• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ

by ဧရာဝတီ
8 February 2021
in သတင်း
A A
မွန်ညီညွတ်ရေးပါတီ (MUP) ဆိုင်းပုတ်တင်ပွဲ အခမ်းအနားတခု/NMG

မွန်ညီညွတ်ရေးပါတီ (MUP) ဆိုင်းပုတ်တင်ပွဲ အခမ်းအနားတခု/NMG

13.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းထားသော တပ်မတော်နှင့် ပူးပေါင်းလိုက်သည့် နိုင်ငံရေးပါတီများမှာ ပြည်သူလူထု၏ ဝေဖန်မှုများ ခံနေရလျက်ရှိသည်။

တပ်မတော်က အုပ်ချုပ်ရေး ယန္တရားခိုင်မာစေရန် အကောင်အထည်ဖော်နေသော နိုင်ငံတော် စီမံအုပ်ချုပ်ချုပ်ရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြရန် နိုင်ငံရေးပါတီများကို ကမ်းလှမ်းနေပြီး လက်ခံလိုက်သည့် နိုင်ငံရေးပါတီများသည် ပြည်သူလူထု၏ အမျက်ဒေါသကို ရင်ဆိုင်နေရသည်။

တပ်မတော်၏ အမြင့်ဆုံးအုပ်ချုပ်ရေး ယန္တရားဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုကို မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ခံလိုက်သည်။

ပြည်ထောင်စုအဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် MUP ဗဟိုကော်မတီ ဝင် ဒေါက်တာ ဗညားအောင်မိုးကို ရွေးချယ်ထားကြောင်း MUP ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က ဧရာဝတီသို့ ပြော သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

“ဖက်ဒရယ်ပြည်ထောင်စုအတွက် ထိပ်တိုက် ရင်ဆိုင်ရေးလမ်းလည်း ဖြတ်သန်းခဲ့ဖူးတယ်။ တိုင်းရင်းသား ပြည်သူ၊ ရဟန်း ရှင်လူတွေ သွေးမြေကျခဲ့တယ်၊ အသက်ပေးခဲ့ရတယ်။ သို့သော် ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးရလဒ်က မရခဲ့ဘူး။ အဲဒါ ကြောင့် ရှေ့ဆက်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ရောက်ဖို့ဆိုတာ သွေးချောင်းစီးစေမယ့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကြောင်းကို ကျနော်တို့ မရွေးချယ်လိုဘူး” ဟု ၎င်းက ပြောဆိုသည်။

ပဲခူးမြို့တွင် နေထိုင်သည့် မွန်တိုင်းရင်းသားလူငယ်တဦးကမူ အာဏာသိမ်း စစ်တပ်နှင့်ပူးပေါင်းလိုက်သည့် MUP ၏ ဆုံး ဖြတ်ချက်ကို စိတ်ပျက်ရကြောင်း ဧရာဝတီသို့ ရင်ဖွင့်သည်။

“ဒီအချိန်ကျမှ စစ်တပ်နဲ့ ပေါင်းတာတော့မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အရင်က တော်လှန်ခဲ့တဲ့ လူတွေအားလုံး ကြိုးစားခဲ့သမျှဟာ သဲထဲရေသွန်ဖြစ်သွားတော့မှာ အမှန်တော့ စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ သူတို့ပါတီ အနှိပ်ကွပ်ခံရမှာစိုးလို့ ပေါင်းလိုက်တာလို့ပဲ ထင်တယ်” ဟု မှတ်ချက်ပေးသည်။

MUP ကဲ့သို့ပင် တပ်မတော်နှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၊ နိုင်ငံရေးသမားများမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်၊ တချိန်က စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ဖူးသည့် ကရင်တော်လှန်ရေးသမားဟောင်း ပဒိုမန်းငြိမ်းမောင်၊ ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါ်အေးနုစိန်၊ အမျိုးသားဒီမိုကရေစီအင်အားစုများ (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့ ဖြစ်သည်။

၎င်းတို့ အနက် အချို့မှာ ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုသာမက ၎င်းတို့ ဆွေမျိုးရင်းချာများ၏ နာကျည်းမှုကိုပါ ရင်ဆိုင် နေရသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ကချင်အမျိုးသား ကွန်ဂရက်ပါတီတို့ကမူ တပ်မတော် ဘက်က ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆန်ကြသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက “၃ ရက်နေ့က နိုင်ငံတော် သမ္မတရုံးက ဖိတ်ခေါ်တယ်။ ၄ ရက်ကျတော့ ပြည်နယ်အစိုးရ အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်တယ်။ ကျနော်ကတော့ မလုပ်ပါဘူး။ ရှင်းပါတယ်။ နိုင်ငံရေးလုပ် တာသည် Elected Person သို့မဟုတ် ရွေးကောက်ခံ အဖွဲ့ အစည်းအပေါ်မှာပဲ ကျနော်တို့က ရပ်တည်ရမှာ။ Appointed Position တို့ Seated position တို့က ဒီမိုကရေ စီနည်းအရ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေးအရ လက်မခံပါဘူး” ဟု ၎င်းက ပြောပြသည်။

၎င်းအနေဖြင့် ပြည်ထောင်စုအဆင့် နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီတွင် အဖွဲ့ဝင်အဖြစ်နှင့် ပြည်နယ်ဝန်ကြီး တနေရာစာ ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

You may also like these stories:

တပ်မတော် အာဏာသိမ်းမှုအပေါ် ရခိုင် CSO ကွန်ရက် ကန့်ကွက်

အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည်

Your Thoughts …
Tags: MUPတပ်မတော်နိုင်ငံရေးပါတီအာဏာသိမ်း အစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

by ဧရာဝတီ
19 December 2024
6.3k

မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံး စစ်ကောင်စီဘက်က ရပ်တည်ပြီး တတ်နိုင်သမျှ ထောက်ခံမှုပေးရမည်ဟု ဘူးလက်လှဆွေက ရေးသည်။

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
ဒီတိုက်ပွဲကို အပြတ်တိုက်ရမှာပဲ (ရုပ်/သံ)

ဒီတိုက်ပွဲကို အပြတ်တိုက်ရမှာပဲ (ရုပ်/သံ)

---

ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved