ယာယီ နိုင်ငံတော် ယာယီ သမ္မတ ဦးမြင့်ဆွေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော် အာဏာသုံးရပ်ကို လွှဲအပ်ပြီးသည့်နောက် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် အစိုး ရ အဖွဲ့ဝင်အားလုံး၊ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော် အပါအဝင် ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ် တော် ကိုယ်စားလှယ် အားလုံးကို ယနေ့ နံနက်အစောပိုင်းက တပ်မတော် တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရ သည်။
“မနက် ၄ နာရီခွဲက စစ်သား ဆယ်ယောက်လောက်က လာခေါ်သွားတယ်။ အေးအေးဆေးဆေးပဲ လိုက်ခဲ့ပါတဲ့။ ရိပ်သာမှာ ထားမှာပါဆိုပြီး ပြောပြီးခေါ်သွားတာ”ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၏ မိသားစုဝင် တဦးက ဧရာဝတီကို ပြော သည်။
လက်ရှိတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ ဝန်ကြီးများ အိမ်ရာနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များနှင့် မြို့၏ အရေးကြီးနေရာများ အားလုံးကို စစ်သား အစောင့်များ ချထားသည်ကို တွေ့ရသည်။
လက်ရှိ ခေါင်းဆောင်များ ဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်တချို့ကို၊ NLD ဝန်းရံသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာကာ၊ ယာယီ သမ္မတအဖြစ် ဦးမြင့်ဆွေက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို