တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြခံဥပဒေကို ဆန့်ကျင်ဆောင် ရွက်ခြင်း ဖြစ်သည့်အပြင် အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်သည့် နိုင်ငံသားများ၏ အချုပ်အခြာ အာဏာအား မျက်ကွယ် ပြုခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ယင်းပြင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန် ကြီးစွာ အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်နှင့် တပ် မတော်၏ သမိုင်းကိုလည်း ညစ်နွမ်းစေသည့် ဆောင်ရွက်မှု ဖြစ်ကြောင်းလည်း NLD က ပြောထားသည်။
လက်ရှိ အခြေအနေနှင့် ပတ်သက်၍လည်း နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ များအား အမြန်ဆုံး ပြန်လွှတ်ပေးရေး၊၂၀၂၀ ရွေးကောက်ပွဲ အတည်ပြု ရလဒ်အား အသိအမှတ်ပြုရေး၊ အခြေခံဥပဒေနှင့် အညီ လွှတ်တော်ခေါ်ယူရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ပြည်သူတို့၏ နှလုံးစိတ်ဝမ်းအေးချမ်းရေးတို့ အပါအဝင် ဒီမို ကရေစီယဉ်ကျေးမှု ထွန်းကားရေး တို့အတွက် အလေးအနက်ပြု တောင်းဆိုကြောင်းလည်း NLD က ကြေညာထားသည်။
You may also like these stories:
နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော
ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်
အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော
တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်အပေါ် RCSS ဆန့်ကျင်
အရပ်သားခေါင်းဆောင်များကို ချက်ချင်းလွှတ်ရန် ဩစတြေးလျနှင့် အမေရိကန် တိုက်တွန်း