သတင်း

CDM လှုပ်ရှားမှု အရှိန်မြင့်လာ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement – CDM) သည် အာဏာသိမ်းပြီး ၉ ရက်မြောက်နေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် နိုင်ငံတဝန်းမှ ဆရာဝန်၊ သူနာပြု စသည့် ကျန်း မာရေး ဝန်ထမ်းများသာမက မြန်မာ့မီးရထား၊ မီးသတ်၊ ပညာရေး အပါအဝင် တခြားသော ဝန်ကြီးဌာနများမှ ဝန်ထမ်းများ ပါဝင်လာနေကြသည်။

ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများအား လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် ထမ်းဆောင်ရန် တိုက်တွန်းထားသကဲ့သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ဘဏ်များ ပုံမှန်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ပြည်သူလူထုက ဝိုင်းဝန်ကူညီရန် မေတ္တာရပ်ခံကြောင်း ထည့်သွင်းကြေညာထားသည်။

အဆိုပါ ကြော်ငြာသည် CDM လှုပ်ရှားမှုကို အသိအမှတ်ပြုခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အလုပ်မဆင်းရေး ဝန်ထမ်းသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်မှစ၍ ၂၁ ရက်ကြာ တိုက်ပွဲဝင်ရန် သတ်မှတ်ပြီး လိုအပ်ပါက တိုးမြှင့်ဆောင်ရွက်ပေးကြပါရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပန်ကြားထားသည်။

ယမန်နေ့က နိုင်ငံတဝန်း ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများသည် အားရစရာ ကောင်းသကဲ့သို့ ဝန်ထမ်းများ၏ အလုပ်မဆင်းရေး သပိတ်သည်လည်း ဂုဏ်ယူစရာ၊ အားတက်စရာ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲမျိုးစုံသည် တန်ဖိုးကိုယ်စီရှိပြီး အပြန်အလှန် အားပေးထောက်ကူမှု ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

တဖက်တွင်လည်း CDM တွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများ နေရေး၊ စားရေး အခက်အခဲ ဖြစ်လာပါက ကူညီစောင့်ရှောက်မှု ပေးနိုင်ရန်ဟု ဆိုကာ ၂/၂၀၂၁ ခိုင်မြဲသောလက်များ အဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအမည်ဖြင့် Facebook Page တခုလည်း ဖွင့်ထားသည်။

ယင်းအဖွဲ့တွင် ဦးဆောင်ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၊ လင်းလင်း (အဆိုတော်)၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ မနီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းများ အနေဖြင့် CDM လှုပ်ရှားမှုတွင် ပြည်သူများနှင့်အတူ ရပ်တည်၊ ယုံကြည်ပြီး ပူးပေါင်းပါဝင် ပေးရန် မေတ္တာရပ်ခံထားသကဲ့သို့ ၎င်းတို့ဘက်ကလည်း စားရေး၊ နေရေး အဆင်ပြေအောင် အကောင်းဆုံး ပြင်ဆင်ဆောင် ရွက်ပေးမည်ဟုလည်း ပြောဆိုထားသည်။

တပ်မတော်က အာဏာသိမ်းယူမှုကို ရဲဝံ့စွာ အာဏာဖီဆန်၍ ဆုံးဖြတ်ချက် ပြတ်သားသူ နိုင်ငံ့ဝန်ထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ ထို့ပြင် ပဲခူးတိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနအသီးသီးမှ အရာရှိ၊ အ ရာထမ်း ဝန်ထမ်းများ၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လက်အောက်ရှိ သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေး ကြောင်း သက်ဆိုင်ရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်များလည်း ထွက်ပေါ်လာသည်။

You may also like these stories:

အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား

အာဏာသိမ်းအပြီး ကိုဗစ်ထိန်းချုပ်ရေးစနစ် ယိုယွင်းလာနေ

ဝမ်ပေါင်ကုမ္ပဏီက မြန်မာအလုပ်သမားများ အာဏာသိမ်းအစိုးရကို ဆန္ဒပြ

Did you find apk for android? You can find new Free Android Games and apps.
Loading