Coronavirus Update

ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာ ၁ ဘီလျံရရှိရေး မြန်မာကြိုးစားနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အစီအစဉ်နှင့်အတူ ကာကွယ်ဆေးထုတ်လုပ်သော နိုင်ငံများမှ ဆေးများဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၉၅၀ ကျော်ရရှိရေး မြန်မာနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းနေသည်။

အခြားနိုင်ငံများကဲ့သို့ပင် အစိုးရသည် နိုင်ငံသားများအတွက် ကာကွယ်ဆေးရရန်ကြိုးစားနေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) အမြဲတမ်း အတွင်းဝန် ဦး ထွန်းထွန်းနိုင်က ပြောသည်။

MOPFI သည် ဘဏ္ဍာရေး အကူအညီရရှိရေး လတ်တလောတွင် ကမ္ဘာ့ဘဏ် (WB)၊ အာရှဖွံဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့နှင့်ဆွေးနွေးနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်လည်း ကာကွယ်ဆေးအစောဆုံးရရှိရေးအတွက် အားထုတ်မှုများ ပြုလုပ်နေကြောင်း ဦးထွန်းထွန်းနိုင်ပြောသည်။

“ချေးငွေရဖို့အတွက် ကျနော်တို့ သူတို့နဲ့ ဆွေးနွေးနေတယ်” ဟု သူပြောပြီး WB မှ ဒေါ်လာသန်း ၆၀၊ JICA မှ ယန်း ၃၉၅.၀၉ ဘီလျံ၊ ADB မှ ဒေါ်လာသန်း ၂၅၀ နှင့် IMF မှဒေါ်လာသန်း ၃၅၀ ပါဝင်ကြောင်း သူပြောသည်။

“ချေးငွေရဖို့အတွက် ကျနော်တို့ သူတို့နဲ့ ဆွေးနွေးနေတယ်” ဟု သူပြောပြီး WB မှ ဒေါ်လာသန်း ၆၀၊ JICA မှ ယန်း ၃၉၅.၀၉ ဘီလျံ၊ ADB မှ ဒေါ်လာသန်း ၂၅၀ နှင့် IMF မှဒေါ်လာသန်း ၃၅၀ ပါဝင်ကြောင်း သူပြောသည်။

ကာကွယ်ဆေးတလုံး၏ တန်ဖိုးမှာ ၂ ဒေါ်လာခန့်ရှိပြီး လူတဦးလျှင် ၂ လုံးလိုမည်ဖြစ်သောကြောင့် စုစုပေါင်း ၄ ဒေါ်လာ ခန့်စီ ကုန်ကျမည်ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင်ပြောသည်။

ကာကွယ်ဆေးအပြင် သိုလှောင်စရိတ်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်လည်း အများအပြား ကုန်ကျမည်ဖြစ်ကြောင်း သူပြောသည်။ အစိုးရသည် တနိုင်ငံလုံးတွင် ကာကွယ်ဆေး သိုလှောင်ရေးနှင့်ဖြန့်ဖြူးရေးအတွက် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုလမ်းကြောင်များ ပြင်ဆင်နေကြောင်း ထိုအမြဲတမ်း အတွင်းဝန်၏ အဆိုအရ သိရသည်။

ဝန်ကြီးဌာနများအနေဖြင့် ၎င်းတို့၏ ၂၀၁၉-၂၀ ဘဏ္ဍာငွေ အသုံးစရိတ်မှ ၁၀ ရာခိုင်နှုန်းဖြတ်တောက်ပြီး ကိုဗစ်-၁၉ ရန်ပုံငွေသို့ လွှဲပြောင်းပေးရန် MOPFI က လွန်ခဲ့သော ဘဏ္ဍာနှစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လူဦးရေ ၅၄.၄ သန်းအနက် ၂၀ ရာခိုင်နှုန်းကို ဧပြီလတွင် ကာကွယ်ဆေး စတင်ထိုးပေးရန် မျှော်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးပြောထားသည်။

“ ကာကွယ်ဆေးဝယ်ဖို့ လိုအပ်ရင် ၂၀၁၉-၂၀ ဘာဏ္ဍာရေးနှစ် အသုံးစရိတ်က ငွေလွှဲပေးဖို့ ဝန်ကြီးဌာနတွေကို ကျနော်တို့ ဝန်ကြီးဌာနက ပြောကြားထားပါတယ်” ဟု ဦးထွန်းထွန်းနိုင်ပြောသည်။

မြန်မာနိုင်ငံသည် လူဦးရေ ၅၄.၄ သန်းအနက် ၂၀ ရာခိုင်နှုန်းကို ဧပြီလတွင် ကာကွယ်ဆေး စတင်ထိုးပေးရန် မျှော်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးပြောထားသည်။

မြန်မာနိုင်ငံသည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် WHO ၏ COVAX အစီအစဉ်နှင့် ဆင်းရဲသောနိုင်ငံများ ကာကွယ်ဆေးရရှိရေး နိုင်ငံတကာမဟာမိတ်ဖြစ်သော ကမ္ဘာ့ကာကွယ်ဆေးနှင့်ကာကွယ်ဆေး ထိုးနှံရေး မဟာမိတ်အဖွဲ့ Global Alliance for Vaccines and Immunisation တို့သို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

ထိုအစီအစဉ်သည် ၂၀၂၁ ခုနှစ်ကုန်အထိ ကာကွယ်ဆေး ၂ ဘီလျံ ရရှိပြီး အဓိကအားဖြင့် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကမှ ဆင်းရဲသောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်သာရှိသော နိုင်ငံပေါင်း ၉၂ နိုင်ငံမှ ထိခိုက်လွယ်သူများ၏ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) ၏ အဆိုအရ ၂၀၂၁ ခုနှစ်ကုန်တွင် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ပြီး ၂၀ ရာခိုင်နှုန်းကို COVAX အစီအစဉ်အရ ထိုးပေးပြီး ကျန် ၂၀ ရာခိုင်နှုန်းကို WHO အဖွဲ့ကထောက်ခံပြီး အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ အတည်ပြုသည့် ထုတ်လုပ်သူများထံမှ ဝယ်ယူသည့် ကာကွယ်ဆေးထိုးပေးမည်ဟု သိရသည်။

ဝန်ကြီးဌာနသည် အရည်အသွေးအာမခံချက်၊ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ ကာကွယ်ဆေးတင်သွင်းရန်လိုသော စာရွက်စာတမ်းများ၊ ဈေးနှုန်း၊ စွမ်းရည်၊ သယ်ယူပို့ဆောင်ရန်ကြာချိန် တို့အပါအဝင် ကာကွယ်ဆေးရရှိရေး သံရုံးများမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံများနှင့်လည်း ဆွေးနွေးနေကြောင်း ပြောသည်။

ကျန်လူ ၆၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် ရမည်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းသည် COVAX အစီအစဉ်တွင် အကျုံးဝင်ကာ ကျန် ၂၀ ရာခိုင်နှုန်းကို ဝယ်ယူရရှိသော ကာကွယ်ဆေးများ ထိုးပေးမည်ဖြစ်သည်ဟု MOHS က ဆိုသည်။

ဝန်ကြီးဌာနသည် အရည်အသွေးအာမခံချက်၊ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ ကာကွယ်ဆေးတင်သွင်းရန်လိုသော စာရွက်စာတမ်းများ၊ ဈေးနှုန်း၊ စွမ်းရည်၊ သယ်ယူပို့ဆောင်ရန်ကြာချိန် တို့အပါအဝင် ကာကွယ်ဆေးရရှိရေး သံရုံးများမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံများနှင့်လည်း ဆွေးနွေးနေကြောင်း ပြောသည်။

Pfizer/BioNTech တို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများတွင် စတင်ထိုးနှံပေးနေသည်။ မကြာသေးမီက စင်္ကာပူနိုင်ငံသည် ကာကွယ်ဆေးကို အတည်ပြုသည့် ပထမဆုံး အရှေ့တောင် အာရှနိုင်ငံဖြစ်လာပြီး ယခုနှစ်ကုန်တွင် စတင်ထိုးနှံပေးရန် ရည်မှန်းထားသည်။

အစိုးရသည် မျှတစွာဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးအစီအစဉ်တွင် မည်သူကိုမျှ ချန်လှပ်ထားမည် မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ အစောပိုင်းက ကတိပြုထားသည်။

သို့သော် အစိုးရသည် စီးပွားရေးကို ပြန်လည်အသက်သွင်းရန်အတွက် လုပ်ငန်းများပြန်လည်စတင်နိုင်သည့် ကိုဗစ်-၁၉ ထိန်းချုပ်မှု အောင်မြင်သော နေရာများသို့ ကာကွယ်ဆေးများပေးနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

(Nan Lwin ၏ Myanmar Seeks Nearly $1 Billion in Funding for COVID-19 Vaccines ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်

“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”

အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးက ဘာ့ကြောင့် ကမ္ဘာကို ပိုအကျိုးများစေနိုင်သလဲ

Loading