• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်ကြီးချုပ်တာဝန် ထပ်မံခန့်အပ်လျှင် ဆက်၍ ထမ်းဆောင်မည် ဟု ဦးညီပုပြော

by ခိုင်ရိုးလ
4 January 2021
in သတင်း
A A
စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ခိုင်ရိုးလ / ဧရာဝတီ

စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု / ခိုင်ရိုးလ / ဧရာဝတီ

4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်လာလျင် တာဝန် ထမ်းဆောင်သွားမည်ဟု ဝန်ကြီးချုပ်ဦးညီပုက ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

လက်ရှိဝန်ကြီးချုပ်က ၎င်းအနေဖြင့် အစိုးရသစ်ဖွဲ့စည်းလျှင် ဝန်ကြီးချုပ်နေရာကို မျှော်မှန်းထားခြင်း မရှိသော်လည်း ပါတီကနေ တာဝန်ပေးအပ်လာပါက ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
23
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
152
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
104

ဝန်ကြီးချုပ် ဦးညီပုက “နောက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရည်မှန်းထားတာမရှိဘူး။ တာဝန်ပေးတဲ့ အပေါ်မှာတော့ ဆောင်ရွက်သွားပါ့မယ်။ တာဝန်ပေးတဲ့ အပေါ်မှာ မူတည်ပြီး ထမ်းဆောင်သွားမယ်” ဟု ဆိုသည်။

ယနေ့ လွှတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လိုက်လိုက်သည့် ရခိုင်ပြည်နယ်အတွက် လွပ်လပ်ရေးနေ့ သဝဏ်လွှာကို ဝန်ကြီးချုပ်ဦးညီပုက ဖတ်ပြခဲ့ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင်ပြည်နယ် အစိုးရဝန်ကြီးများနှင့် အခြားအစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီး၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့သည်။ ယင်းကြောင့် အနိုင်ရ NLD ပါတီက အစိုးရသစ်တရပ်ကို ဖွဲ့စည်တင်မြှောက် အုပ်ချုပ် ရတော့မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဦးညီပုသည် အနေအေးပြီး ရိုးသားသူဖြစ်သော်လည်း ၎င်းသက်တမ်းအတွင်း ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့မှုနည်းခဲ့ကြောင်း အကယ်၍ ဝန်ကြီးချုပ်အဖြစ် နောက်ထပ်ခန့်အပ်ခြင်းခံရပါက ဒေသအကျိုး စီးပွားကို မိမိ၏ လုပ်ပိုင်ခွင့်ဖြင့် ရဲဝံ့စွာ ဆုံးဖြတ်ချက်လုပ်ဆောင်စေလိုကြောင်း ရခိုင်အသိုင်းအဝိုင်း က ပြောဆိုကြသည်။

ရခိုင်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက “ဆက်လက် ဝန်ကြီးချုပ် ဖြစ်လာရင် ရဲရဲဝံ့ဝံ့လုပ်ဆောင်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူက တောက်လျှောက် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ နိုင်ငံရေး ကျဉ်းသားဟောင်း တယောက်လည်းဖြစ်တယ်။ နိုင်ငံရေးထဲမှာလည်း တစိုက်မတ်မတ်လုပ်လာခဲ့တယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ လုပ်ဆောင်သင့်တယ်။ မိမိပါတီအကျိုးထက် ရခိုင်ပြည်သူ၊ ပြည်နယ် အကျိုးကို ရှေ့ရှုပြီးတော့ ပြီးခဲ့တဲ့ သက်တမ်းထက် သတ္တိရှိရှိ ဆုံးဖြတ်ရဲဖို့လိုတယ်” ဟု ဆိုသည်။

လက်ရှိ သက်တမ်းတွင် အောက်ခြေပြည်သူတို့နှင့် တွေ့ဆုံမှုအားနည်းခဲ့သည်မှာ ဒေသမတည်ငြိမ်မှုများအပေါ်တွင် မူတည်သလို မြောက်ဦးမြို့နယ်တွင် ၎င်းခရီးစဉ်အတွင်းမိုင်းဆွဲတိုက်ခိုက်ခံရမှုများ ရှိခဲ့သည့်အတွက် ပို၍ အောက်ခြေ လူထုနှင့် အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်ခဲ့ရကြောင်းလည်း ခိုင်ကောင်းစံက ပြောသည်။

ထို့အပြင် လက်ရှိသက်တမ်း အတွင်း နိုင်ငံတကာ တရားရုံးထိ ရောက်ရှိသွားသော ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များ အရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် အပြင်း အထန် တိုက်ပွဲ ဆင်နွှဲခဲ့သော ရက္ခိုင်စစ်တပ် (AA) တို့၏ ပဋိပက္ခများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အပါအဝင် အဖက်ဖက် ထိခိုက်ခဲ့ပြီး ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အဟန့်အတားများ ရှိခဲ့ကြောင်း စောင့်ကြည့် လေ့လာသူများက ဆိုကြသည်။

စစ်တွေဒေသခံ မဦးခင်သိန်းက “ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအရမ်း အားနည်းတဲ့ ဒေသတခုဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ လူငယ် တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးတဲ့ အစိုးရမျိုး ဝန်ကြီးချုပ်ကို ကျမတို့ လိုလားတယ်။ နောက်ပြီးတော့ ရခိုင်က မွတ်စလင်တွေကိုလည်း လွပ်လပ်ခွင့်တွေ၊ ပူးပေါင်း ပါဝင်ခွင့်တွေ ပေးရမယ်။ အဲဒီလို မပေးလို့ လူမျိုးစုတွေရဲ့နောက်ကွယ်မှာ လူမျိုးရေး၊ ဘာသာရေးတွေကို အခြေခံပြီးတော့ ပြဿနာတွေ ဖြစ်ခဲ့တာ ရှိတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း ပြည်နယ် ကောင်းကျိုးအတွက် ကိုယ်လုပ်နိုင်သလောက် လုပ်ပေးနိုင်ခြင်းအပေါ် ကျေနပ်မှုရှိခဲ့ပြီး အားမရသည့်အပိုင်းများလည်း ရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ဝန်ခံပြောဆိုသည်။

ဝန်ကြီးချုပ် ဦးညီပုက “အားမရတဲ့ အပိုင်းကတော့ နိုင်ငံတော်က ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက်နိုင်ခြင်းကိုတော့ လိုအပ်ချက်တွေရှိမယ်။ ဒါတွေကိုလည်း ဆက်ပြီးတော့ ကြိုးစားရမှာပေါ့။ အခုက ၅ နှစ်သက်တမ်းပဲရှိတာကို။ ဆက်ပြီးတော့ လုပ်စရာအများကြီးကျန်ပါသေးတယ်။ ဒါတွေဟာလည်း သိတဲ့အတိုင်းပဲလေ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် လိုအပ်ချက်တွေ များစွာရှိပါတယ်” ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုလိုအပ်ကြောင်းလည်း ဦးညီပုက ပြောဆိုခဲ့သည်။

Your Thoughts …
Tags: ရခိုင်ပြည်နယ်ဦးညီပု
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံတချို့

တင်းမရွာသားတွေ ပျောက်ဆုံးနေမှု ဘယ်သူမှ တာဝန်မခံကြ

အင်းစိန်ကို ရန်ကုန်မြို့ရဲ့ ဒုတိယ စီးပွားရေးအချက်အချာ ဧရိယာ ဖြစ်လာနိုင်ဟု ဆို (ရုပ်/သံ)

အင်းစိန်ကို ရန်ကုန်မြို့ရဲ့ ဒုတိယ စီးပွားရေးအချက်အချာ ဧရိယာ ဖြစ်လာနိုင်ဟု ဆို (ရုပ်/သံ)

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate