• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်ထောက်ခံပွဲ သတင်းယူသည့် ဧရာဝတီအမျိုးသမီး သတင်းထောက် တိုက်ခိုက်ခံရ

by ထွန်းထွန်း
30 January 2021
in သတင်း
A A
ဧရာဝတီ အမျိုးသမီး ရုပ်သံ သတင်းထောက်အား တိုက်ခိုက် ခြိမ်းခြောက်ခဲ့သူအား ဆန္ဒပြသူများနှင့် အတူတွေ့ရစဉ်  / ဝေနှင်းထွဋ် / ဧရာဝတီ

ဧရာဝတီ အမျိုးသမီး ရုပ်သံ သတင်းထောက်အား တိုက်ခိုက် ခြိမ်းခြောက်ခဲ့သူအား ဆန္ဒပြသူများနှင့် အတူတွေ့ရစဉ် / ဝေနှင်းထွဋ် / ဧရာဝတီ

164.7k
VIEWS
Share on FacebookShare on Twitter

ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်၊ ကြေးသွန်းဘုရားရှေ့တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲသို့ သတင်းသွားယူသည့် ဧရာဝတီသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ကို ဆန္ဒပြသူများထဲမှ အမျိုးသား တဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

ဆန္ဒပြပွဲကို လာရောက်နားထောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်္ကျီဝတ်ဆင်ထားသူ တဦးအား ဆန္ဒပြသူအချို့က ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်ဖြစ်စဉ်ကို ရုပ်သံသတင်း ရိုက်ကူးနေစဉ် ဆန္ဒပြသူများထဲမှ အမျိုးသားတဦးက ဆံပင်ကို ဆောင့်ဆွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ ရုပ်သံ သတင်းထောက် မဝေနှင်းထွဋ် က ပြန်ရှင်းပြသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
140
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
361
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
72

မဝေနှင်းထွဋ်က “ရှေ့ကိုကင်မရာရိုက်ဖို့အပြေးမှာ ဘေးလူအုပ်ထဲက ထွက်လာပြီး ဆံပင်ကိုဆောင့်ဆွဲတာ။ ဆွဲတဲ့အချိန် လူကဇက်လန်ပြီး တုန့်ကနဲရပ်သွားတာ ဆံပင်အများကြီးကို ဆွဲတာဆိုတော့သူ့လက်ထဲ ဆံပင်တွေပါသွားတယ်။ အရှေ့က ဆိုက်ကားသမားကို သူတို့လူက ရိုက်နေတော့ အဲဒါရိုက်ဖို့ သွားတာကို မိအောင်လှမ်းတားတဲ့သဘောပဲ” ဟု ပြန်ရှင်းပြသည်။

ယင်းသို့ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ အမျိုးသားက မဝေနှင်းထွဋ်အား “မြင်မြင်သမျှ လိုက်ရိုက်မနေနဲ့၊ နင်တို့သိပ်လူပါးမဝနဲ့” ဟူ၍လည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။

တပ်မတော် ထောက်ခံသူ အချို့မှ ပြည်သူအချို့အပေါ် ရန်မူတိုက်ခိုက်မှုများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

NLD အင်္ကျီဝတ်ထား၍ ဝိုင်းဝန်းထိုးကြိတ်ခံရသူ အမျိုးသားမှာ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်တွင်ပင် အနှေးယာဉ် (ဆိုက်ကား) နင်းနေသူတဦးဖြစ်ပြီး ထိုးကြိမ်ခံရစဉ်အတွင်း ၎င်း၏ အင်္ကျီအား ဆွဲချွတ်ခံခဲ့ရသည့်အပြင် တယ်လီ ဖုန်းထည့်ထားသည့် အိတ်မှာလည်း ပျောက်ဆုံးသွားကြောင်း မီဒီယာများအား ပြောပြခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရသူတွင် ဦးခေါင်းအနောက် ဖူးယောင်/ပေါက်ပြဲဒဏ်ရာနှင့် မျက်နှာဖူးယောင်ဒဏ်အချို့ ရရှိခဲ့ သည်ကိုတွေ့ရသည်။

ယင်းအပြင် အခြား အမျိုးသားတဦးမှာလည်း ဆန္ဒပြပွဲအနီးအနားတွင် ရှိနေခိုက် ဆန္ဒပြသူအချို့၏ အုပ်စုဖြင့် တိုက်ခိုက်မှု ကြောင့် လူထုရှိရာဘက်သို့ ထွက်ပြေးစဉ် နောက်မှ လူ ၅ ဦးခန့်က အော်ဟစ်ကာ လိုက်လံတိုက်ခိုက် ပုံများကိုလည်း တိုက်ရိုက်ထုတ်လွှင့်နေသည့် သတင်းဌာနများတွင် တွေ့ရသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်ကိုလည်း တွေ့ရပြီး လတ် တလောတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသလျှက်ရှိကြောင်း ညီမတော်စပ်သူ မသီတာခိုင် က ဧရာဝတီသို့ပြောသည်။

မသီတာခိုင်က “လောလောဆယ်တော့ အခြေအနေက ကောင်းပါတယ်၊ အခု အရေးပေါ်မှာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

တပ်မတော် ထောက်ခံသူ အချို့မှ ပြည်သူအချို့အပေါ် ရန်မူတိုက်ခိုက်မှုများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

တပ်မတော်ထောက်ခံသူများက ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲတွင်သာမကဘဲ ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင်လည်း ရုန့် ရင်းကြမ်းတမ်းသည့် ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြသလို ခြိမ်းခြောက်အော်ဟစ်မှုများလည်း ရှိခဲ့သည်။ ယနေ့ပွဲတွင် ရန်မူတိုက်ခိုက်သည့် အဆင့်ကိုပါ ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။

တပ်မတော် ထောက်ခံသူများက ထိုကဲ့သို့ လုပ်ဆောင်မှု မြင်ကွင်းများကို တင်ဆက်ခဲ့ကြသည့် သတင်းမီဒီယာများကိုလည်း “ရိုက်ပွဲကျင်းပမည်”၊ “DVB၊ Myanmar Now သတင်းထောက်တွေကို တွေ့တဲ့နေရာမှာ ရှင်းပြစ်ကြ” ဟု ဆိုကာ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြိမ်းဝါး ရေးသားထားသည်များကိုတွေ့လာရသည်။

လက်ရှိတွင် ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုအပေါ်အခြေခံကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများနှင့် တပ်မတော် ထောက်ခံဝန်းရံသူဟု ဆိုသူများက လမ်းပေါ်ထွက်ကာ ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာတွင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများလည်း တွေ့လာရခြင်းဖြစ်သည်။

တပ်မတော် ထောက်ခံသူ အချို့မှ ပြည်သူအချို့အပေါ် ရန်မူတိုက်ခိုက်မှုများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံရှေ့တွင် ပြုသည့် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့နှင့် အချေအတင်ဖြစ်ကာ ခဲများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြသေးသည်။

လတ်တလော တပ်မတော်ထောက်ခံကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အား ကန့်ကွက် ကြောင်း ဆန္ဒထုတ်ဖော်မှုများသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြင့် တတိယအကြိမ်လွှတ် တော် အစည်းအဝေးများ စတင်ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ ရန်လိုသည့် အပြုအမှုများ တွေ့လာရကြောင်း ဝေဖန်မှုများရှိနေပြီး ပြည်သူများအနေဖြင့် လမ်းပေါ်ထွက်ကာ တုံ့ပြန်ခြင်း၊ ထောက်ခံခြင်းများမပြုကြရန် NLD ပါ တီတာဝန်ရှိသူများက တိုက်တွန်းထားသည်။

You may also like these stories:

အာဏာသိမ်းမယ် သတင်းထွက်နေတဲ့ တပ်မတော်က ဥပဒေနဲ့အညီသာ ဆောင်ရွက်မည်ဟု ထုတ်ပြန်

Your Thoughts …
Tags: ဆန္ဒပြတပ်မတော်ထောက်ခံပွဲအကြမ်းဖက်တိုက်ခိုက်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.6k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.4k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

by ဧရာဝတီ
15 May 2025
2k

နာမည်ကျော် Adidas ဖိနပ်များထုတ်လုပ်ပေးနေသည့် စက်ရုံကြီးတခုဖြစ်ကာ တရက်လျှင် လုပ်အားခ ၅၂၀၀ ကျပ်သာရရှိ၍ ၁၂၀၀၀ ကျပ်အထိတိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

လားရှို့မြို့ကနေ မဆုတ်ခွာဖို့ MNDAAကို မြို့ခံတွေ ဆန္ဒပြ (ရုပ်/သံ)

by ဧရာဝတီ
21 March 2025
1.2k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တော် လားရှိုးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ မြို့ကနေ ပြန်လည် မထွက်ခွာဖို့ မြို့ခံတွေက မတ်လ ၂၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
692

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

Next Post
အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း

နာမည်ကျော် အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း ချက်ရအောင်

ကမ္ဘာမှာ သွားလာမှု အများဆုံးဖြစ်တဲ့ လန်ဒန်-ဒူဘိုင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပိတ်လိုက်တာပါ။

ဗြိတိန်က ဒူဘိုင်းနဲ့ တိုက်ရိုက် လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

7 days ago
6k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate