သတင်း

တရုတ်လေယာဉ်တင် သင်္ဘောများ နီးကပ်လာမှုကြောင့် ထိုင်ဝမ်စစ်သင်္ဘောများ အသင့်ပြင်

Want create site? Find Free WordPress Themes and plugins.

ဘေ့ဂျင်း၏ လေယာဉ်သင်္ဘောများသည် ထိုင်ဝမ်ကျွန်းများအနီး နီးကပ်စွာဖြတ်သန်းလာသောကြောင့် ထိုင်ဝမ်က စစ်သင်္ဘောများကို အသင့်ပြင်ထားရပြီး တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်မားနေသည်။

အမေရိကန် စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားပြီး နောက်တနေ့ ဖြစ်သော တနင်္ဂနွေနေ့တွင် တရုတ် လေယာဉ်တင်သင်္ဘောများပါဝင်သောအုပ်စုသည် ထိခိုက်လွယ်သော ထိုရေလက်ကြားကို တနင်္ဂနွေနေ့က ဖြတ်သန်းခဲ့သည်။ တရုတ်သင်္ဘောများကို စောင်ကြည့်ရန် စစ်သင်္ဘော ၆ စင်းနှင့် လေယာဉ် ၈ စင်းကို ဖြန့်ကျက်ခဲ့ကြောင်း Reuters သတင်းက ဖေါ်ပြသည်။

တရုတ်နိုင်ငံမှ နောက်ဆုံးထုတ် လေယာဉ်သင်္ဘော Shandong ဦးဆောင်သည့် သင်္ဘောအုပ်စုသည် ဒေသတွင်း တင်းမာမှု အလွန်မြင့်မားနေချိန်တွင် သံသယများကို ဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံက ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသော ထိုင်ဝမ်သည် အိမ်နီးချင်း မဟာအင်အားကြီးနိုင်ငံ၏ ခြိမ်းခြောက်မှုကို တားဆီးရန် အမေရိကန် ရင်းမြစ်များ၏ အကူအညီဖြင့် ၎င်း၏ စစ်တပ်ကို တိုးတက်အောင် လုပ်ဆောင်နေသည်။

ထရမ့်အစိုးရသည် ၎င်းတို့သက်တမ်း နောက်ဆုံး ရက်သတ္တပတ်များအထိ ထိုင်ဝမ်သို့ ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ခေတ်မီစစ်လက်နက်ပစ္စည်းများ ရောင်းချပေးခဲ့သည်။

လွန်ခဲ့သော တနှစ်က တရားဝင် အသုံးပြုခဲ့သော Shandong လေယာဉ်တင်သင်္ဘောသည် စစ်သင်္ဘောလေးစင်းနှင့်အတူ ကြာသပတေးနေ့က တရုတ်နိုင်ငံမြောက်ပိုင်း Dalian ဆိပ်ကမ်းမှ ထွက်ခွာလာကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကပြောသည်။

သင်္ဘောများနှင့် လေယာဉ်များ အနီးကပ်ဖြတ်သန်းသွားလာခြင်းကဲ့သို့သော တရုတ်နိုင်ငံက အမြဲတမ်း ခြိမ်းခြောက်မှုများကို ထိုင်ဝမ်က မကြာခဏ ထုတ်ဖေါ်ပြောဆိုနေသည်။

တပ်များကို အသင့်အနေအထားပြင်ဆင်ထားကြောင်းနှင့် ပြည်သူများ၏ ထောက်ခံမှုဖြင့် အမျိုးသားလက်နက်ကိုင် တပ်များသည် အမိမြေကို ကာကွယ်ရန်၊ အမျိုးသား လုံခြုံရေးကို အာမခံရန်နှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ယုံကြည်ချက်နှင့် စွမ်းရည်ရှိကြောင်းလည်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကပြောသည်။

သင်္ဘောများနှင့် လေယာဉ်များ အနီးကပ်ဖြတ်သန်းသွားလာခြင်းကဲ့သို့သော တရုတ်နိုင်ငံက အမြဲတမ်း ခြိမ်းခြောက်မှုများကို ထိုင်ဝမ်က မကြာခဏ ထုတ်ဖေါ်ပြောဆိုနေသည်။

ထိုင်ဝမ်က ပြီးခဲ့သည့်အပတ်အတွင်း ထုတ်ပြခဲ့သည့် Ta Chiang အမည်ရှိ စစ်သင်္ဘော

တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် တောင်ဖက်သို့ ဦးတည်သွားသည်။

စနေနေ့တွင် အမေရိကန် စစ်သင်္ဘောတစင်းသည်လည်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည်။ ထိုသို့ဖြတ်သန်းခြင်းသည် ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်ရေတပ်၏ ၁၂ ကြိမ်မြောက်လှုပ်ရှားမှုဖြစ်သည်။

လွန်ခဲ့သောအပတ်က ထိုင်ဝမ်သည် လေယာဉ်တင်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်ဟု အမည်ပေးထားသည့် လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး သင်္ဘောကို ထုတ်ဖေါ်ပြသခဲ့သည်။

ဇူလိုင်လက စတင် အသုံးပြုခဲ့သည်ဆိုသည့် Ta Chiang အမည်ရှိ ထိုစစ်သင်္ဘောသည် အသံအောက်နှင့် အသံထက်မြန်သည့် လမ်းညွှန် ဒုံးကျည်များ တပ်ဆင်ထားသော်ကြောင့် တရုတ်သင်္ဘောများကို ပစ်ခတ်နိုင်သည်။

ထိုစစ်သင်္ဘောကို Yilan ခရိုင်ရှိ Lungteh သင်္ဘောကျင်းတွင် ဗုဒ္ဓဟူးနေ့က သမ္မတ ချွိုင်အင်းဝန်တက်ရောက်ဖွင့်လှစ်ပေးသည်ဟု သတင်းများကဖေါ်ပြသည်။

Tuo Chiang အတန်းအစား ထိုသင်္ဘောသည် အသေးငယ်ဆုံး စစ်သင်္ဘောအမျိုးအစားဖြစ်သည့် ကာကွယ်ရေး သင်္ဘောအမျိုးအစားဖြစ်ပြီး ဒုံးခွင်းဒုံး စနစ်များဖြစ်သည့် Phalanx close-in weapons system ၊ စက်သေနတ် နှစ်လက်၊ တော်ပီဒို ပစ်လက်နက်နှစ်ခု ပါဝင်သည်ဟု Taiwan News ၏ အဆိုအရ သိရသည်။

ထရမ့်အစိုးရသည် ၂၀၂၀ ခုနှစ် တနှစ်တည်းတွင်ပင် ထိုင်ဝမ်သို့ လက်နက်ထောက်ပံ့ရေး အစီအစဉ် ၁၁ ခု ပြုလုပ်ပြီး စုစုပေါင်း ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိသည်။

တရုတ်နိုင်ငံပိုင်မီဒီယာ ဂလိုဘယ်တိုင်းမ်က Ta Chiang သည် တရုတ်စစ်တပ်ကို ဒုက္ခမပေးနိုင်ကြောင်း ဖေါ်ပြသည်။

ထရမ့်အစိုးရသည် ၂၀၂၀ ခုနှစ် တနှစ်တည်းတွင်ပင် ထိုင်ဝမ်သို့ လက်နက်ထောက်ပံ့ရေး အစီအစဉ် ၁၁ ခု ပြုလုပ်ပြီး စုစုပေါင်း ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိသည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် တရုတ်အစိုးရထံမှ လက်စားချေမည့် ခြိမ်းခြောက်မှု အကြိမ်ကြိမ်ဖြစ်စေသည်။ ထိုလက်နက်ရောင်းချရေး စီမံကိန်းများကို ချက်ခြင်းရုတ်သိမ်းရန်လည်း တရုတ်က အမေရိကန်ကို တိုက်တွန်းသည်။

တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အဆင့်မြင့် ဗိုလ်မှူးကြီး Ren Guoqiang က ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှု နောက်ဆုံးအသုတ်ကို တုံ့ပြန်ပြောကြားသည်။ ထိုရောင်းချမှုသည် ဒေါ်လာ သန်း ၂၈၀ ဖိုးရှိသည်။

ပြီးခဲ့သည့်အပတ်က Ta Chiang စစ်သင်္ဘောပေါ်သို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်း ကြည့်ရှုစစ်ဆေးစဉ်

အမေရိကန် ကာကွယ်ရေး၊ လုံခြုံရေး ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထိုင်ဝမ်၏ စစ်ရေးဆက်သွယ်မှု ခေတ်မီရေးအတွက် ၎င်းတို့သည် ထိုင်ဝမ်သို့ စစ်မြေပြင်သတင်းအချက်အလက် ဆက်သွယ်ရေး စနစ်(FICS)ကို ရောင်းချခဲ့ကြောင်းပြောသည်။

ထိုနောက်ဆုံးအသုတ် လက်နက်ရောင်းချမှုသည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေကြောင်း Ren ပြောသည်။

Ren က ထိုသို့ပြောကြားချိန်သည် တရုတ်ရေတပ်က ကြိုတင်ဇာတ်တိုက်ထားသည့် ကျည်အစစ်ဖြင့်ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်အပြီး ထိုရေပိုင်နက်သို့ အမေရိကန်စစ်င်္သောများ ဝင်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။

အင်္ဂါနေ့တွင် Ren က “တရုတ်ကို ထိန်းချုပ်ဖို အမေရိကန်က ထိုင်ဝမ်ကို အသုံးချတဲ့ အားထုတ်မှုအားလုံး ကျဆုံးရမယ်“ ဟု ပြောသည်။

အောက်တိုဘာလက အမေရိကန်သည် ထိုင်ဝမ်သို့ ဒုံးကျည်ပစ်လက်နက်များ၊ အာရုံခံ ကိရိယာများနှင့် အမြောက်များအပါအဝင် လက်နက် ဒေါ်လာ ၁.၈ ဘီလျံဖိုး ရောင်းချရန် အတည်ပြုခဲ့သည်။

ထိုင်ဝမ်သည် တိုက်ခိုက်ရေး ရေငုတ်သင်္ဘော ၈ စင်းကို စတင်တည်ဆောက်နေပြီး ၎င်းတို့ကို ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင်စတင်အသုံးပြုမည်ဖြစ်သည်။

ကိုးကား။ ။ Taiwan News, Reuters

You may also like these stories:

ထိုင်ဝမ်၏ရပ်တည်ချက် ဝါရှင်တန်ကို ဆိုင်းအင်ဝမ်း အခိုင်အမာ ပြောကြား

“အာဏာရှင်တပ်”က နေ့စဉ် ခြိမ်းခြောက်နေဟု ထိုင်ဝမ်ပြော

နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်

Did you find apk for android? You can find new Free Android Games and apps.
Loading