• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်တွင် အမျိုးသမီး ၁ ဦး မိုင်းထိ

by မင်းအောင်ခိုင်
5 January 2021
in သတင်း
A A
စစ်တွေဆေးရုံသို့ ရောက်ရှိလာသော မိုင်းထိမှန်သည့် အမျိုးသမီး / U Than Tun

စစ်တွေဆေးရုံသို့ ရောက်ရှိလာသော မိုင်းထိမှန်သည့် အမျိုးသမီး / U Than Tun

7.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ အမျိုးသမီး ၁ ဦးမှာ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက မြေမြှုပ်မိုင်းနင်းမိသည့် အတွက် ခြေတဖက်ပြတ်ကာ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိသည့် အမျိုးသမီးမှာ အသက် ၄၃ နှစ် အရွယ် ဒေါ်ခိုင်စံမေ ဖြစ်ပြီး ရွာအရှေ့ဘက် တောင်ရှည်တောင်တန်းတွင် ညီအစ်မနှစ်ဦး ထင်းခုတ်ရန် သွားစဉ် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
47
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
218
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.4k

ညီမဖြစ်သူ ဒေါ်မလှဖြူက “ခုတ်ထားတဲ့ ထင်းချောင်းလေးတွေကို ပလိုင်းမှာထည့် ပထမတခေါက် ရွာကို သယ်ပြီးပြီး နောက်တခေါက်ထပ်ပြီးသွား သယ်တဲ့အခါ ကျမကရှေ့ကသွားတယ်။ ကျမ အစ်မနောက်ကနေပါတယ်။ ဂျိမ်းဆိုပြီး အသံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ သူလဲနေပြီ ။ သွေးတွေလည်း အိုင်ခံနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အစ်မဖြစ်သူ မိုင်းထိမှန်သည့်အတွက် ဒေါ်မလှဖြူမှာ အကူအညီ တောင်းရန် ရွာသားများမတွေ့ သည့်အတွက် အစ်မဖြစ်သူကို နာရီဝက်ခန့်အကြာ ကျောပိုးပြီး ရွာသို့ ယူဆောင်ခဲ့ရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ခဘော်ကျေးရွာသည် အိမ်ခြေ ၆၀ ကျော် ရှိပြီး ရွာသားများမှာ တောတောင်ကိုမှီခိုပြီး ဝါးခုတ်ခြင်း၊ သစ်ခုတ်ခြင်း၊မျှစ်ချိုးခြင်းစသည့် လုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကြသည်။

အဆိုပါ ခဘော်ကျေးရွာအနီးရှိ တောင်ရှည်တောင်တန်းတွင် ပြီးခဲ့သော ၂၀၂၀ ခုနှစ်မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် ( AA )တို့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင်အဆိုပါ မိုင်းထိမှန်ခဲသည့်အတွက် ခြေတဖက်ပြတ်ပြီး မျက်နှာပြင်တခုလုံး ဒဏ်ရာရရှိခဲ့သူ ဒေါ်ခိုင်စံမေကို ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ကာ ခွဲစိတ် ကုသမှုများကိုလည်း လုပ်ဆောင်လျှက် ရှိသည်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ သုံးနှစ်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြေမြုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက် များ ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးထိခိုက် ဒဏ် ရာသူ ၁၇ ဦး ထိရှိ ကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ထိုသို့ ၂၀၁၈ ခုနှစ်မှနေ ၂၀၂၀ စက်တင်ဘာလအထိ နှစ်ဘက် တိုက်ပွဲအတွင်း ကျောက်တော်မြို့၌ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်၍ သေဆုံးသူမှာလည်း ၅၀ ဦးအထိ ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၁၈ ဦး ရှိကြောင်း ဦးဦးထွန်းဝင်းက ဆိုသည်။

“မိုင်းအန္တရာယ်က ဘယ်လောက်အထိ စိုးရိမ်ရတဲ့ အခြေအနေရှိလဲဆိုရင် ရွာအနီးက တောစပ်ကို ဟင်းသွားခူးရင်ထိတယ်။ ရွာမှာနေပြီး ကောက်ရတဲ့ ဗုံးတွေကို ဆော့ကစားရင်း ပေါက်ကွဲပြီး ထိတယ်။ အနီးအနားမှာကို အန္တရာယ်က ဝိုင်းဝိုင်းလည်နေတာ” ကျောက်တော်မြို့ခံ ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( Rakhine Ethnics Congress ) ၏ ကောက်ခံထားသော စာရင်းအရ ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ရရှိ သူ ၆၇ ဦးရှိကြောင်းသိရသည်။

ယင်းထိခိုက်သေဆုံးဒဏ်ရာ ရရှိသူမျာအထဲတွင် အမျိုးသမီး အမျာဆုံး ပါဝင် ကြောင်းလည်း REC မှ အ တွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“အမျိုးသမီးတွေ ထိခိုက်တာများတယ်ဆိုတာက စစ်ဘေးသင့်ပြည်သူတွေက ကိုဗစ်ဖြစ်တော့ အလှူရှင်တွေကလည်း နည်းလာတယ်။ မိသားစုစားဝတ်နေရေးအတွက် မိုင်းရှိတယ်ဆိုတာကို သိပေမယ့် အရဲစွန့်ပြီးသွားကြတဲ့အခါ မိုင်းထိမှန်ကြတာပေါ့ “ဟု ဦးဇော်ဇော်ထွန်းက မိုင်းထိမှန်သည့် အခြေ အနေကို သုံးသပ်ပြောကြား သည်။

တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် ( AA )တို့ သုံးနှစ်နီးပါး နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားဆုံးမှုမှာလည်း ၃၄၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၄၀ ဦးရှိကာ နှစ်ရက်လျှင် အရပ်သား ၂ ဦးနှုန်း သေဆုံး၍ ထိခိုက်ဒဏ်ရာ ရရှိမှုမှာလည်း တရက်လျှင် အရပ်သား ၂ ဦးနူန်း အထိ ရှိကြောင်း ရခိုင်းတိုင်းရင်းသားမျိုး နွယ်စုများ အစည်းအရုံး၏ စာရင်း အရသိရသည်။

You may also like these stories:

တင်းမရွာသားတွေ ပျောက်ဆုံးနေမှု ဘယ်သူမှ တာဝန်မခံကြ

အီရန်က ဖမ်းလိုက်သည့် တောင်ကိုရီးယားသင်္ဘောတွင် မြန်မာသင်္ဘောသားများ ပါဝင်နေ

လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ


Your Thoughts …
Tags: ကျောက်တော်မြေမြုပ်မိုင်းရခိုင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ရှမ်းပြည်နယ်ထဲတွင် လှုပ်ရှားနေတဲ့ RCSS/SSA အဖွဲ့ဝင်တဦး / ကျော်ခ / ဧရာဝတီ

TNLA နယ်မြေတချို့ RCSS ထိန်းချုပ်

ဦးကျော်သူနဲ့ ထွန်းကိုကို  / Tun Ko Ko's Facebook

“ဦးကျော်သူဆီက ပညာတွေ အများကြီးရတယ်”လို့ ထွန်းကိုကို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate