• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း

by ဧရာဝတီ
8 February 2021
in သတင်း
A A
---

---

12.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပူးပေါင်း ပါဝင်နေခြင်းအပေါ် ပြန်လည် သုံးသပ်ပြီး လက်ခံခြင်း မပြုရန် ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၇ ခုက တိုက်တွန်း တောင်းဆိုလိုက်သည်။

ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၊ Legal Clinic Myanmar ၊ Thazin Legal Institute ၊ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ရောင်ခြည်သစ်၊ ရခိုင် အမျိုးသမီးကွန်ရက်၊ ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့ (သံတွဲ )၊ ခမီအင်အားစုဖောင်ဒေးရှင်း၊ မြေပုံလူငယ်အဖွဲ့၊ မရမာကြီး လူငယ်များ ကွန်ရက်၊ သက်လူငယ်များ ကွန်ရက်၊ မင်းပြား လူငယ်များ အစည်းအရုံး၊ မြိုလူငယ်များ ဖ့ွံဖြိုးတိုးတက်ရေး အဖွဲ့အစည်း အစရှိသည့် ၄၇ ဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
492

REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့ ရခိုင့်လူ့အဖွဲ့အစည်းဆိုတာ တရားမဝင် အာဏာသိမ်းတဲ့ လူတစု၊ အဖွဲ့အစည်းတခုအောက်မှာ နေသင့်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ စစ်အစိုးရဆိုတာက သမိုင်းတလျှောက်လုံးမှာ ပြည်သူ တွေကို ဖိနှိပ်ခဲ့တာတွေ၊ ကတိပျက်ခဲ့တာတွေ အများကြီးပဲ။ တကမ္ဘာလုံးနဲ့ တနိုင်ငံလုံးက တရားမဝင် အကြမ်းဖက်အာဏာ သိမ်းတဲ့ စစ်အစိုးရအပေါ် ကန့်ကွက် ရှုတ်ချနေတဲ့အချိန်မှာသူတို့နဲ့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုတာကို ပြန်လည် သုံးသပ် ပါ ဆိုတဲ့ သဘောမျိုးနဲ့ တိုက်တွန်းရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင့်လူမှုအဖွဲ့အစည်း တရပ်လုံးသည် ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် ဒေသခံဌာနေ တိုင်းရင်းသားများ၏ မူလရပိုင်ခွင့် အခွင့် အရေးအပေါ် အပြည့်အဝ ရပ်တည်သင့်သည်ဟု ရှုမြင်လျက် ရခိုင်လူထုကို အခြေခံသည့် မည်သည့် ရခိုင်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ပြည့်သူ့ဆန္ဒသဘော မပါရှိသော၊ နိုင်ငံရေးအရ တရားဝင်မှု မရှိသော မည်သည့် စီမံအုပ်ချုပ်မှု တွင်မှ ပူးပေါင်းပါဝင်ခြင်း၊ အားပေးထောက်ခံခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ထို့ပြင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့်လူ့အခွင့်ရေး စံချိန်စံညွန်းများကို တန်ဖိုးထားလေးစား လိုက်နာ သော အဖွဲ့အစည်းများဖြစ်သည်နှင့်အညီ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းမှာ ဒီမိုကရေစီ နောက်ပြန်ဆွဲ ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန် ရေးသားထားသည်။

ယင်းပြင် လူ့အခွင့်ရေးများကို လျစ်လျူရှု ချိုးဖောက်ခြင်းနှင့် ဒေသခံဌာနေလူမျိုးများ၏ အခွင့်အရေးများကို အသိအမှတ် မပြုဘဲ အနိုင်ကျင့် ဖိနှိပ်ခြင်း စသည့် ဖြစ်စဉ်များကို လုပ်ဆောင်သော မည်သည့် အဖွဲ့မဆို ကန့်ကွက်ရှုတ်ချကြောင်းလည်း ရခိုင်အရပ်ဘက်အဖွဲ့ ၄၇ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် ANP ပါတီမှ ခေါင်ဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်ကို ဖေဖော် ဝါရီလ ၃ ရက်ညနေပိုင်းက ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ANP ခေါင်းဆောင်တဦး တပ်မတော်အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ခြင်းအပေါ် ရခိုင်လူထုကြားတွင် ဝေဖန်မှု မြင့် တက်နေသလို ရခိုင်အမျိုးသားပါတီမှ လူငယ်တချို့မှာလည်း ထိုသို့ ပူးပေါင်းပါဝင်ခြင်းအပေါ် လက်မခံနိုင်သည့်အတွက် ပါတီမှ နုတ်ထွက်စာ တင်ထားကြကြောင်းလည်း သိရသည်။

တပ်မတော်မှ အာဏာသိမ်းသည့် နေ့ကလည်း ANP ပါတီမှ အမတ်လောင်းတဦးနှင့် ရက္ခိုင်စစ်တပ် (AA) ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က လည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အထိမ်းအမှတ်နေ့တွင် ပါဝင်အောင်ပွဲခံကြရန် လှုံ့ဆော်ခဲ့သေးသည်။

You may also like these stories:

တပ်မတော် အာဏာသိမ်းမှုအပေါ် ရခိုင် CSO ကွန်ရက် ကန့်ကွက်

နိုင်ငံရေး ထောင်ချောက်ထဲ မဝင်ရန် NLD ထောက်ခံသူများပြော

အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ

Your Thoughts …
Tags: ANPနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရခိုင်အရပ်ဘက်အဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး / အောင်ကျော်ထက် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

by မောင်မောင်စိုး
11 June 2020
66.8k

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ မောင်နှမကို ၂၀၁၉ စက်တင်ဘာလအတွင်း မြင်ရစဉ် / ဇော်ဇော် 

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

by မောင်မောင်စိုး
26 June 2020
27.5k

ရခိုင်စစ်ပွဲအပါ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေထွက်ပေလိမ့်မည်။

၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

by ပေါ်ထွန်း
8 January 2022
12.8k

ရခိုင်ပြည်နယ်တွင်း အများဆုံးနေထိုင်ကြသော လူမျိုးစုနှစ်စုအကြား ပြဿနာ ဖန်တီးပြီး သွေးခွဲမည်ကို AA ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေး အင်အားစုများက သတိကြီးစွာ စောင့်ကြည့် နေကြရသည်။

မောင်တော ဒေသတွင် တွေ့ရသည့် ဘဂါၤလီ လူငယ်များး / ထက်နိုင်ဇော် / ဧရာဝတီ

မောင်တောတွင် ဘင်္ဂါလီ ကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ANP တောင်းဆို

by ဧရာဝတီ
9 August 2017
35.3k

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဘဂါၤလီကင်းမဲ့ဇုန်များ သတ်မှတ်ပေးရန် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP)မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

AA ၏ လူအင်အား ၄၀၀၀ ခန့် ရခိုင်မြောက်ပိုင်းတွင် ဖြန့်ခွဲလှုပ်ရှားနေသည်ဟု ခန့်မှန်းသုံးသပ်ရပါသည် / အောင်ကျော်ထက်

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

by မောင်မောင်စိုး
12 June 2020
45.6k

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းသည်နှင့် လိုအပ်ချက်များ များပြားပေသည်။

Next Post
ဝန်ကြီးချုပ် ၃ ဦးဖြစ်သည့် ဒေါက်တာအေးဇံ၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဒေါက်တာ မြင့်နိုင်

အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း

ဝမ်ပေါင် ကုမ္ပဏီမှ မြန်မာဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာ  / Rock / Facebook

ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမားများ CDM လှုပ်ရှားမှုတွင် ပါဝင်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate