• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ လွှတ်ပေးရန် KNU တိုက်တွန်း

by ကျော်ခ
2 February 2021
in သတင်း
A A
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) / ဧရာဝတီ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) / ဧရာဝတီ

21.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့် အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် အထူးစိုးရိမ်မိပြီး နိုင်ငံ့အနာဂတ်အတွက် လွန်မင်းစွာ ပူပန်မှုဖြစ်ရကြောင်း ယနေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအဖွဲ့ဝင်များကို အာဏာသိမ်း တပ်မတော်က ဖမ်းဆီးထိမ်းသိမ်းခြင်း အပေါ် ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
93
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
878
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
19

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေရာတွင် ယခုအခါ “တပ်မတော်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုစတင်သည့် အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် အလေးအနက်တောင်းဆိုပါသည်” ဟု တိုက်တွန်းထားသည်။

KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနက် စစ်ရေး၊ နိုင်ငံရေး သြဇာ ကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။

KNU က ၎င်းတို့အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

Video Conferencing ဖြင့် ပြုလုပ်နေသည့် PPST အစည်းအဝေး (ဓာတ်ပုံ – NCA-EAOs)

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်မှ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ကြီးမားစွာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်း ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ ရှေ့အနာဂတ်အရေးကို ဆိုးဝါးစွာထိခိုက်စေမည်ဖြစ်ပါသည်” ဟု ထောက်ပြထားသည်။

တချိန်တည်းမှာဘဲ NCA လက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ယနေ့မနက်ပိုင်းတွင်ပင် အထူးအစည်းအဝေး တရပ်ကို Video Conferencing ဖြင့် ကျင်းပပြုလုပ်လျှက်ရှိသည်။

အဆိုပါ အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က “အခုအချိန်ဟာ နိုင်ငံရေး၊ စစ်ရေး အတွက် အရေးကြီးလှတဲ့ အချိုး အကွေ့၊ အလှည့်အပြောင်း ဖြစ်လို့ လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ရာမှာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အထူးသတိထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု အထူးအစည်း အဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

ယနေ့ အထူးအစည်းအဝေးတွင် ရွေးကောက်ခံ အစိုးရထံမှ တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်သည့် နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းနှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို အလေးထား ဆွေးနွေးသုံးသပ်ပြီး အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ၏ သဘောထားရပ်တည်ချက်များကို ချမှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

အာဏာသိမ်းလျှင် ငြိမ်းချမ်းရေးပျက်ပြီး လက်နက်ကိုင် ပဋိပက္ခ ပိုဆိုးမည်ဟု KNU သတိပေး

Your Thoughts …
Tags: KNUတပ်မတော်အဏာသိမ်း
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဆူဇူကီး ကားထုတ်လုပ်ရေး စက်ရုံ / အောင်သီဟထွန်း / ဧရာဝတီ

အမေရိကန် Pizza Hut နှင့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးတို့ လုပ်ငန်း ယာယီရပ်ဆိုင်း

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဘဏ်တချို့တွင် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဥ် / ထက်ဝေ / ဧရာဝတ်ီ

ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate