သတင်း

ဘိုင်ဒင်ကျမ်းသစ္စာ မကျိန်ဆိုမီ ဝါရှင်တန်မှ ထရမ့် ထွက်ခွာလို ဟုဆို

Want create site? Find Free WordPress Themes and plugins.

သမ္မတဟောင်းအဖြစ် အိမ်ဖြူတော်မှ မထွက်လိုသောကြောင့်နှင့် သမ္မတ၏လေယာဉ် Air Force One ကို ငှားမစီးလိုသောကြောင့် သမ္မတသစ်အဖြစ် ရွေးကောက်ခံရသူ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာမဆိုမီ ဝါရှင်တန်ဒီစီမှ ထရမ့်ထွက်ခွာလိုကြောင်း CNN သတင်းဌာနက သောကြာနေ့တွင် ဖေါ်ပြလိုက်သည်။

ဘိုင်ဒင်သည် လာမည့် ဗုဒ္ဓဟူးနေ့တွင် လုံခြုံရေး မြင့်မားစွာချထားသော အမေရိကန်ကာပီတိုလွှတ်တော်လှေခါးတွင် ကျမ်းသစ္စာကျိန်ဆိုရန် စီစဉ်ထားသည်။ ထရမ့်ကို ထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ခိုက်မှုကြောင့် ကျမ်းသစ္စာကျိန်ဆိုပွဲကို လုံခြုံရေး တင်းကျပ်စွာ ချထားရသည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲသို့ သူ တက်ရောက်မည် မဟုတ်ကြောင်း ထရမ့်က ဇန်နဝါရီလ ၈ ရက်နေ့တွင်ပြောကြားခဲ့သောကြောင့် သူသည် ၁၈၆၉ ခုနှစ်နောက်ပိုင်း သမ္မတရာထူးဆက်ခံသူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မတက်ရောက်သည့် ပထမဆုံး သမ္မတ ဖြစ်လာမည်ဖြစ်သည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲသို့ သူ တက်ရောက်မည် မဟုတ်ကြောင်း ထရမ့်က ဇန်နဝါရီလ ၈ ရက်နေ့တွင်ပြောကြားခဲ့သောကြောင့် သူသည် ၁၈၆၉ ခုနှစ်နောက်ပိုင်း သမ္မတရာထူးဆက်ခံသူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မတက်ရောက်သည့် ပထမဆုံး သမ္မတ ဖြစ်လာမည်ဖြစ်သည်။

ထိုအခမ်းအနားကို မတက်ဘဲ ထရမ့်သည့် နေ့လည်ပိုင်းတွင်ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အိမ်ဖြူတော်မှ ထွက်ခွာရန် စီစဉ်ထားသည်။ သူ၏ အဖွဲ့သည် သူ့ကို နှုတ်ဆက်မည့်သူ အများအပြားကို စုစည်းထားသည်ဟု CNN ကဆိုသည်။

သမ္မတ၏ ထွက်ခွာရေး အစီအစဉ်နှင့်ပတ်သက်သော မေးမြန်းမှုကို အိမ်ဖြူတော်က လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးပေ။

CNN ၏ အဆိုအရ ထရမ့်သည် သမ္မတအနေဖြင့် နောက်ဆုံးအကြိမ် အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်မှ သမ္မတ၏ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။ သူသည် စစ်အခမ်းအနားပုံစံဖြင့် ထွက်ခွာရန်မျှော်လင့်နေကြောင်း ထရမ့်နှင့် ထိုအစီအစဉ်များကို ပြောဆိုခဲ့သည့် အမည်မဖေါ်လိုသော သတင်းရင်းမြစ်ကို ကိုးကားပြီး အဆိုပါ သတင်းဌာနက ဆိုသည်။

ရာထူးမှ စွန့်ခွာရသော သမ္မတများသည် ရာထူးဆက်ခံသူနှင့် တွေ့ဆုံ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ပြီး အစိုးရသစ်သို့ အာဏာလွှဲပြောင်းခြင်းကို ပြီးဆုံးအောင် လုပ်ဆောင်ရသည်မှာ အစဉ်အလာဖြစ်သည်။

ရာထူးမှ စွန့်ခွာရသော သမ္မတများသည် ရာထူးဆက်ခံသူနှင့် တွေ့ဆုံ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ပြီး အစိုးရသစ်သို့ အာဏာလွှဲပြောင်းခြင်းကို ပြီးဆုံးအောင် လုပ်ဆောင်ရသည်မှာ အစဉ်အလာဖြစ်သည်။

ထို အခမ်းအနားအပြီးတွင် ရာထူးစွန့်ခွာရတော့မည့် သမ္မတသည် Marine One ကဲ့သို့သော သမ္မတ၏ ရဟတ်ယာဉ်ဖြင့် ကာပီတိုလွှတ်တော်အဆောက်အအုံမှ မာရီလန်းရှိ အင်ဒရူးပူးတွဲ စစ်စခန်းသို့ သွားရောက်ရသည်။ ထိုနေရာသို့ရောက်သောအခါ အစိုးရ၏ ဂျက်လေယာဉ်ဖြင့် အငြိမ်းစားသမ္မတ၏ သာမန်အရပ်သားဘဝကို စတင်ရန် ရွေးချယ်ထားသော နေရာသို့ ဆက်လက်သွားရောက်ရသည်မှာ အစဉ်အလာဖြစ်သည်။

ဥပမာအားဖြင့်ဆိုပါက အိုဘားမားသည် ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး နေ့ခင်းပိုင်းတွင် ကယ်လီဖိုးနီးယားရှိ ပမ်းလ် စပရင်းသို့ သွားရောက်သည်။ သို့သော် သူ၏လေယာဉ်မှာ ရာသီဥတုဆိုးရွားမှုနှင့် ရင်ဆိုင်ရသောကြောင့် ရေးဗားဆိုက် လေတပ်စခန်းသို့ လမ်းကြောင်းပြောင်းလိုက်ရသည်ဟု CNN က ထိုစဉ်က သတင်းဖေါ်ပြခဲ့သည်။

ထရမ့်သည် မည်သည့်နေရာသို့ သွားမည်ကို တရားဝင်အတည်ပြုခြင်း မရှိပေ။ သူသည် သူပိုင်ဆိုင်သည့် ဂေါက်ကွင်းတခုရှိသော စကော့တလန်သို့သွားမည်ဟု ကောလာဟလ သတင်းများ တခါက ထွက်ခဲ့သော်လည်း စကော့တလန်သို့ ထရမ့် လာခြင်းသည် တင်းကျပ်သော ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များကို ချိုးဖေါက်ခြင်း ဖြစ်သောကြောင့် သူ့ကိုကြိုဆိုမည် မဟုတ်ကြောင်း စကော့တလန် အစိုးရက ပြောကြားထားပြီးဖြစ်သည်။

ထရမ့်သည် ဖလော်ရီဒါရှိ သူ၏ မာအာလာဂို အပမ်းဖြေစခန်းသို့ သွားရောက်လိမ့်မည်ဟု Bloomberg သတင်းဌာနက ကြာသပတေးနေ့တွင်ပြောသည်။

ထရမ့်သည် ဖလော်ရီဒါရှိ သူ၏ မာအာလာဂို အပမ်းဖြေစခန်းသို့ သွားရောက်လိမ့်မည်ဟု Bloomberg သတင်းဌာနက ကြာသပတေးနေ့တွင်ပြောသည်။

CNN၏ အဆိုအရ ထရမ့်အနေဖြင့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်သင့်ကြောင်း သူ၏မဟာမိတ်များက အကြံပေးကြသော်လည်း ဘိုင်ဒင်ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း ထရမ့်က ပြောကြားထားသည်။ သူသည် သမ္မတဟောင်းအဖြစ် ဝါရှင်တန်ဒီစီမှ မထွက်ခွာလိုသောကြောင့် ထိုသို့လုပ်ခြင်းဖြစ်ကြောင်း CNN ကဆိုသည်။

ဘိုင်ဒင်ထံမှ သမ္မတ၏လေယာဉ် (Air Force One) ကို ငှားစီးရန်လည်း သူမလိုလားကြောင်း ထိုကိစ္စကို သိသူတဦးကို ကိုးကားပြီး CNN ကဖေါ်ပြသည်။

ထရမ့်သည် ဗုဒ္ဓဟူးနေ့တွင် ဝါရှင်တန်ဒီစီနှင့် သမ္မတရာထူးကို ကျောခိုင်းမည်ဖြစ်သော်လည်း သမ္မတများ သွားလေရာသို့ သယ်ဆောင်သွားရသည့် ညူကလီးယားလက်နက် ထိန်းချုပ်သေတ္တာ – nuclear football မှာ ဘိုင်ဒင်ကျမ်းသစ္စာကျိန်ဆိုချိန်အထိ သူနှင့်အတူ ပါသွားမည်ဖြစ်သည်။

ထို့ကြောင့် အိမ်ဖြူတော် စစ်ရုံးသည် ညူကလီးယားလက်နက်များ ထိန်းချုပ်သော နောက်ထပ် သေတ္တာတခုကို ဘိုင်ဒင်အသုံးပြုရန် ဝါရှင်တန်တွင်ထားရှိမည်ဖြစ်သည်။ အာဏာ လွှဲပြောင်းမှုပြီးဆုံးသည်နှင့် ထရမ့်၏ ညူကလီးယားလက်နက်များထိန်းချုပ်ရေးသေတ္တာမှ လှို့ဝှက် သင်္ကေတအမှတ်အသားများကို ပယ်ဖျက်လိုက်မည်ဖြစ်သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲ ရှုံးနိမ့်ချိန်မှ စတင်ပြီး ထရမ့်သည် မဲရလဒ်များအား ပယ်ဖျက်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်သော်လည်း အောင်မြင်ခြင်း မရှိပေ။

နိုဝင်ဘာလ ရွေးကောက်ပွဲ ရှုံးနိမ့်ချိန်မှ စတင်ပြီး ထရမ့်သည် မဲရလဒ်များအား ပယ်ဖျက်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်သော်လည်း အောင်မြင်ခြင်း မရှိပေ။

ကာပီတိုလွှတ်တော် အဓိကရုဏ်းတွင် သူပါဝင်ပတ်သက်သည့် အခန်းကဏ္ဍအတွက် ပုန်ကန်ရန်လှုံ့ဆော်မှုဖြင့် အောက်လွှတ်တော်က ထရမ့်ကို စွဲချက်တင်ခဲ့ပြီးနောက် သူ၏ရာထူးသက်တမ်းနောက်ဆုံးနေ့များတွင် ထရမ့်သည် သူချန်ထားခဲ့သည့် အမွေအနှစ်များနှင့် နောက်ဆက်တွဲပြဿနာများအတွက် စိတ်ပူပန်နေသည်ဟု ဆိုသည်။

သမ္မတအဖြစ် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိတော့သောအခါ သူရင်ဆိုင်ရနိုင်သည့် ဥပဒေဆိုင်ရာ ပြဿနာများအတွက်လည်း ထရမ့်ပူပန်နေသည်ဟု သတင်းအများအပြားကဆိုသည်။

နယူးယောက်နှင့် ဝါရှင်တန်ဒီစီမှ ရှေ့နေများသည် ထရမ့်နှင့် သူ၏ အဖွဲ့အစည်းကို စုံစမ်းစစ်ဆေးနေသည်။

နယူးယောက်ရှေ့နေချုပ် လက်တီတီရာ ဂျိမ်းက ထရမ့်အဖွဲအစည်း၏ ဘာဏ္ဍာရေး ကိစ္စများကို စုံစမ်းစစ်ဆေးမှုလုပ်နေပြီး မန်ဟက်တိုင်ခရိုင်ရှေ့နေ ဆိုင်းရပ်စ် ဗန့်စ် ဂျူနီယာက ဘဏ်နှင့်အာမခံ လိမ်လည်မှု သံသယအတွက် ထရမ့်နှင့် ထရမ့်အဖွဲ့အစည်းကို စုံစမ်းစစ်ဆေးနေသည်။

You may also like these stories:

အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ

သမ္မတ ကျမ်းကျိန်ပွဲမတိုင်မီ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်နိုင်ဟု FBI သတိပေး

ထရမ့်ကို ထပ်မံစွဲချက်တင်ခြင်းနှင့် ရှေ့အလားအလာ

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

Did you find apk for android? You can find new Free Android Games and apps.
Loading