သတင်း

CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများပါဝင်နေကြ၍ ပုဂ္ဂလိကဘဏ်တချို့ ပိတ်ထား

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် Civil Disobedience Movement တွင် အစိုးရဝန်ထမ်းများ ပါဝင်လာ ကြသည်ကို ထောက်ခံသည့်အနေဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ဝန်ထမ်းများပါ ပါဝင်လာ၍ ဘဏ်လုပ်ငန်းများ ယာယီပိတ်ထားလျက် ရှိသည်။

ဘဏ်ခွဲ အများအပြား ဖွင့်လှစ်ထားသည် ပြည်တွင်းပုဂ္ဂလိက ဘဏ်တချို့ဖြစ်သော ကမော္ဘဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါ ယမဘဏ် (CB) အပါအဝင် ပုဂ္ဂလိကဘဏ်အားလုံး၏ ဘဏ်ခွဲများသည် ဖေဖော်ဝါရီလ ၈ ရက်က စတင်ပြီး ရက်အကန့် အသတ်မရှိ ယာယီပိတ်ထားသည်။

ပြည်တွင်း ပုဂ္ဂလိဘဏ်များအပြင် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်သည်လည်း ဝန်ထမ်းများက CDM လှုပ်ရှားမှု စတင်နေသည့်အတွက် ၎င်းတို့၏ဘဏ်ခွဲ တော်တော်များများကို ပိတ်ထားလျက် ရှိသည်။

“ဒီလှုပ်ရှားမှု ပါဝင်တဲ့ ဝန်ထမ်းတွေကို ဘာမှ ကန့်ကွက်တာ မရှိပါဘူး။ သူတို့ သဘောဆန္ဒအတိုင်း ပါဝင်လှုပ်ရှားကြတာ ဖြစ်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်တခုက အကြီးတန်းအရာရှိတဦးက ဆိုသည်။

ဘဏ်ခွဲများကို ယာယီပိတ်ထားသော်လည်း ATM နှင့် မိုဘိုင်းလ် Banking ဝန်ဆောင်မှုများကို အင်တာနက်လိုင်းများ အဆင်ပြေနေသရွေ့ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဘဏ်များ ယာယီပိတ်ထားခြင်းကြောင့် ငွေလွှဲ/ငွေထုတ်သည့် လုပ်ငန်းများရပ်ဆိုင်းလျက်ပြီး အချိန်ကြာမြင့်လာသည့် ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ဆောင်နေရသော ပို့ကုန်သွင်း ကုန်လုပ်ငန်းများနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ အားလုံး အခက်အခဲ ရှိလာနိုင်ကြောင်း သိရသည်။

“အခုက ဘဏ်တွေက ပိတ်ထားတော့ ငွေက ဘယ်လိုမှ ထုတ်လို့မရဘူး။ ATM ရှိတွေမှာ လိုက်ထုတ်တော့လည်း တော် တော်များများက ငွေမရှိတော့ဘူး။ ဒီလိုကာလမှာ လက်ထဲ ငွေများများ မရှိတော့ စိုးရိမ်နေရပြီ” ဟု မြောက်ဒဂုံ မြို့နယ်နေ ကုမ္ပဏီဝန်ထမ်း မရတနာက ပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကို ရှေးရှုပြီး ဘဏ်များ ပုံမှန်လုပ်ကိုင် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။

You may also like these stories:

အာဏာသိမ်းပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးနှုန်းများ ကျဆင်း

အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading