• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

TNP နိုင်သည့် မဲဆန္ဒနယ်တွင် တရားမဲ့ပြုကျင့်မှုရှိနေဟုဆိုကာ SNLD က ကန့်ကွက်လွှာတင်

by သီဟလွင်
23 December 2020
in သတင်း
A A
ကန့်ကွက်လွှာတင်သွင်းသူ ဦးမော်ထွန်းအောင် / သီဟလွင် / ဧရာဝတီ

ကန့်ကွက်လွှာတင်သွင်းသူ ဦးမော်ထွန်းအောင် / သီဟလွင် / ဧရာဝတီ

19.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲကာလ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) နေရာတွင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများရှိခဲ့သည်ဟုဆိုကာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သူ ဦးမော်ထွန်းအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)နေရာတွင် မူဆယ်ခရိုင်ရှိ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နန့်ခမ်းမြို့နယ်များ ပါဝင်ပြီး ရွေးကောက်ပွဲတွင် တအောင်း(ပလောင်)အမျိုးသားပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
77
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
683
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

ရွေးကောက်ပွဲနေ့ရက်က ယင်းမဲဆန္ဒနယ်ရှိ ကျေးရွာတချို့ရှိမဲရုံများတွင် မဲပေးနိုင်သူဦးရေထက် ကျော်လွန်မဲထည့်ခြင်း၊ ၂ ခါပြန်မဲထည့်ခြင်း၊ အယောင်ဆောင်မဲပေးခြင်းနှင့် ဖိအားပေး မဲ့ထည့်ခိုင်းခြင်း စသည့် တရားမဲ့ပြုကျင့်မှုများကို တွေ့ရသောကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကန့်ကွက်လွှာတင်ခဲ့သူ ဦးမော်ထွန်းအောင်ကပြောသည်။

ဦးမော်ထွန်းအောင်သည် ယင်းကန့်ကွက်လွှာတင်ရန် နေပြည်တော်သို့လာရောက်ခဲ့ပြီး ထိုသို့ကန့်ကွက်လွှာ တင်မည့်အကြောင်း နေပြည်တော်ရှိသတင်းထောက်များကိုရှင်းလင်းပြောဆိုခြင်း ထိုကန့်ကွက်လွှာတင်ရန်အတွက် ယနေ့တွင် လိုအပ်သည့် လုပ်ငန်းစဉ်တခုဖြစ်သည့် ငွေသွင်းခြင်း၊ ချလံဖြတ်ပိုင်းရယူခြင်းများကို လုပ်ဆောင်ခဲ့သည်။

ဦးမော်ထွန်းအောင် က “ကန့်ကွက်လွှာတွေတင်သွင်းတယ်ဆိုတာကလည်း ပါတီတခုကို ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီးလုပ်နေတာမဟုတ်ဘူး။ ကျနော်ဖြစ်စေချင်တာ အကောင်းဆုံးပေါ့နော် ဒါတွေက စီရင်ထုံးတွေဖြစ်လာမယ်၊ နောက်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ စနစ်ကြီးတခုလုံးကိုပြုပြင်ပြောင်းလဲဖို့အတွက် အထောက်အကူဖြစ်မယ်လို့ယူဆလို့ ကျနော်ကလုပ်နေတာ” ဟု ပြောသည်။

ရွေးကောက်ပွဲရက်တွင် အသက်မပြည့်ဘဲ မဲလာထည့်သည့်ဖြစ်စဉ်များ၊ ကြိုတင်မဲပေးရမည့်အရွယ်ဖြစ်သည့် သက်ကြီးရွယ်အိုများ မဲလာထည့်မှု များပြားနေခြင်းအပြင် မှင်တို့ပြီးသားလက်သန်းကို ပလပ်စတာကပ်၍ နောက်တကြိမ်မဲပေးခြင်း၊ မှင်တို့ပြီးသားလက်ကို ဆံပင်ချွတ်ဆေးဖြင့်မှင်ဖျက်က နောက်တကြိမ်လာပေးသည့် ဖြစ်စဉ်များကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ဦးမော်ထွန်းအောင် က ပြောပြသည်။

တအောင်း(ပလောင်)အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းကမူ ၎င်းရရှိသည့် မဲအရေအတွက်မှာ ၎င်းကို အမှန်တကယ်ထောက်ခံသူများကသာ ပေးသည့်မဲရလဒ်အစစ်အမှန်များသာဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲရှုံးသူများက မဲနိုင်သူကို ကန့်ကွက်သည်မှာ လုပ်လေ့လုပ်ထရှိသည့် ဖြစ်စဉ်တရပ်သာဖြစ်သည်ဟုဆိုသည်။

TNP ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဦးအိုက်မွန်းက “ကိုယ်စားလှယ်လို့ပြောရုံနဲ့ အကုန်သိတယ် သူများမရောက်တဲ့နေရာ ဟိုးချောင်ကြိုချောင်ကြားပေါတဲ့ တောင်ထဲလည်း ကျနော်ကိုယ်တိုင် လမ်းတို့ရေတို့ အကုန်ရောက်ခဲ့တာကိုး ကျနော်တကယ် သူများလို လေနဲ့ အလုပ်မလုပ်ဘူး လက်တွေ့အလုပ်ပြတာကိုး အကုန်သိနေတယ် ဒါကြောင့်ကျနော်က အကုန်ရတာ” ဟု ပြောသည်။

မဲသမာမှုဟုဆိုရာတွင်လည်း ရွာတိုင်းတွင်မဲမသမာမှုများကိုမတွေ့ရဘဲ ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာတရွာတွင်သာ အသိပညာ အားနည်းသူ တဦးက နားလည်မှုလွဲမှား၍ ၎င်း၏ နာမည်ဖြင့်မဟုတ်ဘဲ အခြားတယောက်၏ နာမည်ဖြင့် မဲပြားကို ယူထည့်ခဲ့သည့် ဖြစ်စဉ်တခုသာ ကြားသိကြောင်း ၎င်းကပြောသည်။

ယင်းမဲဆန္ဒနယ်တွင် တအောင်း (ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် တအောင်း(ပလောင်)အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းက ၄၉၂၂၁ မဲဖြင့် မဲအများဆုံးရရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဝင်ရောက်ယှဉ်ပြိုင်သူ ဦးမော်ထွန်းအောင်က ၄၆၁၆၉ မဲဖြင့် ဒုတိယအများဆုံးရရှိခဲ့ရာ မဲအရေအတွက်အားဖြင့် ၃၀၀၀ ကျော်ကွာခြားသည်။

ယင်းဒေသသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ စသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားရာနေရာဒေသတခုဖြစ်ပြီး ဆန္ဒမဲပေးသည့်အခါများတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖိအားများလည်း ရှိနိုင်သည်ဟု ဦးမော်ထွန်းအောင်ကသုံးသပ်သည်။

ဦးမော်ထွန်းအောင် က “မဲဆန္ဒနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီစနစ်ကိုယုံတယ်ဆိုရင် ဘယ်လက်နက်ကိုင်မဆို ပြည်သူတွေကို သူတို့ရဲ့လွတ်လပ်တဲ့ဆန္ဒကို ကျင့်သုံးဖို့အခွင့်အရေး ပေးကိုပေးသင့်တယ်”ဟု ပြောသည်။

ယခုရွေးကောက်ပွဲ၍ရလဒ်ကို လက်မခံပဲ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သလို နန့်ခမ်းနှင့်ကွတ်ခိုင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တရားမဲ့ပြုကျင့်မှုတချို့ဖြစ်ရပ်များအတွက်လည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားသည့် အမှုပေါင်း ၈ မှုခန့်ရှိကြောင်း သိရသည်။

အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရရှိသည့်ပါတီမှာ လက်ရှိအာဏာရပါတီမဟုတ်သည့် အတွက် မသမာမှုများကို လုပ်ဆောင်သည်မှာ ရွေးကောက်ပွဲကော်မရှင်ကလုပ်ခြင်းမဖြစ်နိုင်ကြောင်းနှင့် အကယ်၍ မသာမှုများရှိခဲ့သော် သက်သေအထောက်အထားအခိုင်အမာဖြင့် တင်ပြရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကပြောသည်။

ဦးရဲထွန်းက “အဲဒီလိုမသမာမှုတွေရှိတယ်ဆိုရင် သက်သေအထောက်အထား အခိုင်အမာနဲ့ တင်ပြ၊ စစ်လို့ရှိရင် အဲဒီသက်သေတွေက လာပြီးတော့ ရဲရဲရင့်ရင့်ထွက်ပေးဖို့လိုတယ်”ဟုပြောသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၃၃၀၅၃၂ ဦးရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူဦးရေမှာ မဲရုံတွင်မဲပေးသူ ၁၄၂၈၆၄ှ ဦး၊ ကြိုတင်မဲပေးသူ ၄၄၇၁၁ ဦး၊ စုစုပေါင်း မဲပေးသူ ၁၈၇၅၇၅ ဦးရှိခဲ့သောကြောင့် မဲပေးသူမှာ ၅၆.၇၅ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ် ပြန်ထားသည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပယ်မဲ ၇၇၁၃ မဲနှင့် ပျောက်မဲ ၈၆ မဲ စုစုပေါင်း ၇၇၉၉ မဲရှိကြောင်းသိရသည်။

၂၀၁၅ ရွေးကောက်ပွဲက ယင်းမဲဆန္ဒနယ်တွင် တအောင်း(ပလောင်)အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလ ၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တအောင်း (ပလောင်) အမျိုးသားပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

You may also like these stories:

မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

မဲတံဆိပ်တုံးအတု ဖမ်းမိမှုများ ပါတီနှင့်မသက်ဆိုင်ဟု ကြံ့ခိုင်ရေး ငြင်းဆို

Your Thoughts …
Tags: SNLDTNPရွေးကောက်ပွဲ
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
၂၀၁၅ ခုနှစ် Virginia tobacco company limited (VTCL) ၏ ၂၂ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား

မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်

Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း / Ami Zin Win's Facebook

PPP ရဲ့ လမ်းစဉ်ကို သဘောကျလို့ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်ခဲ့တဲ့ အလှမယ် အေမီဇင်ဝင်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate