သတင်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိမ်းသိမ်းထားသူများ ကို ယနေ့ချက်ချင်း ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ အိမ်ဖြူတော်က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတနှင့် NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို တပ်မတော်က ယနေ့မနက် အစောပိုင်းတွင် ဖမ်းဆီးလိုက်ပြီးနောက် အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန် အစိုးရ အနေနှင့် မြန်မာ့ဒီမိုကရေစီအင်စတီကျူးရှင်းများကို ထောက်ခံသွားမည် ဖြစ်ပြီး ဒေသတွင်း မဟာမိတ်များနဲ့ ပူးပေါင်းသွားမည် ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေးပါတီများအနေနှင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာကြရန်လည်း အိမ်ဖြူတော်က တိုက်တွန်းလိုက်သည်။

ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သည်ဟုလည်း ရေးသားထားသည်။

လက်ရှိအခြေအနေကို နီးကပ်စွာစောင့်ကြည့် နေပြီး မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ကြောင်း အိမ်ဖြူတော်က ကြေညာလိုက်သည်။

Loading