နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်(၁/၂၀၂၁)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ကြေညာချက် (၁/၂၀၂၁)ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီဘက်တော်သား များအဖြစ် USDP အပါအဝင် ၂၃ ပါတီက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။
နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခြင်း၊ နိုင်ငံတော်၏ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးအပ်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ ကြေညာချက်အမှတ် (၁/၂၀၂၁) ပါ လုပ်ငန်းစဉ်များသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင် သန်ခိုင်မာရေးတို့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်မှုများအဖြစ် ရှင်းလင်းစွာ ရှုမြင်သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းနိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ရခိုင်ပြည် နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက် ရေးပါတီ၊ ပြည်သူ့အလုပ်သမား ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ လူထုပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ် သမားပြည်သူ့ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ် သစ်ပြည်ထောင်စုပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေး ပါတီ၊ ပြည်သူ့အင်အားပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစုပါတီ တို့ ဖြစ် သည်။
သို့သော် နိုင်ငံရေးပါတီ ၂၃ ပါတီအနက် USDP ပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီများသည် ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ် တနေရာမျှ အနိုင်မရရှိခဲ့သည့် ပါတီများ ဖြစ်သည်။
ထို့ပြင် ပါတီအများစုသည် ရွေးကောက်ပွဲ မကျင်းမီ အချိန်ကာလ၌ အထွေထွေရွေးကောက်ပွဲ တရားမျှတမှု မရှိသည့် အခြေ အနေများ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် ဖြေရှင်းပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ ဆုံ တောင်းဆိုခဲ့သည့် နိုင်ငံရေးပါတီ ၃၄ ပါတီတွင် ပါဝင်ခဲ့သည်။
You may also like these stories:
အာဏာသိမ်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လုပ်မည်ဟု အပစ်ရပ် ၁၀ ဖွဲ့ကြေညာ
ကျန်းမာရေးဝန်ထမ်း ထောင်နှင့်ချီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်