ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်မလာစေရန် ဟူသည့် အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၏ တဖက် တရုတ်နယ်စပ်တွင် တရုတ်နိုင်ငံဘက်က နယ်စပ်ခြံစည်းရိုးများ ကာထားသည်ဟု သတင်းရရှိသည်။
တရုတ်နိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးကာသည့် လုပ်ငန်းကို အောက်တိုဘာက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်၏ နယ်စပ်နေရာအချို့တွင် ခြံစည်းရိုးကာ ပြီးနေပြီ ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ နယ်နိမိတ်ဌာန၏ ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက “သူတို့က နေရာတခုလုံး ကာတာ မဟုတ်ပါဘူး။ နယ်စပ်တလျှောက်လုံးကာတာ မဟုတ်ပါဘူး။ များသောအားဖြင့် လူနေထူထပ်တဲ့ နေရာတွေကို ကာတာပါ” ဟု ပြောသည်။
ရှမ်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် တရုတ်နိုင်ငံဘက်တွင် ခြံစည်းရိုးကာနေသည့်ထဲမှ ၈ နေရာသည် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ အချက်များနှင့် မကိုက်ညီသဖြင့် မြန်မာဘက်မှ ကန့်ကွက်ထားသည် ဟုလည်း သိရသည်။
ရှမ်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် တရုတ်နိုင်ငံဘက်တွင် ခြံစည်းရိုးကာနေသည့်ထဲမှ ၈ နေရာသည် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ အချက်များနှင့် မကိုက်ညီသဖြင့် မြန်မာဘက်မှ ကန့်ကွက်ထားသည် ဟုလည်း သိရသည်။
၁၉၆၀ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုနှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းတို့က နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ချုပ်ဆိုပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။
နှစ်နိုင်ငံ သဘောတူစာချုပ်ပါ အချက်များအရ တရုတ်နှင့် မြန်မာနိုင်ငံကြား နှစ်နိုင်ငံ ထိစပ်နေသည့် နယ်နိမိတ် ၁၃၄၈ မိုင် ရှိပြီး နှစ်နိုင်ငံနယ်စပ်မျဉ်း၏ ၁၀ မီတာအကွာတွင် မည်သည့် အခိုင်အမာ အဆောက်အအုံမှ မဆောက်ရန် သဘောတူ ထားသည်။
မြန်မာဘက်မှ ကန့်ကွက်သည့် ၈ နေရာမှာ ထိုအချက်နှင့် မကိုက်ညီသဖြင့် ကန့်ကွက်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ်ဘက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာသော်လည်း ၁၀ မီတာ၏ အပြင်ဘက်တွင် ကာထားခြင်း ဖြစ်သဖြင့် စာချုပ်ပါ အချက်များနှင့် ငြိစွန်းခြင်း မရှိပါဟု ဦးသိန်းမင်းထွန်းက ပြောသည်။
“သူတို့ကာမယ်ဆိုရင်တော့ ယာယီဖြစ်ရမလား၊ မဖြစ်ရဘူးလား စာချုပ်နဲ့ ရှိပါတယ်။ ယာယီဆိုရင် ဘယ်လို ဖြစ်ရမယ်။ Permanent ဆိုရင်တော့ သူတို့ကာချင်ရင် ပြင်ဆင်ပြီး ပြင်ပမှာ ဖြစ်ရပါမယ်။ ကိုဗစ်ပြီးရင် ပြန်ဖြုတ်မလား ကတော့ ဆက်ပြီးတော့ ညှိရပါမယ်။ သူတို့ကတော့ ကိုဗစ်ကြောင့်ဆိုပြီး အကြောင်းပြတာတော့ ရှိပါတယ်”
“သူတို့ကာမယ်ဆိုရင်တော့ ယာယီဖြစ်ရမလား၊ မဖြစ်ရဘူးလား စာချုပ်နဲ့ ရှိပါတယ်။ ယာယီဆိုရင် ဘယ်လို ဖြစ်ရမယ်။ Permanent ဆိုရင်တော့ သူတို့ကာချင်ရင် ပြင်ဆင်ပြီး ပြင်ပမှာ ဖြစ်ရပါမယ်။ ကိုဗစ်ပြီးရင် ပြန်ဖြုတ်မလား ကတော့ ဆက်ပြီးတော့ ညှိရပါမယ်။ သူတို့ကတော့ ကိုဗစ်ကြောင့်ဆိုပြီး အကြောင်းပြတာတော့ ရှိပါတယ်” ဟုလည်း ဦးသိန်းမင်းထွန်းက ဆိုသည်။
နယ်စပ်ခြံစည်းရိုး ကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်နိုင်ငံကြား နှစ်နိုင်ငံ အစည်းအဝေး ထိုင်ရန် ညှိနှိုင်းနေပြီး အစည်း အဝေး ပြုလုပ်မှသာ မြန်မာဘက်မှ ကန့်ကွက်ထားသည့် ၈ နေရာကိစ္စနှင့် ခြံစည်းရိုးများ ကာခြင်းက ယာယီ ဟုတ် မဟုတ် ကို ဆက်လက် ညှိနှိုင်းရမည်ဟု သိရသည်။
မြန်မာဘက်မှ ကန့်ကွက်ထားသည့် ၈ နေရာအနက် တနေရာသည် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းမှ နယ်ခြားမှတ်တိုင် ၁၂၁- ၁၂၂ ကြား၊ နယ်ခြားမှတ်တိုင် ၁၂၅ တို့တွင် တရုတ်ဘက်မှ နယ်မြေကျော်ကာ ခြံစည်းရိုးကာသဖြင့် တပ်မတော်ဘက်ကလည်း ကန့်ကွက်စာ ပို့ထားသည်။
မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသူရိန်ကလည်း မူဆယ်မြို့နယ်၏ တဖက်တွင်လည်း တရားမဝင် ဝင်ထွက် နိုင်သည့် လမ်းကြောင်း နေရာများတွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုး ကာထားပါသည်ဟု ပြောသည်။
ဦးသူရိန်က “သူတို့ လုပ်တာက ကျနော်တို့ နိုင်ငံထဲတော့ မရောက်ဘူး။ ၁၀ မီတာအတွင်းမှာတော့ ဝင်ပါတယ်။ ၁၀ မီတာ ဆိုတာ ပေအားဖြင့်ဆို ၃၃ ပေလောက် ရှိပါတယ်။ သူတို့ဘက်ခြမ်း ၃၃ပေ၊ ကျနော်တို့ဘက်ခြမ်း ၃၃ ပေပေါ့။ သူတို့က ခြံ စည်းရိုး ဆောက်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ခတ်လဲဆိုတော့ ကိုဗစ်ကြောင့် ခတ်တယ်၊ အခိုင်အမာ မဟုတ်ဘူး၊ ယာယီဖြစ်ပါတယ်ပေါ့။ ကိုဗစ် ကာလပြီးဆုံးလို့ ဒီဘက်က တောင်းဆိုရင် သူတို့ပြန်ဖြုတ်ဖို့ စဉ်းစားပေးပါ့မယ်လို့ သူတို့ အစည်းအဝေးတွေမှာ ပြောပါတယ်ခင်ဗျ။ အဲဒီအခြေအနေကို ကျနော်တို့လည်း အပေါ် အဆင့်ဆင့်ကို တင်ပြထားပါ တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်ဘက် အခြေအနေကို မေးမြန်းရာ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးမျိုးချစ်က ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်တကြောတွင် တရုတ်ဘက်မှ ခြံစည်းရိုးကာသည် ဟူသည့် သတင်း မသိရှိသေးကြောင်းနှင့် တရုတ်ဘက်မှ ခြံစည်းရိုး ကာရန် ပြောဆိုလာခြင်းလည်း မရှိသေးပါဟု ပြောသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကလည်း “ကျနော်တို့ကို အကြောင်းမကြား အသိမပေးဘဲ သူတို့အသိနဲ့ သူတို့ကာရင် ပြည်ထောင်စု ဝန်ကြီးဌာနကို ကျနော်တို့ တင်ပြတယ်။ ပြည်ထောင်စုဝန်ကြီးဌာနက ဟိုဘက်ကို ကန့်ကွက်တယ်။ လုပ်ထုံးလုပ်နည်းကတော့ ဒီအတိုင်းပါပဲ။ သူတို့က နယ်စပ်ကနေ ကာတယ်ဆိုတာက နယ်စပ်မျဉ်းကြောင်း တလျှောက်ကနေ ၁၀ မီတာမှာ ကာရမှာ၊ ဒီဘက်ကို ကပ်ပြီးကာလို့ မရပါဘူး။ ဟိုတခေါက်တုန်း ကလည်း တရုတ်ကို ပြန်ဖျက်ခိုင်းရပါတယ်” ဟု ပြောသည်။
မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၏ တဖက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာထားပြီဟု မိုးမောက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။
မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၏ တဖက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာထားပြီဟု မိုးမောက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။
ဦးနေဝင်းက “သူတို့က သံဆူးကြိုးတွေ ကာထားတယ်။ နောက် CCTV တွေနဲ့ ရဲတပ်ဖွဲ့က ထိုင်ကြည့်တယ်။ ခြံစည်းရိုး တလျှောက်တော့ လုံခြုံရေး ချထားတာ မဟုတ်ဘူး။ မိုင်ဝက်လောက်ကို ကင်းတခု ရှိမယ်။သူတို့က CCTV တွေနဲ့ပဲ ထိုင် ကြည့်နေတာ” ဟု ပြောသည်။
တရုတ်ဘက်မှ တရားမဝင် ဝင်မလာစေရန်လည်း ကာထားပြီး တရားဝင် ဝင်ထွက်နိုင်သည့် နယ်စပ်ဂိတ်မှာလည်း မြန်မာဘက်မှ ဝင်လာခြင်းကို လုံးဝ လက်မခံဘဲ ပိတ်ထားဆဲ ဖြစ်သည်။
ဆောင်းရာသီတွင် တရုတ်နယ်စပ်တကြောရှိ ကြံခင်း၊ ပြောင်းဖူးခင်းများတွင် သီးနှံရိတ်သိမ်းချိန်ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ အလုပ်သမားများ ကချင်ပြည်နယ်သို့ ရောက်လာပြီး တရုတ်နိုင်ငံဘက်သို့ကူးကာ စိုက်ခင်းများတွင် အလုပ်သွားလုပ်သည်များ ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ပြီး တရုတ်နိုင်ငံဘက်မှလည်း မြန်မာဘက်မှ လူဝင်လာသည်ကို လုံးဝလက်မခံဘဲ တင်းကြပ်ထားသဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ဝင်ငွေ ထိခိုက်သည့် အကျိုးသက်ရောက်မှု ရှိပါသည်ဟု ဦးနေဝင်းက ဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ အစိုးရအာဏာ မသက်ရောက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် မြန်မာ- တရုတ် နယ်စပ်ရှိ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသ၏ တဖက်တွင်လည်း တရုတ်ဘက်မှ ခြံစည်းရိုးလာကာထားသည် ဟု သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ အစိုးရအာဏာ မသက်ရောက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် မြန်မာ- တရုတ် နယ်စပ်ရှိ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသ၏ တဖက်တွင်လည်း တရုတ်ဘက်မှ ခြံစည်းရိုးလာကာထားသည် ဟု သိရသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ လိုင်ဇာ၊ ပါဂျောင်၊ လိုင်စင်တကြောမှာ ကာကြပါတယ်။ သူတို့ အကြောင်းကြားပါတယ်။ သူတို့ပြောတာက ကိုဗစ်ရောဂါ ကာလမှာ လူတွေ ခိုးဝင်တာ မရှိအောင် စစ်ဆေးရ လွယ်အောင် ရည်ရွယ်ချက်နဲ့ ကာတာ ဖြစ်ပါတယ်တဲ့။ အခိုင်အမာ ကာတာ မဟုတ်ဘူးလို့ ပြောကြတယ်။ အစည်းအဝေးမှာ သူတို့ ပြောတာပါ” ဟု ပြောသည်။
တရုတ်ဘက်မှ ကာထားသည်မှာ သံဆူးကြိုးပုံစံဖြင့် ကာထားကာ အမြင့်မှာ ၃ ပေနှင့် ၄ ပေ ခန့် ရှိပြီး ခြံစည်းရိုးကာထားသည်မှာ၂ လခန့် ရှိပြီ ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
မြန်မာနိုင်ငံတွင် မတ်၂၃ ရက်မှ စ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အတွင်း တကမာ္ဘလုံးသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၁၆၉၈၂ ဦး ရှိပြီဖြစ်ကာ ထိုထဲမှ ၉၆၆၈၅ ဦး ဆေးရုံမှ ဆင်းနိုင်ပြီ ဖြစ်ပြီး၂၄၆၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးထားသည်။
You may also like these stories:
မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်
မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်
တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ