• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ

by သီဟလွင်
24 December 2020
in သတင်း
A A
ကန့်ကွက်ခံနေရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး / သီဟလွင် / ဧရာဝတီ

ကန့်ကွက်ခံနေရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး / သီဟလွင် / ဧရာဝတီ

7.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည့် ကြံ့ခိုင်ရေး ပါတီဥက္ကဌ ဦးသန်းဌေးသည် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့သည်ဟုဆိုကာ လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းလိုက်သည်။

ယင်းမဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာမိုးဆွေ၏ ကိုယ်စားလှယ် ဦးသက် ထွေးက ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဦးသန်းဌေးက ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ သောကြောင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ကန့်ကွက်လွှာတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
209
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
851

ဦးသက်ထွေးက“ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စ လေးတွေ ထည့်ပြောတဲ့ဟာလေးတွေရယ်၊ တခြားဖြစ်စဉ်လေးတွေပေါ့၊ အသေးစိတ်တော့ ကျနော်တို့ မပြောတော့ပါဘူး။ အဲဒီ ဖြစ်စဉ်လေးတွေအပေါ်မှာ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ကန့်ကွက်တာပါ”ဟု ပြောသည်။

ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသံဖိုင်များ၊ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင် သက်သေ၊ အထောက်အထားများစွာကို ရရှိထားကြောင်း၊ ထို့ပြင် မဲဆွယ်စည်းရုံးရေး ကာလတွင် NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်ကိစ္စများ၊ အောင်နိုင်ရေးလှည့်သည့် ယာဉ်တန်းမှ ကားတစီးကို ခဲဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ NLD ပါတီဘက်မှ ကန့်ကွက်လွှာတင်ထားသည်ကို သိရှိပြီး ဥပဒေအတိုင်းသာ ရင်ဆိုင် ဖြေရှင်းသွားမည် ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ပြောသည်။

ဒေါက်တာနန္ဒလှမြင့်က“ဒါကတော့ ဥပဒေအရပဲ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသန်းဌေးကို ကန့်ကွက်ရသည့်အကြောင်း ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်မှ ရှင်းလင်းနေစဉ် (ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းကန့်ကွက်လွှာကို ကန့်ကွက်လွှာအမှတ် ၂၄၂ ဖြင့် လက်ခံခဲ့ပြီး ကန့်ကွက် လွှာ သဘောအရ ပြည်သူက ကန့်ကွက်ခြင်းနှင့် ကိုယ်စားလှယ် အချင်းချင်း ကန့်ကွက်ခြင်းဟူ၍ ၂ မျိုးရှိရာ ယခု ကန့်ကွက် ခြင်းမှာ ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်သည့် ပုံစံမျိုးဖြစ်သည်ဟု ယင်းအမှုတွင် NLD ပါတီဘက်မှ လိုက်ပါ ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

ဒေါ်စုဒါလီအောင်က“ကန့်ကွက်တဲ့အခါမှာတော့ ရွေးကောက်ပွဲကာလမှာ ဦးသန်းဌေးအပါအဝင် ဦးသန်းဌေးကို ကိုယ်စား လှယ် ဖြစ်အောင် လိုလားတဲ့လူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ် ကန့်ကွက်လွှာမှာ တင်သွင်းထား ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေး ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ၃၆၃၂၅ မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သူ ဒေါက်တာမိုးဆွေက ၃၀၉၆၅ မဲဖြင့် ဒုတိယ မဲအများဆုံး ရရှိခဲ့ရာ မဲအရေအတွက်အားဖြင့် မဲ ၅၃၀၀ ကျော် ကွာခြားခဲ့သည်။

ယင်းမဲဆန္ဒနယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၈၂၂၁၄ ဦးရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူဦးရေမှာ မဲရုံတွင် မဲပေးသူ ၅၃၄၆၀ ဦး၊ ကြိုတင်မဲပေးသူ ၁၈၆၀၃ ဦး၊ စုစုပေါင်း မဲပေးသူ ၇၂၀၆၃ ဦးရှိခဲ့သောကြောင့် မဲပေးသူမှာ ၈၇.၆၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပယ်မဲ ၁၈၉၉ မဲနှင့် ပျောက်မဲ ၆ မဲ စုစုပေါင်း ၁၉၀၅ မဲ ရှိကြောင်း သိရသည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသန်းဌေး အနိုင်ရရှိခဲ့သည့် ဇေယျာသီရိ မြို့နယ်သည် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ရုံး အပါအဝင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ အများစု အခြေစိုက်ထားသည့် မဲဆန္ဒနယ်တခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်တခု ဖြစ်သည်။

ဦးသန်းဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ မှ ဖြစ်ပြီး တပ်မတော်တွင် အမှတ် ၇၇ ခြေမြန် တပ်မဌာနချုပ်၏ တပ်မမှူး ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စွမ်းအင် ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး၊ ထို့နောက် ဝန်ကြီးနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ယင်းနေရာ၌ ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပါဝင် ယှဉ်ပြိုင် အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက နေရာပေါင်း ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇၁ နေရာတွင်သာ အနိုင် ရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီက သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ထိုရွေးကောက်ပွဲ ရလဒ်အား လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ကန့်ကွက်လွှာများ တင်သွင်းထားခြင်းများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲက ရွေးကောက်ပွဲကန့်ကွက်လွှာ ၄၅ မှုသာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ယနေ့ထိ ပါတီအသီးသီးမှ အပြန်အလှန် ကန့်ကွက်လွှာများ ၂၄၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

You may also like these stories:

TNP နိုင်သည့် မဲဆန္ဒနယ်တွင် တရားမဲ့ပြုကျင့်မှုရှိနေဟုဆိုကာ SNLD က ကန့်ကွက်လွှာတင်

မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

Your Thoughts …
Tags: NLDကော်မရှင်ဇေယျာသီရိ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ဦးသန်းဌေး
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ လက်မှတ်ရေးထိုးမှု / Embassy of the Republic of the Union of Myanmar, New Delhi

အိန္ဒိယထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း မြန်မာဝယ်ယူမည်

စမွတ်စခွန်ခရိုင်ရှိ ပင်လယ်စာ ရောင်းသည့် ဈေးတွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ဈေးအတွင်းရှိ မြန်မာအလုပ်သမားများကို သံဆူးကြိုးများ ကာရံကာ ပိတ်ထားစဉ် / Khaosad News

မြန်မာလုပ်သားများကို ပိတ်လှောင်ထားမှု ပြန်သုံးသပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate