• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ရခိုင်စစ်မျက်နှာတွင် အသေခံတိုက်ခဲ့သည့် ရဲဘော်သက်ရှည် “သူရဘွဲ့” ချီးမြှင့်ခံရ

          by ထက်နိုင်ဇော်
          5 January 2021
          in သတင်း
          Reading Time: 1 min read
          A A
          သူရဘွဲ့ ရရှိခဲ့သည့် ရဲဘော်သက်ရှည် / ဧရာဝတီ

          သူရဘွဲ့ ရရှိခဲ့သည့် ရဲဘော်သက်ရှည် / ဧရာဝတီ

          63k
          VIEWS
          Share on FacebookShare on Twitter

          ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မေလက တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စခန်းသိမ်း တိုက်ပွဲတခုတွင် လက်ပစ်ဗုံးစနစ်တံဖြုတ်၍ ဘန်ကာအတွင်းသို့ အသေခံ ဝင်ရောက်သွားသူ ရဲဘော်သက်ရှည်ကို နိုင်ငံတော် သမ္မတက “သူ ရဘွဲ့” ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

          တိုက်ပွဲတွင် ကျဆုံးချိန်၌ အမှတ် ၂၀၇ ခြေမြန် တပ်ရင်းမှ တပ်သား သက်ရှည်ကို တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ “သူရ ဘွဲ့”ချီးမြှင့်အပ်နှင်းကြောင်း ယမန်နေ့က နိုင်ငံတော် သမ္မတရုံး၏ ကြေညာချက်တွင် ဒုတိယ တပ်ကြပ်ဟု ဖော်ပြခဲ့သဖြင့် သေဆုံးပြီးချိန်တွင် ရာထူးတဆင့်တိုး ခံစားခဲ့ရသည်။

          RelatedPosts

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          6.6k
          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          3 December 2023
          1.5k
          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

          3 December 2023
          3.1k

          ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာဇာတိ ဖြစ်သူ အသက် ၂၄ နှစ်အရွယ် ဒုတပ်ကြပ်သက်ရှည်တွင် ဇနီးနှင့် သားတဦး ကျန်ရှိခဲ့သည်။

          ၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ တောင်ကုန်းကြီး ၃ ခု၊ ကာကင်းကုန်း တခုတို့ကို တပ်မတော်က ဝင်ရောက် သိမ်းပိုက်စဉ် ရဲဘော်သက်ရှည် ပါဝင်သည့် တပ်စု(၁) ​ချေမှုန်းရေးအဖွဲ့ သည် ရက္ခိုင့်စစ်တပ် (AA) တပ်စွဲထားသည့် ကာကင်းကုန်းပေါ်ရှိ သစ်လုံးဘန်ကာ ၄ လုံးကို ဝင်ရောက် သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။

          “AA ဘက်မှ တရုတ်စက်လတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ အပြင်းအထန် ခုခံနေတော့ ရှေ့ မတက်နိုင်ဘဲ ဖြစ်နေတဲ့အချိန်မှာ ရဲဘော်သက်ရှည်က သူ့မှာပါတဲ့ လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး အသက်အသေခံ ဘန်ကာထဲကို ဝင်သွားတာ။ အဲဒီမှာ တဖက်က လူတွေလည်း ကျသွားကြတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

          သီဟသူရဘွဲ့ ရ ဒုတိယ ဗိုလ်မှူးကြီး အေးမင်းအောင် (ဓာတ်ပုံ – ဧရာဝတီ)

          တပ်သားသက်ရှည်၏ လုပ်ရပ်ကြောင့် တဖက်မှ အံ့သြနေသည့် အချိန်တွင် ကျန်သည့် အဖွဲ့များကပါ ဝိုင်းဝန်း ပစ်ခတ်သည့် အခါ ယင်းဘန်ကာထဲမှ အာပီဂျီ ၁ လက်၊ အမ်-၂၂ တလက်နှင့် အလောင်းတချို့ ရလိုက်ကြောင်း၊ ယင်းဘန်ကာ ကျသွား သဖြင့် AA ဘက်က ဆက်မတိုက်နိုင်သည့်အခါ ကာကင်းကုန်းကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

          စစ်သားကောင်း ပီသစွာ အသက်စွန့်၍ ဘန်ကာအတွင်းရှိ ရန်သူအား လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ ကာကင်းကုန်းရှိ ဘန်ကာအား သိမ်းပိုက်နိုင်ခြင်းသည် ပင်မကုန်းဖြစ်သည့် ပွိုင့် ၁၁၄ တောင်ကုန်းအား သိမ်းပိုက်ရန် အထောက်အပံ့ ဖြစ်ခဲ့၍ ရဲဘော်သက်ရှည်သည် “သူရဘွဲ့” ရသင့်ကြောင်း တပ်မမှူးက ထောက်ခံ တင်ပြခဲ့သည်။

          ယင်းနေရာသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ကိုဗစ်တို့ဖတ် နမူနာများ တင်ဆောက်လာသည့် WHO ကား တိုက် ခိုက်ခံရသည့် ရာမောင်တံတား ပတ်ဝန်းကျင်ရှိ တောင်ကုန်းများတွင် ဖြစ်ပြီး စစ်ဆင်ရေးဗျူဟာအရ အရေးကြီးသော နေရာ များ ဖြစ်သည်ဟု သိရသည်။

          ထို့ကြောင့် ကျဆုံးသွားသည့် စစ်သည်မိသားစုဝင်များကို တပ်မတော်က ၎င်းတို့အတွက် နေထိုင်စရာအိမ်၊ အငြိမ်းစား လစာ၊ သက်စွန့်ဆုကြေးတို့အပြင် ကျန်ရှိသူ မိသားစုအတွက် အလုပ်အကိုင်များပါ ရှာပေးမည်ဟု ဆိုသည်။

          ရဲဘော်သက်ရှည်သည် ယခု ၂၀၂၁ ခုနှစ်အတွက် သူရဘွဲ့ကို ရရှိခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် အခမ်းအနားနှင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ကျန်ရစ်သူ မိသားစုကို ဆုချီးမြှင့်မည် ဖြစ်သည်။

          “ဘွဲ့တွေအားလုံးကို ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ ထောက်ခံပြီး တင်ပြရတာပေါ့။ အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ တို့ ဆိုတဲ့ ဘွဲ့တွေက နိုင်ငံတော် သမ္မတ၊ အစိုးရ အဖွဲ့ရုံးက ရွေးရတာပေါ့။ ဘွဲ့ တွေကိုတော့ သမ္မတကိုယ်တိုင် ချီးမြင့်တာ။သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပါတယ်။ ကကနကောင်စီအမိန့်နဲ့ပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

          ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ဖြစ်သည့် သီဟသူရ ဘွဲ့ရရှိသူ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး အေးမင်းအောင်၊ သူရဘွဲ့ရရှိသည့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ရန်နိုင်ဦး၊ စစ်တက္ကသိုလ်မှ ဗိုလ်ကြီး ဇော်ဦးလွင်နှင့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယ အရာခံဗိုလ်ထွန်းဝေ(ကျဆုံး) ကိုယ်စား ဇနီး ဒေါ်အသန်းတို့ကိုလည်း ဘွဲ့ တံဆိပ်များ သမ္မတက ယမန်နေ့က ပေးအပ်ခဲ့သည်။

          သီဟသူရနှင့် သူရဘွဲ့ ရရှိခဲ့သူများသည် ၂၀၁၉ ခုနှစ်၊ မတ်လက ပုဏ္ဍားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနီး တိုက်ပွဲများတွင် AA တပ်ဖွဲ့၏ နာရီပေါင်း ၃၆၀ ခန့်ကြာအောင် ပိတ်ဆို့ခံထားရသည့်ကြားမှာ ကြံ့ကြံ့ခံပြီး ပြန်လည် တိုက်ခိုက်နိုင်ခဲ့သဖြင့် ယခုလို ဆုတံဆိပ် ဘွဲ့ များ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

          တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာ (ဓာတ်ပုံ – တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့)

          ဒုဗိုလ်မှူးကြီး အေးမင်းအောင်တို့ တပ်ရင်းသည် ရသေ့တောင် ရှေ့တန်းစခန်းမှ အပြန် ဗုဒ္ဓေါကျေးရွာအနီးတွင် AA အဖွဲ့ များ စုဖွဲ့ နေသည့် သတင်းကြောင့် နယ်မြေ ရှင်းလင်းစဉ် ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က လေယာဉ်၊ ရဟတ် ယာဉ်များနှင့်ပါ စစ်ကူပေးခဲ့ရသည်ဟု သိရသည်။

          “ဖြစ်တဲ့အချိန်မှာ ရန်သူ့အင်အားက တော်တော်လေး များတယ်။ များတဲ့အတွက် တပ်မတော်စစ်ကြောင်းက အဝိုင်းခံလိုက် ရတယ်။ အဝိုင်းခံလိုက်ရတဲ့ အချိန်က နာရီပေါင်း ၃၆၀ ကြာတယ်။ ဒုတိယ ဗိုလ်မှူးကြီး ဦးဆောင်တဲ့ အဖွဲ့ပေါ့။ နာရီပေါင်း ၃၆၀ ကြာအောင် သူအခြေပြုနေတဲ့ နေရာကို ကြံ့ကြံ့ခံပြီး တိုက်ခဲ့တဲ့အတွက်ကြောင့် AA ဘက်က ပုဏ္ဍာကျွန်းတို့ ယိုး တရုတ်တို့ကို နှောက်ယှက်မယ့် အစီအစဉ်တွေလည်း ပျက်သွားတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

          ယင်းတိုက်ပွဲ မဖြစ်ပွားမီ ကျောက်တော်မြို့နယ်နှင့် ပိုမိုနီးစပ်သည့် ပုဏ္ဍားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာရှိ ရဲကင်းစခန်းတခုကို AA က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးသွားခဲ့သည်။

          တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှစ၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီအထိ ရခိုင်ပြည်နယ် မြောက် ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

          သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမှုကို ရခိုင်ပြည်နယ်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် နေရာများ ချန်ထားခဲ့သည့်အခါ AA အဖွဲ့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ သိသိသာသာ လျော့နည်းသွားခဲ့သည်။

          ယမန်နေ့က မနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့်အခမ်းအနားတွင် သီဟသူရဘွဲ့ ရရှိသူ ၁ ဦး၊ သူရ ဘွဲ့ရရှိသူ ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၁ ဦးတို့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်အပ်နှင်းခဲ့သည်။

          ယမန်နေ့က ညနေပိုင်းက တပ်မတော်က ပြုလုပ်သည့် အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၉ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁ ဦးတို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု ချီးမြင့်ခဲ့သည်။

          အခြား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၅၆ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၀၃ ဦးတို့ကိုလည်း တိုင်း စစ်ဌာနချုပ်အသီးသီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက ချီးမြှင့်မည်ဟု သိရသည်။

          တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ် ရရှိသူ စုစုပေါင်းမှာ ၂၀၂၀ ခုနှစ် ဇန်နဝါ ရီလအထိ အောင်ဆန်း သူရိယဘွဲ့ ရရှိသူ ၆ ဦး၊ သီဟသူရ ဘွဲ့ရရှိသူ ၅၀ ဦး၊ သူရဘွဲ့ ရရှိသူ ၅၄၅ ဦး၊ သီဟဗလတံဆိပ် ရရှိသူ ၆ ဦး ၊ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၃၈၇၁ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၃၂၈၄ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၈၂၆ ဦး ရှိပြီ ဖြစ်သည်။

          You may also like these stories:

          မဲ မသမာမှု ဖြစ်စေနိုင်သည် ဟူသော တပ်မတော်၏ ထုတ်ပြန်ချက်ကို UEC တုံ့ပြန်

          တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးဟု ဗိုလ်ချုပ်မှူးကြီး ပြော

          ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ

          Your Thoughts …
          Tags: တပ်မတော်ရခိုင်ပြည်နယ်ရဲဘော် သက်ရှည်သူရဘွဲ့
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.1k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          by ဟိန်းထူးဈာန်
          28 November 2023
          17.6k

          စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          13.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

          by အေးချမ်းဆု
          26 October 2023
          10.2k

          စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

          စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

          စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

          by ဧရာဝတီ
          9 November 2023
          8.1k

          ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          by ကိုဦး
          22 November 2023
          6.7k

          မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် ကွမ်းလုံအား သိမ်းပိုက်ပြီး နောက်တရက် နိုဝင်ဘာ ၁၃ တွင် ရခိုင်စစ်ပွဲစတင်၏။

          Next Post
          အဆိုတော် ရဲလေး / Ye Lay's Facebook

          ဇန်နဝါရီလအတွင်း မွေးနေ့ရှိုး လုပ်မယ့် အဆိုတော် ရဲလေး

          ရေနံနှင့် ဓာတုပစ္စည်းများ တင်ဆောင်သည့် HANKUK CHEMI အမည်ရ တောင်ကိုရီးယား သင်္ဘော / MarineTraffic.com

          အီရန်က ဖမ်းလိုက်သည့် တောင်ကိုရီးယားသင်္ဘောတွင် မြန်မာသင်္ဘောသားများ ပါဝင်နေ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          6 days ago
          16.2k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.9k

          Most Read

          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved