သတင်း

NLD ကိုယ်စားလှယ်အဖွဲ့နှင့် ကယန်းအမျိုးသားပါတီ တွေ့ဆုံဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကယန်း အမျိုးသား ပါတီ (KNP) မှ တာဝန်ရှိသူများ ယနေ့ နေ့လယ် ၃ နာရီခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ NLD ရုံး၌ ပြုလုပ်ခဲ့ပြီး တွေ့ဆုံချိန် ၁ နာရီခန့် ကြာမြင့်ကြောင်း၊ KNP ဘက် မှ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားအရေးကိစ္စများကို အဓိက ပြောဆိုတင်ပြခဲ့ကြောင်း ကယန်းအမျိုးသားပါ တီမှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းပြည်နယ် ကယန်း တိုင်းရင်းသားရေးရာ ဝန်ကြီး ခွန်းတင်နုက ပြောသည်။

ခွန်းတင်နုက “အဓိကက NLD နဲ့ တောက်လျှောက် ကျနော်တို့ တိုင်းရင်းသားပါတီနဲ့ မဟာမိတ် ဖြစ်တယ်။ အခု သူတို့ လက်ရှိသွားနေတဲ့ ညီညွတ်သော အစိုးရဖြစ်ဖို့ဆိုတာ အခုမှ အဲဒါတွေ မဟုတ်ဘူး။ နဂိုကတည်းက ဒီဟာတွေ ရှိပါတယ်ဆိုတာကို ပြန်ပြီးတော့မှ အမှတ်ရစေဖို့ သွားပြီးတင်ပြတဲ့ အနေအထားပါပဲ” ဟု ဆိုသည်။

ကယန်း အမျိုးသားပါတီသည်၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မဲဆန္ဒ နယ် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကယန်း တိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့ သည်။

ယခု တွေ့ဆုံပွဲနှင့် ပတ်သက်၍ အများကြီး မျှော်လင့်ချက် မထားသော်လည်း NLD သည် အစိုးရဖွဲ့မည့် ပါတီဖြစ်ရာ ၎င်းတို့ သိပြီးသားရော၊ မသိသေးသည့် အချက်များပါ တင်ပြခွင့်ရလိုက်ခြင်းကြောင့် စိတ်ကျေနပ်မှုရှိကြောင်း၊ တင်ပြချက်များ မည်မျှထိ အောင်မြင်မှုရှိမည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ခွန်းတင်နုက ပြောသည်။

ခွန်းတင်နုက “ဘယ်လိုပဲဖြစ်ဖြစ်ပါ နိုင်ငံနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် စဉ်းစားတဲ့အခါ ဒီလိုတွေ့ဆုံ ဆွေးနွေးတာ ကောင်းတယ်လို့ ယူဆ ပါတယ်။ ကျနော်တို့ ကိုယ်၌ကလည်း ဒီရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ ၅ နှစ်တာ တာဝန်ထမ်းဆောင်မှာ ဖြစ်တဲ့အတွက် သူတို့နဲ့ ကြိုတင်ပြီးတော့မှ နွေးထွေးမှုရတယ်။ အခုလို တင်ပြခွင့်ရတဲ့အတွက် လာမယ့် ၅ နှစ် အတွင်းမှာလည်း ဒါတွေကို ပိုပြီး အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောဆိုသည်။

NLD က အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းနိုင်ရေးအတွက် တိုင်းရင်းသားပါတီများကို ပြည်နယ်များ၌ လိုက်လံတွေ့ဆုံ လျက်ရှိရာ ကချင်၊ မွန်၊ ကယားခရီးစဉ်အပြီး ရှမ်းပြည်နယ်ခရီးစဉ်တွင် ဇန်နဝါရီ ၁၃ ရက်က ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပလောင်(တအန်း)အမျိုးသားပါတီ(TNP)တို့နှင့် တွေ့ဆုံခဲ့ပြီး ယနေ့ ကယန်းအမျိုးသားပါတီနှင့် တွေ့ဆုံခြင်း ဖြစ် သည်။

ထို့နောက် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီတွင် NLD ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်များနှင့် တောင်ကြီးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

NLD နှင့် KySDP ပါတီ တွေ့ဆုံရန် နေရာညှိမရဘဲဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading