြီး စစ်ရာထူးခန့်ချုပ် ဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ စစ်ရာထူး ခန့်ချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။

ဗိုလ်မှူးကြီးလူအေးအဖြစ် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လမှာ ပျဉ်းမနား၊ နေပြည်တော် အခြေပြု စကခ(၆)တွင် စကခမှူး ဖြစ် လာခဲ့ပြီး ယင်းမတိုင်မီတွင် တပ်မ(၇၇)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးနှင့် တပ်မ (၇၇)၏ ယာယီ နည်းဗျူဟာမှူးဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် နေပြည်တော်၊ စစ်ရုံးချုပ်၌ စစ်ဦးစီး ဗိုလ်မှူးချုပ်(စစ်ဆင်ရေး)တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။

တပ်မတော်အနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရန်အင်အားသို့ ပြောင်းရွှေ့ ပေးလိုက်ခြင်းသည် မျိုးဆက်သစ် အရာရှိ များနှင့် သွေးသစ်လောင်းရန် ဖြစ်နိုင်ဖြင့် အရန်အင်အားကို တိုးချဲ့ခြင်းသည် ငြိမ်းချမ်းရေးကိစ္စ၊ လွှတ်တော်ရေးရာ ကိစ္စများ နှင့် ဆက်စပ်ပြီး လာမည့် သက်တမ်းတွင် ပို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“တပ်မတော်ကို Standard Army အဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်နိုင်ရေး ဦးတည်တဲ့ ခြေလှမ်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တပ်မတော်အနေနဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့နဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ တွေမှာ ပါဝင်နေမှုကနေ ညှိနှိုင်းဆွေးနွေး ဆုတ်ခွာနိုင်ဖို့ကတော့ လတ်တလော လိုအပ်ချက်ကြီး တရပ်ဖြစ်နေပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading