ဆိုးရွားလှသော ကမ္ဘာ့ကပ်ရောဂါနှင့် ပြည်တွင်းအကြမ်းဖက်မှုများအကြား ယမန်နေ့ ဗုဒ္ဓဟူးနေ့မွန်းတည့်ခါနီးတွင် ဂျိုးဘိုင်ဒင်သည် အမေရိကန်ပြည်ထောင်စု၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းပြည်ကို ညီညွတ်အောင်လုပ်ဆောင်ရန် ကတိပြုကာ အမေရိကန် နိုင်ငံသားများအနေဖြင့် နိုင်ငံကိုသွေးကွဲစေသည့် မယဉ်ကျေးသော စစ်ပွဲကို အဆုံးသတ်ရန်တိုက်တွန်းလိုက်သည်။
အမေရိကန် ကာပီတိုလွှတ်တော်တွင် အစဉ်အလာအတိုင်းကျင်းပသော်လည်း အမေရိကန်သမိုင်းတွင် မည်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့်မျှမတူသော အခမ်းအနားသို့ လူခွဲ တက်ရောက်သူအနည်းငယ်ရှေ့၌ ဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင်လူ ၄ သိန်းကျော် သေဆုံးစေသည့် ကိုဗစ်-၁၉ ခြိမ်းခြောက်မှုကြောင့် ဝါရှင်တန်ဒီစီကို လော့ဒေါင်းပိတ်စို့ထားရပြီး ကာပီတိုလွှတ်တော်တွင် လူသေဆုံးမှုများဖြစ်စေသည့် အဓိကရုဏ်းအပြီး နှစ်ပတ်မျှသာ ကြာသေးသောကြောင့် နောက်ထပ် တိုက်ခိုက်မှုဖြစ်မည်ကိုလည်း စိုးရိမ်နေခဲ့ရသည်။
စိတ်ထက်သန်စွာပြောကြားသည့် သူ၏မိန့်ခွန်းတွင် ဘိုင်ဒင်က ညီညွတ်ရေးသည် တခုတည်းသောရှေ့ဆက်ရမည့်လမ်းဖြစ်သောကြောင့် အရေးကြီးကြောင်းပြောသည်။
စိတ်ထက်သန်စွာပြောကြားသည့် သူ၏မိန့်ခွန်းတွင် ဘိုင်ဒင်က ညီညွတ်ရေးသည် တခုတည်းသောရှေ့ဆက်ရမည့်လမ်းဖြစ်သောကြောင့် အရေးကြီးကြောင်းပြောသည်။
“ဒီလိုအချိန်မှာ ညီညွတ်ရေးအကြောင်းပြောရတာ ရူးသွပ်တဲ့ စိတ်ကူးယဉ်မှုနဲ့ တူနေမယ်ဆိုတာ ကျနော်သိတယ်။ ကျနော်တို့ကို သွေးကွဲစေတဲ့ အင်အားစုတွေဟာ နက်ရှိုင်းပြီး အမှန်တကယ်ရှိနေတယ်ဆိုတာ ကျနော်သိတယ်။ ကျနော်တို့ရဲ့သမိုင်းဟာ ကျနော်တို့အားလုံးကို တန်းတူညီမျှ ဖန်တီးထားတယ်ဆိုတဲ့ အမေရိကန် စံနှုန်းနဲ့ ကြမ်းတမ်းအကျည်းတန်တဲ့ လူမျိုးရေးခွဲခြားမှု၊ ဒေသစွဲဝါဒ၊ အကြောက်တရား၊ မကောင်းဆိုးရွားဖြစ်လာမှုတို့တွေကြားမှာ အမြဲရှိနေတဲ့တိုက်ပွဲပဲဖြစ်တယ်”
“အခုအချိန်ဟာ ကျနော်တို့အတွက် အကျပ်အတည်းနဲ့စိန်ခေါ်မှုရဲ့ သမိုင်းဝင်ကာလဖြစ်ပြီး ညီညွတ်ရေးဟာ ရှေ့ဆက်ရမယ့် တခုတည်းသောလမ်းဖြစ်တယ်” ဟု သူပြောသည်။
ကပ်ရောဂါ၊ နောက်ဆက်တွဲ စီးပွားရေးပြိုကွဲခြင်း၊ လူမျိုးရေး တရားမျှတမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ကိုင်တွယ်ရန် အလျှင်အမြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ကတိပြုသည်။
ဇန်နဝါရီလ ၆ ရက်နေ့က ကာပီတိုလွှတ်တော်ကို စီးနင်းသည့် လူအုပ်စုအား သူ ရှုတ်ချပြီး သူသည် သူ့ကို မဲမပေးသူများအပါအဝင် အမေရိကန်နိုင်ငံသားအားလုံးအတွက် သမ္မတဖြစ်ရမည်ဟု ကတိပြုသည်။
“ညီညွတ်မှုနဲ့ဆိုရင် ကျနော်တို့ဟာ ကြီးကျယ်ခမ်းနား အရေးပါတဲ့ အရာတွေကို လုပ်နိုင်တယ်။ အမှားတွေကို ပြင်နိုင်တယ်။ လူတွေကို ကောင်းမွန်တဲ့အလုပ်တွေ လုပ်နိုင်စေမယ်။ ကျနော်တို့ကလေးတွေကို ဘေးကင်းလုံခြုံတဲ့ကျောင်းတွေမှာ ပညာသင်ကြားပေးနိုင်တယ်။ သေမင်းဗိုင်းရပ်စ်ကို ကျော်လွှားနိုင်တယ်။ လူမျိုးရေးတရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ပြီး အမေရိကကို ကမ္ဘာ့ကောင်းကျိုးအတွက် ဦးဆောင်တဲ့ အင်အားဖြစ်အောင် ပြန်လုပ်နိုင်တယ်” ဟုသူပြောသည်။
Quote – ဘိုင်ဒင်က ဒေါ်နယ်ထရမ့်၏ အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မပြုသော်လည်း သူ၏ ၂၁ မိနစ်ကြာ မိန့်ခွန်းသည် သမ္မတဟောင်းထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့သည်။
သူ၏မိန့်ခွန်းအစပိုင်းတွင် ဒီမိုကရေစီ၏ ထိခိုက်လွယ်မှုကို သုံးသပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို သဘောထားကွဲလွဲသည့် ထရမ့်၏ အားထုတ်မှုက နိုင်ငံကို တစစီပြိုကွဲလုနီးပါးဖြစ်စေသည်ကို သွယ်ဝိုက်ပြောကြားသောအခါ ဘိုင်ဒင်၏ ထရမ့်အပေါ်ဝေဖန်ချေပမှုမှာ လွန်စွာထင်ရှားနေခဲ့သည်။
“ဒီနေ့ကျနော်တို့ဟာ သမ္မတလောင်းတယောက်ရဲ့အောင်ပွဲကို ကျင်းပနေတာ မဟုတ်ဘူ။ ဒီမိုကရေစီရေးအောင်ပွဲကို ကျင်းပနေတာဖြစ်တယ်။ ဒီမိုကရေစီက တန်ဖိုးကြီးမားတယ်ဆိုတာကို ကျနော်တို့ လေ့လာသိရှိကြပြီ။ ဒီမိုကရေစီဟာ ထိခိုက်လွယ်တယ်။ ပြီးတော့ အခုအချိန်မှာ ဒီမိုကရေစီက အောင်ပွဲခံလိုက်တယ် မိတ်ဆွေတို့” ဟု သူဆက်ပြောသည်။
အချက်အလက်များကို မသမာသောနည်းဖြင့် လိုရာဆွဲ အသုံးပြုသည့်၊ လုပ်ကြံဖန်တီးသည့် ယဉ်ကျေးမှုကို ရှုတ်ချရန်လည်း နိုင်ငံကို သူတောင်းဆိုသည်။ ထိုသို့တောင်းဆိုခြင်းသည် သမ္မတဟောင်းထရမ့်က သူ၏နိုင်ငံရေးအကျိုးစီးပွားနှင့် ပုဂ္ဂလိကကိစ္စများကို ရှေ့တန်းတင်ကာ မကြာခဏလိမ်ညာခြင်းနှင့် လမ်းလွဲစေသော သတင်းမှားများကို အားကိုးခြင်းတို့အား သွယ်ဝိုက်ဝေဖန်လိုက်ခြင်းဖြစ်သည်။
အစဉ်အလာအတိုင်း အမေရိကန်ပြည်ထောင်စု တရားသူကြီးချုပ် ဂျွန်ရောဘတ်က မွန်းတည့် ၁၂ နာရီမထိုးမီတွင် ဘိုင်ဒင်ကို ကျမ်းသစ္စာတိုင်ပေးသည်။ ဂျွန်အက်ဖ် ကနေဒီပြီးလျှင် ဒုတိယမြောက်ကက်သလစ် သမ္မတဖြစ်သည့် ဘိုင်ဒင်က သူ၏ဇနီး ဂျေးလ် ဘိုင်ဒင် ကိုင်ထားပေးသည့် သက်တမ်း ၁၂၇ နှစ်ရှိပြီး ၅ လက်မထူသော မိသားစု သမ္မာကျမ်းစာအုပ်တွင် လက်ကိုတင်ကာ ကျမ်းသစ္စာကျိန်ဆိုသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဘိုင်ဒင်သည် သမ္မတရာထူးလက်ခံသူများတွင် အသက်အကြီးဆုံးဖြစ်သည်။
ဘိုင်ဒင်ကျမ်းသစ္စာမကျိန်ဆိုမီ အချိန်အနည်းငယ်က ခါမလာ ဟဲရစ်သည် ပထမဆုံး အမျိုးသမီး၊ ပထမဆုံး လူမည်းအမေရိကန်နှင့် ပထမဆုံး တောင်အာရှနွယ်ဖွား ဒုတိယသမ္မတအဖြစ် ပထမဆုံး လက်တင်အမေရိကနွယ်ဖွား တရားရုံးချုပ် တရားသူကြီး ဆိုနီယာ ဆိုတိုမေယာ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဘိုင်ဒင်သည် သမ္မတရာထူးလက်ခံသူများတွင် အသက်အကြီးဆုံးဖြစ်သည်။
ထရမ့်ကိုထောက်ခံသူ အကြမ်းဖက်လူအုပ်က ကာပီတိုလွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး နှစ်ပတ်အကြာတွင် ကျမ်းသစ္စာကျိန်ဆိုရသောကြောင့် သူ၏ရာထူးလက်ခံမိန့်ခွန်းအတွက် ပေးဆပ်ရသော တန်ဖိုးသည် ယခုထက် ပိုမိုမြင့်မားနိုင်မည် မဟုတ်တော့ပေ။
သူ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းသည် အိမ်ဖြူတော်နှင့် လွှတ်တော်နှစ်ရပ်လုံးကို ဒီမိုကရက်တို့ ချုပ်ကိုင်မှုကို ခိုင်မာစေခဲ့သည်။ သို့သော် ထိုအချက်ကြောင့် ဘိုင်ဒင်၏ လုပ်ငန်းဆောင်တာများ လွယ်ကူစေမည့် အလားအလာ မရှိပေ။ ဒီမိုကရက်တို့သည် အောက်လွှတ်တော်တွင် အနည်းငယ်မျှသာ အသာစီးရပြီး ကိုယ်စားလှယ်နေရာ ၅၀-၅၀ အညီအမျှရထားသော အထက်လွှတ်တော်တွင်လည်း ဟဲရစ်က ဒုတိယသမ္မတအနေဖြင့် အဆုံးအဖြတ် မဲပေးခွင့်ရှိသောကြောင့်သာ ထိန်းချုပ်နိုင်ခြင်းဖြစ်နေသည်။
အကျဉ်းချုံးကျင်းပသည့် ထိုအခမ်းအနားသို့ တက်ရောက်သူများမှာ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရုံးချုပ်အဖွဲ့ဝင်များ၊ သမ္မတဟောင်းများဖြစ်သော ဘားရက်အိုဘားမား၊ ဂျော့ ဒဗယူ ဘုရှ်၊ ဘေလ်ကလင်တန်တို့နှင့် ဇနီးများနှင့် ဒုတိယသမ္မတ မိုက်ပန့်စ် တို့သာဖြစ်သည်။
ထရမ့်နှင့် သူ၏ဇနီး မယ်လန်နီယာတို့သည် မာရီလန်းပြည်နယ် အင်ဒရူးပူးတွဲ စစ်စခန်းမှ လူအနည်းငယ်ရှေ့တွင် နှုတ်ဆက် အခမ်းအနား တက်ရောက်ပြီး ထိုပွဲတွင် ထရမ့်က “အကြာကြီး နှုတ်ဆက်ခွဲခွာနေရမယ်လို့ မမျှော်လင့်ဘူး” ဟုပြောသည်။
တက်ရောက်ခြင်းမရှိသူများတွင် ထရမ့်ပါဝင်သောကြောင့် နှစ်ပေါင်း ၁၅၀ ကျော်အတွင်း ရာထူးဆက်ခံသူ သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မတက်ရောက်သော ပထမဆုံး သမ္မတဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့ နံနက်က အိမ်ဖြူတော်မှ ထွက်ခွာသောအခါ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရခြင်းသည် ဘဝအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားပြီး “ကျနော်တို့တွေ အောင်မြင်မှု အများကြီးရတယ်” ဟုလည်း ဆက်ပြောသည်။
ထရမ့်နှင့် သူ၏ဇနီး မယ်လန်နီယာတို့သည် မာရီလန်းပြည်နယ် အင်ဒရူးပူးတွဲ စစ်စခန်းမှ လူအနည်းငယ်ရှေ့တွင် နှုတ်ဆက် အခမ်းအနား တက်ရောက်ပြီး ထိုပွဲတွင် ထရမ့်က “အကြာကြီး နှုတ်ဆက်ခွဲခွာနေရမယ်လို့ မမျှော်လင့်ဘူး” ဟုပြောသည်။
“ကျနော်တို့ တနည်းနည်းနဲ့ ပြန်လာခဲ့မယ်။ ကျနော်တို့ဟာ သမားရိုးကျ အစိုးရမျိုးမဟုတ်ဘူး” ဟု ဖလော်ရီဒါမှ ပမ်းလ်ဘိချ်ရှိ သူ၏ စံအိမ်တော်သို့ ထွက်ခွာရန် သမ္မတ၏လေယာဉ်ပေါ်သို့ နောက်ဆုံးအကြိမ်မတက်မီ သူပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကို သူ့ထံမှ ခိုးယူသွားကြောင်း လအတန်ကြာမျှ လိမ်ညာပြောဆိုခဲ့သော ထရမ့်သည် သူ၏အစိုးရကို ဆက်ခံသူများအား ဆုမွန်ကောင်းတောင်း ပေးခဲ့သော်လည်း ဘိုင်ဒင်နှင့်ဟဲရစ်ကို မည်သည့်အခါကမျှ သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိပေ။
အိမ်ဖြူတော်မှ မထွက်ခွာမီ ထရမ့်က အစဉ်အလာအတိုင်း ဘိုင်ဒင်အတွက် စာတစောင်ချန်ထားခဲ့သည်။ စာတွင်ပါသော အကြောင်းအရာများကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းသို့ရောက်သောအခါ ထိုစာသည် လွန်စွာ ရက်ရောသော စာဖြစ်ကြောင်း ဘိုင်ဒင်က သတင်းထောက်များကို ပြောသည်။ သို့သော် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ဘိုင်ဒင် ငြင်းဆန်သည်။
လေးနှစ်တကြိမ် ကျင်းပသည့် ထိုအခမ်းအနားကို ကြည်ရှုရန် ပုံမှန်အားဖြင့် ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်သော Nation Mall ပန်းခြံတွင်မူ နေအိမ်များမှ အခမ်းအနားကိုကြည့်ရှုသူများကို ကိုယ်စားပြုသည့် အလံများကို ထူထားသည်။
ကပ်ရောဂါကြောင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လူ ၁၀၀၀ ခန့်သာ တက်ရောက်သည်ဟု ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပရေး ကွန်ဂရက်ပူးတွဲကော်မတီက ပြောသည်။ ပုံမှန်အခြေအနေတွင် ထိုကော်မတီက ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်များအတွက် လက်မှတ် ၂ သိန်း စီစဉ်ပေးရသော အခမ်းအနားဖြစ်သည်။
ကာပီတိုလွှတ်တော်ကို တိုက်ခိုက်မှုကြောင့် ထပ်မံချထားသော လုံခြုံရေး အစီအမံများတွင် အခမ်းအနားအတွက် သီးသန့်ခေါ်ယူထားသော အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ပါဝင်ပြီး ကာပီတိုလွှတ်တော်အနီးတွင် ခြံစည်းရိုးများ ထပ်မံကာထားရသည်။ ထို့အပြင် အိမ်ဖြူတော်နှင့် လမ်းအများအပြားကိုလည်း လုံး၀ ပိတ်ထားရသည်။
လေးနှစ်တကြိမ် ကျင်းပသည့် ထိုအခမ်းအနားကို ကြည်ရှုရန် ပုံမှန်အားဖြင့် ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်သော Nation Mall ပန်းခြံတွင်မူ နေအိမ်များမှ အခမ်းအနားကိုကြည့်ရှုသူများကို ကိုယ်စားပြုသည့် အလံများကို ထူထားသည်။
ကိုဗစ်-၁၉ ကြောင့် ယခုနှစ်ကျင်းပသည့် အခမ်းအနားသို့ အများပြည်သူကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ ထုံးစံအားဖြင့် ရွေးကောက်ခံအရာရှိများနှင့် ၎င်းတို့၏ ဧည့်သည်များအတွက် သီးခြားထားသည့် ကာပီတိုလွှတ်တော်အဆောက်အအုံရှေ့ မြက်ခင်းပြင်ကို ယခုနှစ်တွင် လူအနည်းငယ်အတွက်သာ ကန့်သတ်ခွင့်ပြုပေးထားသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အိမ်ဖြူတော်သို့ပို့ဆောင်ပေးမည့် အစောင့်တပ်ဖွဲ့ကို လက်မခံမီ ဘိုင်ဒင်နှင့်ဟဲရစ်တို့သည် အာလင်တန်မှ အညတြ စစ်သည်များ ဂူဗိမ္မာန်တွင် ပန်းခွေချအလေးပြုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အိမ်ဖြူတော်သို့ရောက်သောအခါ ဘိုင်ဒင်သည့် ထရမ့်ရာထူးသက်တမ်းအတွင်းက ခြေရာလက်ရာများကို ပယ်ဖျက်ရန် ရည်ရွယ်သော အုပ်ချုပ်ရေးအမိန့်များကို ချက်ခြင်းလက်မှတ်ရေးထိုးသည်။
“ဒီနေ့လို အချိန်မျိုးရှိမှာမဟုတ်ဘူး။ အမေရိကန်ပြည်သူတွေကို ကျနော်ပေးထားတဲ့ ကတိကို စောင့်ထိန်းပြီးတော့ ကျနော်တို့ လုပ်ငန်းစတင်မှာဖြစ်ပါတယ်” ဟု ဘဲဥပုံရုံးခန်းမှ သတင်းထောက်များအား ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ညတွင်ပြောသည်။
ထိုအမိန့်များတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်တွင် ပြန်လည်ပါဝင်ရေး၊ မူဆလင်အများစု နိုင်ငံများမှ လာရောက်ခြင်းကို ပိတ်ပင်သည့် ထရမ့်၏ ကန့်သတ်ချက်ကို ပယ်ဖျက်ရေး၊ တောင်ပိုင်းနယ်စပ်တံတိုင်းတည်ဆောက်မှု ရပ်တန့်ရေးနှင့် ပြည်ထောင်စုအစိုးရအဆောက်အအုံများတွင် နှာခေါင်းစည်းမဝတ်မနေရ သတ်မှတ်ရေး တို့ပါဝင်မည်ဟု ဆိုသည်။
အကြီးအကျယ် ပြုပြင်ပြောင်းလဲထားသည့် လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကိုလည်း သမ္မတရာထူး ပထမဆုံးနေ့တွင် ဘိုင်ဒင် အဆိုပြုသည်။ ထိုဥပဒေကြမ်းမှာ တာဝန်စတင်ထမ်းဆောင်သည်နှင့် တပြိုင်နက်လုပ်ဆောင်မည်ဟု သူ၏ အစိုးရက ဆုံးဖြတ်ထားသော ရည်မှန်းချက်ကြီးမားသည့် ဥပဒေ လုပ်ငန်းတာဝန်ဖြစ်သည်။
ကိုးကား။ ။ CNBC, CNN
နိုင်ငံ့အကျပ်အတည်းက ဘိုင်ဒင်အတွက် ဖိအားကြီးမားနေ
အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်
ဒေါ်နယ်ထရမ့်၊ ရီပတ်ဘလီကန် အနာဂတ်နှင့် ပါတီတွင်း အကွဲအပြဲ