ကရင်ပြည်နယ်ရှိ နယ်ခြားစောင့် တပ်ရင်း ၁၀၂၂ မှ တပ်ရင်းမှူး ဗိုလ်မှူး စောမောသို(စောမုတ်သုန်) နှုတ်ထွက်သွား ကြောင်း ယနေ့နံနက်ပိုင်း သတင်းများ ထွက်လာသည်။
ဗိုလ်မှူးမုတ်သုန် နှုတ်ထွက်သည့် သတင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် BGF တပ်ဖွဲ့ ဘက်မှလည်း အတည်ပြုသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရွှေကုက္ကိမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ်(BGF)နှင့် တပ်မတော်အကြား တင်းမာမှု ဖြစ်ပွားရာမှ BGF ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်နှင့် ဗိုလ်မှူး စောတင်ဝင်းတို့ အပါအဝင် တခြားသော အရာရှိများကို နှုတ်ထွက်ရန် ဖိအားပေးလာသည့် အထိ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သတင်းရင်းမြစ်များ အဆိုအရ “မိမိဆန္ဒအလျှောက်” ဆိုသည့် အကြောင်းပြချက်ဖြင့် BGF တပ်ဖွဲ့မှ နှုတ်ထွက်ရန် ၎င်းတို့အား မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နှစ်ကြိမ်တိုင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်များ အဆိုအရ “မိမိဆန္ဒအလျှောက်” ဆိုသည့် အကြောင်းပြချက်ဖြင့် BGF တပ်ဖွဲ့မှ နှုတ်ထွက်ရန် ၎င်းတို့အား မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နှစ်ကြိမ်တိုင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းရှိ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းသည် နယ်ခြားစောင့်တပ် (BGF)၏ ချစ်လင်းမြိုင် ကုမ္ပဏီနှင့် Yatai International Holding Group Co.,Ltd တို့က ဖက်စပ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ မီဒီယာများက ရေးသား ဝေဖန်များ ထွက်ပေါ်လာသည့်အခါ တည်ဆောက်မှုများနှင့် ပတ်သက်၍ လတ်တလော ရပ်ဆိုင်းထားကြောင်း ပြောဆိုရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး၊ တပ်မတော်မှ လည်း ၎င်း၏ အရာရှိကြီး ၃ ဦးကို အရေးယူ ထုတ်ပယ်မှုများ ပြုလုပ်ခဲ့သည်။
ထို့မှ စ၍ BGF အဖွဲ့ အပေါ် ဖိအားမှုများ ပြုလုပ်လာကာ ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ်ခန့်မှ စတင်ကာ တပ်မတော်မှ လုံခြုံရေးအင်အား တိုးမြှင့်ချထားမှုများ ဆောင်ရွက်ခဲ့ပြီး မြို့သစ်စီမံကိန်းတည်ရှိရာ ရွှေကုက္ကိုမြိုင်တွင် တပ်မတော်က တပ်ရင်း တရင်း အခြေစိုက်ဆောင်ရွက်လျှက် ရှိသည်။
ယင်း မြို့သစ်စီမံကိန်း စတင်ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်းမှာပင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအား စီးပွားရေး လုပ်ချင်ပါက တပ်မတော်က ထွက်ရန် ပြောကြားမှုများ ရှိခဲ့ပြီး ယခုအကြိမ်တွင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ကို နှုတ်ထွက်ရန် ဖိအားပေးလာရာ ဗိုလ်မှူးမုတ်သုန် နှုတ်ထွက်သွားခြင်းဖြစ်သည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်များအရ နိုင်ငံတော်မှ တရားဝင်အသိအမှတ်ပြု ထားသည့် BGF တပ်ဖွဲ့ဝင် ဦးရေမှလွဲ၍ အရံအင်အားအဖြစ်ရှိနေသည့် တပ်ဖွဲ့ဝင်များအား အရပ်သားအသွင်သာ ပြောင်းလဲနေထိုင်ရန် ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်များအရ နိုင်ငံတော်မှ တရားဝင်အသိအမှတ်ပြု ထားသည့် BGF တပ်ဖွဲ့ဝင် ဦးရေမှလွဲ၍ အရံအင်အားအဖြစ်ရှိနေသည့် တပ်ဖွဲ့ဝင်များအား အရပ်သားအသွင်သာ ပြောင်းလဲနေထိုင်ရန် ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
BGF တပ်ဖွဲ့ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက်သာ ဦးတည်ဆောင်ရွက်နေပြီး မြဝတီမြို့နယ်အတွင်း ကာစီနိုများကိုလည်း ပိတ်သိမ်းထားပြီဖြစ်ကြောင်း ယင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။
ဧရာဝတီမှ ရရှိသည့် BGF ခေါင်းဆောင်တဦး၏ စာတွင် “အားနည်းချက်တွေ ပြောကြစတမ်းဆိုရင် ငါတို့မှာလည်း ရှိတယ်၊ သူတို့မှာလည်း ရှိတယ်။ အတတ်ပြောရဲတာက ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာတဲ့အထဲမှာ ငါတို့ လုပ်အားတွေ အများကြီး ပါတယ်၊ အခုမှတော့ ဘေးကန်ထုတ်မယ် မလုပ်နဲ့ လက်မခံဘူး။ သူတို့လုပ်ပုံကတော့ အချိန်မရွေး သေနတ်ပြန် ပေါက်နိုင်တယ်၊ ငါတို့ကတော့ လာမယ့်ဘေးကိုပြေးတွေ့ရတော့မှာပဲ၊ ကိုယ့်ဘက်က တော့ အရင်ပေါက်တာမဖြစ်ရအောင် ထိန်းနေရတယ်။ ငါတို့ လူတွေကလည်း ဖြစ်လာရင်တော့ ရင်ဆိုင်ဖို့ အရံသင့်ပဲ။ ငါတို့မှာလည်း ပေးဆပ်မှုတွေကို အချည်းအနှီး တော့ အဖြစ်မခံနိုင်ဘူး”ဟု ဖော်ပြထားသည်။
ကရင်ပြည်နယ်ရှိ ဗိုလ်မှူးကြီး စောချစ်သူခေါင်းဆောင်သည့် နယ်ခြားစောင့် (BGF) တပ်များမှာ ၂၀၁၀ ခုနှစ်တွင် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖြစ်မှ နယ်ခြားစောင့်တပ် အသွင်းပြောင်းလဲခဲ့ခြင်းဖြစ်သည်၊ ယင်းမတိုင်မီကလည်း KNU ၏ အခိုင်အမာ စစ်စခန်းများအား တပ်မတော်က ထိုးစစ်ဆင်ရာတွင် ကူညီတိုက်ခိုက် ပေးခဲ့ကြ သူများဖြစ်သည်။
ယခု အငြင်းပွားဖွယ်ဖြစ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် တရုတ်လုပ်ငန်စု Yatai Internationl ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ပူးပေါင်းကာ Myanmar Yatai International ကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ်က စတင်ကာ အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး၊ စီမံကိန်းအနေဖြင့် ဒေသခံများနှင့် လေ့လာစောင့်ကြည့်သူများအကြား ဝေဖန် စောင့်ကြည့်ခံခဲ့ရပြီး လောင်းကစား နှင့် ငွေကြေးခဝါချမှုကဲ့သို့ တရုတ်မာဖီးယားဂိုဏ်များနှင့် ပတ်သက်မှုများရှိနေကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။
စီမံကိန်းတာဝန်ရှိသူများက မာဖီးယားဂိုဏ်းများနှင့် ပတ်သက်သည့် စွပ်စွဲမှုများအား ငြင်းဆန်ခဲ့ပြီး အွန်လိုင်း လောင်းကစားကဲ့သို့ တရားမဝင်လုပ်ငန်းများအား ခွင့်ပြုမည် မဟုတ်သကဲ့သို့ BGF အနေဖြင့်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီဘက်က ပြောဆိုခဲ့ဖူးသည်။
သို့သော် ပြီးခဲ့သော ရက်ပိုင်းများအထိ ရွှေကုက္ကိုလ်တွင် တရားမဝင် အွန်လိုင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း ယုံကြည်ရသည်။
BGF ဘက်ကမူ ကာစီနို လောင်းကစားလုပ်ငန်းအပေါ် မူတည်ကာ ယခုကဲ့သို့ ဖိအားပေးလာမည်ဆိုပါက အခြားသော နယ်စပ်ဒေသများရှိ လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ကာစီနိုအား ဥပဒေအရ တရားဝင်ခွင့်ပြုချက်ရရှိရန်လည်း ကြိုးပမ်းနေကြောင်း ပြောသည်။
လတ်တလောတွင်မူ မြဝတီအနီးရှိ ကက်စီနိုအပါအဝင် လောင်းကစားလုပ်ငန်းများက အာဏာပိုင်များ၏ ပစ်မှတ် ဖြစ်လာနေပုံ ရသည်။
လတ်တလောတွင်မူ မြဝတီအနီးရှိ ကက်စီနိုအပါအဝင် လောင်းကစားလုပ်ငန်းများက အာဏာပိုင်များ၏ ပစ်မှတ် ဖြစ်လာနေပုံ ရသည်။
ထိုင်းနိုင်ငံရှိ သတင်းများ၏ ဖော်ပြချက်အရ ထိုင်းအလုပ်သမား ရာချီလုပ်ကိုင်နေသည့် မြဝတီအနီး မြစ်ကမ်းနဖူးရှိ စကိုင်း ကွန်ပလက်စ် ကက်စီနိုကိုလည်း ပိတ်ထားခဲ့ပြီး ထိုင်းဘက် ပြန်ဝင်လာသူများထဲ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိနေကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်အရေး ထပ်မံမေးမြန်းရာ ယမန့်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက လက်ရှိတွင် အစိုးရခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်မှုများရှိနေသည့်အတွက် စီမံကိန်းအား ရပ်တန့်ထားရန် ညွှန်ကြားထားပြီး အစိုးရဘက်က စီမံကိန်းအား အုပ်ချုပ်ရေးယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေပြီး နောင်အလားတူ ပြဿနာရပ်များမဖြစ်ပွားရေးအတွက်လည်း နယ်စပ်ဒေသစီမံကိန်းများအတွက် စံလမ်းညွှန်ချက်(SOP)များရေးဆွဲနေကြောင်း ပြောသည်။
ဦးဇော်ဌေးက “ရွှေကုက္ကိုက နည်းနည်းလေးရှုပ်တယ်၊ နည်းနည်းလေးလည်း ထိလွယ်ရှလွယ်ဖြစ်တယ်။ တဖက်ကလည်း ဥပဒေပိုင်းဆိုင်ရာရှိတယ်၊ တဖက်ကလည်း ငြိမ်းချမ်းရေးပိုင်းဆိုင်ရာတွေရှိတယ်။ တဖက်ကလည်း ဒေသဖွံ့ ဖြိုးရေးကိစ္စရှိ သလို တဖက်မှာ ဘာရှိလဲဆိုတော့ ဒေသမှာ တည်ငြိမ်အေးချမ်းရေးပေါ့။ ဘာသွားရှုပ်နေလဲဆိုတော့ အုပ်ချုပ်ရေးပိုင်းအရ ဆောင်ရွက်ရမယ့်ကိစ္စရှိသလို တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်ရမယ့် ကိစ္စ တွေရှိတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
You may also like these stories:
ရွှေကုက္ကိုလ်မှာ တရုတ်တွေ လောင်းကစား ဆက်လုပ်နေ
အငြင်းပွားဖွယ် တရုတ်မြို့သစ်နဲ့ ရွှေကုက္ကိုလ်ဒေသကို အစိုးရ ထိန်းချုပ်တော့မလား
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ